Padamyar FM

  • Autor: Vários
  • Narrador: Vários
  • Editora: Podcast
  • Duração: 127:25:23
  • Mais informações

Informações:

Sinopse

Wherever you go PadamyarFM will be there with you...

Episódios

  • ဒီနေ့အတွက်စကား

    08/05/2020 Duração: 03min

    There will always be people in your life who treat you wrong. Be sure to thank them for making you strong. ဒီနေ့အတွက်စကား လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ပေါင်းသင်းဆက်ဆံရေးဆိုတာ တကယ့်ကိုအရေးပါတဲ့ အခန်း ကဏ္ဍတစ်ခုပါ။ တစ်ဦးတစ်ယောက်တည်း ရှင်သန်ရပ်တည်လို့မရတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်နဲ့ လုပ်ကိုင်နေထိုင်ကြတဲ့ လူသားတွေအတွက် ချစ်ခင်ရင်းနှီးမှုဆိုတာ တစ်ဦးပေါ်တစ်ဦး ထားရှိရမယ့် အပြန်အလှန်မေတ္တာတရားပါ။ ဒါပေမယ့် လောကမှာ လူအမျိုးမျိုးစိတ်အထွေထွေဖြစ်တဲ့အတွက် အသိုင်းအဝိုင်းတစ်ခုအတွင်းမှာ လူတိုင်းစေ့နဲ့ အဆင်ပြေဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ တစ်ချို့သောလူတွေကတော့ ကိုယ်တိုးတက်ကြီးပွားတာ အောင်မြင်တာကို သဘောကျတာရှိချင်ရှိမယ်။ ကိုယ့်ဘ၀ တိုးတက်သွားတာကို နှုတ်ဧ။်ဆောင်မခြင်း ကိုယ်ဧ။်ကြည့်ရှုခြင်းနဲ့ ပံ့ပိုးကူညီတာမျိုးရှိချင်ရှိမယ်။ ဒါပေမယ့် အဲဒါ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ ကိုယ်တိုးတက်ကြီးပွားမှာကို မနာလိုမယ့်သူ၊ ကိုယ်အောင်မြင်မှာကို မရှုစိမ့်တဲ့သူ၊ ကိုယ့်ကို ဒုက္ခမရောက်ရောက်အောင် ကြံစည်ကြိုးပမ်းတဲ့သူ၊ ကုန်ကုန်ပြောရရင် လမ်းသွားရင်တောင် အလစ်မှာ ခြေထိုးခံချင်တဲ့ အကောက်ကြံမယ့်သူတွေလည်း ဘဝတစ်ကွေ့မဟုတ်တစ်ကွေ့မှာ တွေ့ကြုံရမှ

  • ခေတ်လူငယ်

    07/05/2020 Duração: 15min

    ပရိတ်သတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . . . . . . . . . . . . .

  • ဒီနေ့အတွက်စကား

    07/05/2020 Duração: 03min

    ဒီနေ့အတွက်စကား Your words have the power to hurt, to heal, open minds, open hearts and change the world. Never forget the responsibility you have over the words you speak. ဒီနေ့အတွက်စကား လောကမှာ လူသားတိုင်းလူသားတိုင်း ဟိုးအမြင့်ဆုံး နိုင်ငံကို အုပ်ချုပ်နေတဲ့ ဘုရင်တို့ သမ္မတတို့လို လူတန်းစားကနေ အောက်ဆုံး အောက်ခြေလူတန်းစားအထိ နေ့စဉ်နဲ့အမျှ စကားတွေပြောနေကျရပါ တယ်။ ဒါပေမယ့် ကိုယ်နေ့စဉ်နေ့တိုင်းပြောလိုက်တဲ့ စကားတစ်ခွန်းစီရဲ့ အကျိုးသက်ရောက်မှုကို သတိထားဖို့လိုပါတယ်။ အုပ်ချုပ်သူလည်း အုပ်ချုပ်သူအလျောက် ပြောလိုက်တဲ့စကားက အရေးပါသလို၊ သာမာန်လူလည်း သာမာန်လူအလျောက် အရေးကြီးပါတယ်။ တစ်ချို့တွေကတော့ စကားတစ်ခွန်းကို ပြောလိုက်လို့ ဘာဖြစ်သွားနိုင်သလဲဆိုတာကို သေသေချာချာ မစဉ်းစားဘဲ လွတ်ခနဲပြောတတ်ဆိုတတ်ကြပါတယ်။ ဒါဟာ တကယ်တော့ သတိထားစရာပါ။ အဖွဲ့အစည်းကြီးကြီးမားမားက ရာထူးဂုဏ်သိမ်ကြီးမားတဲ့သူ ဆိုရင် ပိုပြီးအရေးကြီးပါတယ်။ ကိုယ်ပြောလိုက်တဲ့စကား ဘာဖြစ်သွားမလဲဆိုတာကို မစဉ်းစားဘဲနဲ့ စိတ်ထင်ရာ ပြောတတ်တဲ့သူတွေကို သတိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ သင့်ရဲ့စကားလုံးတိုင်းက နာကျင်စေတတ်သလို၊ သက်သာစေတတ်သလို၊ စိတ်တွေကိုပေါက်ကွဲစေတတ်သလို၊ ကမ

  • ဒီနေ့အတွက်စကား

    06/05/2020 Duração: 03min

    Don’t worry about what other people say behind your back, they are the people who are finding faults in your life instead of fixing the faults in their own lives. ဒီနေ့အတွက်စကား လောကရဲ့ အရေးကြီးဆုံးနဲ့ အရှုပ်ထွေးဆုံးအခက်အခဲဆုံးဖြစ်တဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာရှင်သန်ရပ် တည်ကြတဲ့လူသားတိုင်းလူသားတိုင်းဘဝတစ်ကွေ့ရဲ့အချိန်တိုင်းမှာမိတ်ဆွေအပေါင်းအသင်းတွေ့နဲ့တွေ့ဆုံကြရမှာဓမ္မတာပါပဲ။ အဲဒီတွေ့ဆုံနေရတဲ့လူသားတွေထဲမှာကိုယ့်အတွက် ကောင်းမွန်တဲ့စိတ်နေအရင်းခံနဲ့ ဆက်ဆံတဲ့မိတ်ဆွေကောင်းမိတ်ဆွေမွန် တွေလည်းရှိနေနိုင်သလိုကိုယ့်ကိုတိုက်ခိုက်မယ့်ကိုယ့်ကောင်းကျိုးဖြစ်ထွန်းသွားမှာကိုစိုးရိမ်နေမယ့် ရန်သူတွေလည်းရှိမယ်။ ကိုယ့်ရှေ့မှာတော့ ကိုယ့်ကောင်းကြောင်းသာကြောင်းမာကြောင်းကိုပြောနေပေမယ့် ကိုယ့်နောက်ကွယ်မှာကိုယ့်မကောင်းကြောင်းတွေ၊ ကိုယ့်အပြစ်တွေ၊ ကိုယ့်အမှားတွေကိုလိုက်ပြီးမျက်စိဒေါက်ထောက်ကြည့်လို့ အပြစ်ဖွဲ့ပြောဆို နေမယ့်သူတွေလည်းရှိနေမှာပါပဲ။ အဲဒီလိုလူမျိုးတွေရဲ့ ကိုယ့်နောက်ကွယ်ပြောဆိုမှုတွေကို ပြန်လည်ကြားသိရတဲ့အခါမျိုးတွေမှာ ကိုယ့်အနေနဲ့လည်းစိတ်အနှောင့်အယှက်တွေဖြစ် ဒေါသစိတ်တွေလည်းဖြစ်တတ်ကြပါတယ်။ ဒ

  • ဒီနေ့အတွက်စကား

    05/05/2020 Duração: 03min

    Do the best you can until you know better. Then, when you know better, do better. လူ့အခွင့်အရေးတက်ကြွစွာ လှုပ်ရှားသူအာဖရိကန်နဲ့အမေရိကန်ကပြား ကဗျာဆရာမ Maya Angelou ပြောကြားထားတဲ့ လုပ်ငန်းဆောင်တာတွေကိုဘယ်လိုမျိုး ကြိုးစားအားထုတ်သင့်လဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။ လောကမှာကံတရားဆိုတာအလုပ်ပါ။ အလုပ်ကိုအလုပ်လိုလုပ်တတ်ဖို့ဆိုတာအောင်မြင်ချင်တဲ့လူသားတိုင်းအတွက် တကယ့်ကိုမှအရေးကြီးပါတယ်။ အလုပ်လုပ်တဲ့နေရာမှာကိုယ့်ရဲ့ စွမ်းရည်ကို မြင့်တင်လုပ်ကိုင်မယ်ဆိုရင် တစ်နေ့ထက်တစ်နေ့ ကိုယ့်ရဲ့စွမ်းရည်တွေကလည်းပိုပိုပြီးတက်လာ မယ်။ အလုပ်တွေလည်းပိုပိုပြီးလုပ်နိုင်လာမှာပါ။ အဓိကကတော့ လူမှာလိုအပ်နေတာအကျင့်ပါပဲ။ အကျင့်ပါနေတဲ့အလုပ် တွေဆိုရင် လူတွေကသိပ်တောင်မှ အားမစိုက်ရပဲနဲ့ လုပ်ဆောင်နိုင်ကြ၊ လုပ်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် သေချာတွေး ကြည့်မယ် ဆိုရင် တကယ်တော့ အကျင့်ဆိုတာကိုယ်တိုင်မွေးမြူခြင်းပါပဲ။ ကိုယ်တိုင်ကြိုးစားမယ်ဆိုရင်ဘယ်အရာမဆိုရမှာ အသေအချာပါပဲ။ ဒီတော့ အကျင့်လုပ်ဖို့ပဲလိုပါတယ်။ အကျင့်ဖြစ်သွားပြီဆိုရင် လွယ်လင့်တကူပဲကျော်လွှားနိုင်မှာပါ။ဒီတော့ အလုပ်လုပ်တဲ့အခါ ဘယ်လိုမျိုးအကျင့်မျိုးကိုကျွန်တော်တို့ မွေးမြူရမလဲ။ ကိုယ့်အနေနဲ့ ပိုပြီး

  • Songs In Yangon

    04/05/2020 Duração: 25min

    ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။ သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In  Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။  ရန်ကုန်မြို့မှ ချစ်ပရိသတ်‌တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်........... Songs In  Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......  

  • ဒီနေ့အတွက်စကား

    04/05/2020 Duração: 03min

    There is not enough room in your mind for both worry and faith. Only you can decide which one will live there. ဆန့်ကျင်ဘက်စကားလုံးနှစ်လုံးရဲ့ အဓိပာယ်နဲ့အတူအကျိုးသက်ရောက်မှုတွေကိုတွေးကြည့်လိုက်တိုင်းထင်ရှားပေါ်လွင်စေမယ့် စကားတစ်ခွန်းဖြစ်ပါတယ်။ အဲဒီစကားလုံးနှစ်လုံးကတော့ Worry ဆိုတဲ့ စိုးရိမ်ပူပန်သောကဆိုတဲ့ စကားလုံးရယ်။ Faith ဆိုတဲ့ အကြွင်းမဲ့ယုံကြည်မှုဆိုတဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။ ဒီနှစ်လုံးကတော့ အဓိပာယ်အရဆိုရင် နှစ်ဦးနှစ်ဖက်ဆန့်ကျင်နေတဲ့ စကားလုံးတွေပါ။ အဲဒီ နှစ်ခုထဲကကိုယ့်အနေနဲ့ တစ်ခုမဟုတ်တစ်ခုကိုပဲ ကျွန်တော်တို့တွေရဲ့အတွေးထဲကို အဝင်ခံနိုင်ပါတယ်။ Worry ဆိုတဲ့ စိုးရိမ်ပူပန်သောက။ စိုးရိမ်မှု၊ ပူပန်သောကဆိုတာ တွေးနေ တဲ့သူအတွက် အပူမီးတွေကိုသာ ဖြစ်စေနိုင်ပါတယ်။ ဘာများဖြစ်သွားမလဲ။ တစ်ခုခုများလွဲချော်သွားလေမလား။ တစ်ခုခုများ ဖြစ်သွားမလား။ အောင်မှအောင်မြင်ပါ့မလားစတဲ့စတဲ့ စိုးရိမ်ပူပန်မှုတွေကအတွေးထဲကိုရောက်ပြီဆိုတာနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ထဲမှာအနှောင့်အယှက်တွေဖြစ်စေပြီးပူလောင်မှု ဝေဒနာကိုခံစားရစေနိုင်သလို လုပ်ဆောင်မှုတွေကိုနှောင့်နှေးစေနိုင်ပါ တယ်။ အစိုးရိမ်ကြီးတဲ့သူဆိုတာကိုယ်ရဲ့လုပ်ဆောင်မှု တွေကလည်းအောင်မြင်မှုတွေဆီ

  • ဒီနေ့အတွက်စကား

    03/05/2020 Duração: 03min

    Your hardest times often lead to the greatest moments of your life. Keep the faith. It will all be worth it in the end. ဘဝမှာ အခက်အခဲကြီးကြီးမားမားတွေကို ရင်ဆိုင်နေရလို့ စိတ်ပျက်အားငယ်နေ ကြတဲ့သူတွေအတွက် အားတက်စရာစကား တစ်ခွန်းပါ။ ဘဝဆိုတာ ဘယ်အရာမှ အလကားမရနိုင်ပါဘူး။ အားစိုက်ထုတ်မှု တစ်စုံတစ်ရာကိုတော့ ပေးဆပ်ရမှာပါ။ တစ်ချို့လူ တွေအတွက် တစ်ချို့အရာတွေက ကံတရားလို့ခေါ်တဲ့ လုပ်ရပ်တွေတိုက်ဆိုင်မှု ကြောင့် အလွယ်တကူရကောင်းရမှာပါ။ တစ်ချို့အတွက်တော့ ခက်ခက်ခဲခဲ ကြိုးပမ်းရတာမျိူးလည်းဖြစ်ချင်ဖြစ်မှာပါ။ အခက်အခဲ ကြီးကြီးမားမားနဲ့ ကြုံတွေ့ရပြီး ကျော် ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့်လည်း အောင်မြင်မှုမရဘဲ ခဏခဏရှုံးနိမ့်နေတဲ့ အခိုက်အတန့်တွေလည်း ရှိကောင်းရှိမှာပါ။ အဲဒီလိုအခြေအနေနဲ့ ကြုံရရင် များသောအားဖြင့် စိတ်ပျက်အားငယ်လေ့ရှိပါတယ်။ ဆက်လို့ကြိုးစားချင်စိတ် မရှိတော့လောက် အောင် စိတ်ဓါတ်ကျတတ်ပါတယ်။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်ပါ။ အရည်အသွေးကောင်းတဲ့ပစ္စည်းဆိုရင် တန်ဖိုးမြင့်မြင့်ပေးဝယ်ရတတ်ပါတယ်။ ဈေးချိုတဲ့ပစ္စည်းကတော့ အရည်အသွေးပိုင်းမှာ နည်းမှာသေချာပါတယ်။ ဒါကြောင့် ကိုယ့်မှာ အခက်အခဲတွေများလာရင် ပေးဆပ်ရတာများလာရင် သေချာပါတယ်။

  • ပြောကြည့်

    02/05/2020 Duração: 15min

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

  • ဒီနေ့အတွက်စကား

    02/05/2020 Duração: 03min

    Don’t be afraid to change. You may lose something good but you may gain something better. ပြောင်းလဲခြင်း။ ပြောင်းလဲခြင်းဆိုတဲ့ ဒီစကားလုံးက ကျွန်တော့်တို့ လူသားတွေအတွက်တော့ တကယ့်ကိုမှ အရေးပါတဲ့စကားလုံးတစ်ခွန်းပါ။ ကျောက်ခေတ်မှာရှင်သန်ခဲ့ရတဲ့ ဂူတွင်းအောင်းတဲ့ကျောက်ခေတ်လူသားတွေဘဝကနေ အခုဆိုရင် နောက်ဆုံးပေါ် အကောင်းဆုံးဆိုတဲ့ ပစ္စည်းတွေကိုတီထွင်ကိုင်တွယ်အသုံးပြုနိုင်တဲ့ တိုးတက်တဲ့ခေတ်ကလူသားတွေဖြစ်လာခဲ့တာကလည်း ပြောင်းလဲခြင်းဆိုတဲ့အရာကိုလူသားတွေလုပ်ဆောင်ခဲ့လို့ပါပဲ။ ဒါကြောင့် တိုးတက်ဖွံ့ဖြိုးခြင်းဆိုတဲ့စကားလုံးနဲ့ ပြောင်းလဲခြင်းဆိုတဲ့ စကားလုံးဟာသိပ်ကိုမှ နီးစပ်ပြီးပတ်သက်နေတဲ့ အရာတွေဖြစ်ပါတယ်။ ပြောင်းလဲမှုမရှိရင် ဒုံရင်းကဒုံရင်းတိုးတက်မှုဆိုတာ လည်းဘယ်နည်းနဲ့မှ ရှိမှာမဟုတ်ပါဘူး။ နိုင်ငံရေးအရပဲကြည့်ကြည့် စီးပွား ရေးအရပဲကြည့်ကြည့်၊ လူမှုရေးအရပဲကြည့်ကြည့် တိုးတက်ဖွံ့ဖြိုးမှုကိုလူတိုင်းလိုချင်ကြပေမယ့် ပြောင်းလဲခြင်းဆိုတဲ့ဒဏ်ကိုတော့ လူသားတိုင်းစီးမျောခံစားလိုက်ပါနိုင်မှုမှာတော့ မတူကွဲပြားကြပါတယ်။ အဓိကကတော့ တိုင်းပြည်ကိုတိုးတက်စေနိုင်ဖို့ အသာ ထား၊ မိမိကိုယ်ကိုတိုးတက်စေနိုင်ဖို့ဆိုရင် မိမိမှာရှိတဲ့ပြောင်းလဲသင့်တဲ့ အကျင့

  • ဒီနေ့အတွက်စကား

    01/05/2020 Duração: 03min

    Anyone can run away. It’s super easy. Facing problems and working through them, that’s what makes you strong. လောကရဲ့အခက်အခဲအတားအဆီးတွေကို ဖြတ်သန်း ကျော်လွှားနေရတဲ့ကျွန်တော်တို့လူသားတိုင်းအတွက် မှတ်သားထားစရာ စကားတစ်ခွန်းလည်းဖြစ်ပါတယ်။ လူမှန်ရင် အသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာအခက်အခဲပေါင်းများစွာကို ကြုံတွေ့ရမယ်။ ပြဿနာပေါင်းများစွာ ကိုဖြေရှင်းဖို့ကြုံလာမယ်။ အတားအဆီးနဲ့ စိန်ခေါ်မှုပေါင်းမြောက်များစွာကိုရင်ဆိုင်ရမှာပါပဲ။ အဲဒီအခါမှာကိုယ့်ရဲ့ အတွင်း စိတ် ဓါတ်အပေါ်မူတည် ပြီး တော့ လူတော်နဲ့ လူညံ့ဆိုပြီးတော့ နှစ်မျိုးနှစ်စားကွဲပြားသွားပါတော့တယ်။ ပြဿနာရပ်တွေကိုရှောင်လွှဲပြီးထွက်ပြေးတတ်တဲ့ လူညံ့တွေနဲ့ ပြဿနာဆိုတာဒါလားဟဲ့ဆိုပြီးရဲရဲရင့်ရင့်ရင်ဆိုင်တတ်တဲ့လူတော် တွေပါ။ တကယ့်ကို လူတော်ဆိုတာမျိုးဟာဒီအတိုင်းနေရင်းဖြစ်တည်လာတာမဟုတ်ပါဘူး။ ဖြစ်လာတဲ့အခြေအနေအရပ်ရပ် ပေါ်မှာကိုယ့်ရဲ့ဖြေရှင်းနိုင်စွမ်းနဲ့ စိတ်နေစိတ်ထားနဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ ကွဲပြားသွားတာပါ။

  • Knowledge For All

    30/04/2020 Duração: 15min

    ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ... လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . . . . .

  • ဒီနေ့အတွက်စကား

    30/04/2020 Duração: 03min

    A positive mind finds opportunities in everything while the negative mind finds faults in everything. ရေနဲ့မီး၊ အေးမြခြင်းနဲ့ ပူလောင်ခြင်းလိုဆန့်ကျင်ဘက်ဖြစ်နေတဲ့ အပြုသဘောဆောင်တဲ့စိတ်နေစိတ်ထားနဲ့ မကောင်းမြင်တတ်တဲ့ အပျက်သဘောစိတ်နေစိတ်ထားတို့ရဲ့ လုပ်ဆောင်မှုတွေကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ တစ်ချို့သောသူတွေက ပြဿနာတစ်ခုကို ကြည့်ရှုသုံးသပ်တဲ့နေရာမှာအပြုသဘောနဲ့သုံးသပ်တတ်ကြပေမယ့် တစ်ချို့ကတော့ မကောင်းမြင်တဲ့စိတ်နဲ့ပဲ ပြဿနာရဲ့ အရင်းအမြစ်ကိုရှာတတ်ကြပါတယ်။ ဒီလိုနဲ့ မကောင်းမြင်တတ်တဲ့စိတ်အခြေခံကနေ စတင် လိုက်ရာကနေမဆုံးနိုင်တဲ့ ပြဿနာ တွေ အမုန်းမီးပွားမှုတွေကမီးခိုးကြွက်လျှောက်ဆိုသလိုဖြစ်သွားတတ်ပါတယ်။ မကောင်းမြင်တတ်တဲ့စိတ်၊ ပြောရမယ်ဆိုရင် အပျက်သဘောအရင်းခံတဲ့စိတ်ကအရာတိုင်းကိစ္စတိုင်းမှာဘာကြောင့်မှားတယ် ဆိုတဲ့အရာထက် ဘယ်သူမှားတယ်၊ ဘယ်သူအပြစ်ရှိတယ်ဆိုတဲ့အရာတွေကိုပဲရှာဖွေပေးလေ့ရှိပါတယ်။ ဒါပေမယ့် တခါတလေ မှာတစ်ချို့သောကိစ္စရပ်တွေကတရားခံရှာဖို့ထက် အကောင်းဆုံးဖြေရှင်းပြေလျော့သွားဖို့လိုအပ်ပါတယ်။ အဲဒါကိုမကောင်းမြင် တတ်တဲ့ အပျက်သဘောစိတ်နေစိတ်ထားနဲ့ ပြဿနာကိုမကြီးကြီးအောင် မီးလောင်ရာကိုလေကပါပင့်လိုက်တဲ့အခါမှာတော့ ပြဿနာကမလို

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    29/04/2020 Duração: 11min

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . .

  • ဒီနေ့အတွက်စကား

    29/04/2020 Duração: 03min

    Accept what is, let go of what was, have faith in what will be. လောကမှာအချိန်ကာလကြီးသုံးပါးရှိပါတယ်။အဲဒီအချိန်ကာလသုံးပါးအပေါ်မှာပဲမှီတည်လို့ ကျွန်တော်တို့လူသားတွေ အသက်ရှင်ရပ်တည်နေရပါတယ်။ ရုန်းကန်လှုပ်ရှားနေရပါတယ်။ အဲဒီအချိန်ကာလသုံးပါးရဲ့ခေါ်ဆောင်ရာနောက်ကိုပဲ မလိုက်ချင်လည်းလိုက်နေရပါတယ်။ ဘယ်သူကမှ ရပ်တန့်ထားလို့မရတဲ့ အချိန်ကာလသုံးပါးဖြစ်တဲ့ အတိတ်၊ ပစ္စုပန်နဲ့ အနာဂတ် ဆိုတဲ့ (၃)ခုမှာ ကျွန်တော်တို့ လက်ရှိပိုင်ဆိုင်ထားတဲ့ပစ္စုပန်တစ်ခုကလွဲရင် ကျန်တာတွေကို ကျွန်တော်တို့ မပိုင်ပါဘူး။ ဘာဖြစ် သွားတယ်။ အဲဒီအစားဘယ်လိုဖြစ်ရမယ်ဆိုပြီးစိတ်တိုင်းကျရေးချယ်ဖြစ်တည်ပိုင်ခွင့်မရှိပါဘူး။ အတင်းကာရောကြီးရယူလို့ မရတဲ့ အရာတွေကိုရယူပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပုတုဇဉ်လူသားတွေအနေနဲ့ ခံစားမှုတွေ၊ စိတ်တိုင်းမကျမှုတွေပဲဖြစ်နေတော့မှာပါ။ ဒါဆိုရင် အသက်ရှင်ရတဲ့ဘဝဆိုတာ ဘယ်လိုနည်းနဲ့မှ နှစ်သက်ကျေနပ်နိုင်စရာကိုရှိတော့မှာမဟုတ်ပါဘူး။ အဓိကကတော့ ကိုယ်ရှင်သန်နေတဲ့ကာလအတွင်းမှာကိုယ့်ကိုကိုယ်ကျေနပ်နှစ်သက်မှုအပြည့်ရှိဖို့ကသိပ်လိုပါတယ်။ ဒါမှသာစိတ်ချမ်းသာမှု အပြည့်နဲ့ ရှင်သန်ရာခဏတာကိုကုန်ဆုံးနိုင်မှာလေ။ ဒါကြောင့် ဘဝဆိုတဲ့ခဏတာအချိန်ကို အကောင်းမွန်ဆုံးနဲ့ စ

  • ဒီနေ့အတွက်စကား

    28/04/2020 Duração: 03min

    နေ့အတွက်စကား Sunsets are proof that no matter what happens, every day can end beautifully. တစ်နေ့တာလုံးမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အကောင်းဆုံးသောရလာဒ်တွေ၊ အကောင်းဆုံးသောမျှော်လင့်ချက်တွေမရှိတော့ရင်တောင်မှ ဘယ်တော့မှ စိတ်ဓါတ်ကျအားမငယ်ဖို့အတွက် သွယ်ဝှိက်သောနည်းနဲ့ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ဘဝရဲ့ရှင်သန်ရာနေ့ရက်တိုင်းမှာ အခက်အခဲတွေ၊ အတားအဆီးတွေ၊ စိန်ခေါ်မှုတွေ အများကြီးကို ကြုံတွေ့နိုင်ပါတယ်။ ထို့အတူပဲကိုယ်လုပ်ဆောင်ကြိုးပမ်းထားတဲ့အရာတွေကလည်းအောင်မြင်တဲ့အခါလည်း အောင်မြင်နိုင်သလိုအောင်မြင်ခြင်းမရှိဘဲမလိုချင်တဲ့ ရှုံးနိမ့်မှုတွေလည်းဖြစ်နိုင်ပါတယ်။ သဘာဝတရားကြီးကပေးတဲ့ ဘဝရဲ့ သင်ခန်းစာတွေကိုလိုက်လံလေ့လာရင်းနဲ့လည်းကိုယ်လိုချင်တဲ့အရာတွေရော၊ ကိုယ်မလိုချင်တဲ့အရာတွေကိုပါ ရနိုင်ပါသေးတယ် ။ ဘာတွေပဲဖြစ်ဖြစ် ဘဝဆိုတာ ဘဝပါပဲ။ အဲဒီအက္ခရာ၂လုံးတည်းနဲ့ဖွဲ့တည်ထားတဲ့ ရှုပ်ထွေးပွေလီတဲ့ ကိစ္စရပ်ပေါင်းများစွာရော ပျွန်းပေါင်းစုံနေတဲ့ ဘဝမှာ ကိုယ့်အတွက် အကောင်းတွေချည်းကိုပဲမျှော်လင့်နေလို့မရသလို၊ အဆိုးတွေချည်းပဲလက်ခံနေရမှာ လည်းမဟုတ်ပါဘူး။အဆိုးတွေကြုံတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကောင်းပေ့ဆိုတဲ့အရာတွေ အခွင့်အလ

  • Songs In Yangon

    27/04/2020 Duração: 25min

    ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။ သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In  Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။  ရန်ကုန်မြို့မှ ချစ်ပရိသတ်‌တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်........... Songs In  Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......

  • ပြောကြည့်

    25/04/2020 Duração: 15min

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

página 28 de 50