Informações:
Sinopse
Wherever you go PadamyarFM will be there with you...
Episódios
-
-
-
-
-
ဒီနေ့အတွက်စကား
10/03/2020 Duração: 03minPutting your love, trust and understanding to each other little by little, day by day is the perfect recipe for a stronger relationship. ကောင်းမွန်ပြည့်စုံတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ ဘယ်လိုအရာတွေက အဓိကလိုအပ်နေပါသလဲ။ တစ်ယောက်နဲ့တစ်ယောက်ကြား ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ နားလည်ပေးမှုတွေကိုနည်းနည်းချင်းစီ၊ တစ်နေ့ထက်တစ်နေ့ ပေးဆပ်ပျော်ဝင်နေစေခြင်းက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက် ပြီးပြည့်စုံတဲ့နည်းလမ်းတစ်ခုပါပဲ။ ပထမဆုံးအနေနဲ့တော့ လူနှစ်ယောက်ကြား မှာ ဆက်ဆံရေးတစ်ခု တည်တံ့ကောင်းမွန်နေစေဖို့အတွက် တစ်ယောက်ကိုတစ်ယောက်မေတ္တာတရားနဲ့ ချစ်ခြင်းဆိုတာတွေ လိုအပ်ပါတယ်။ လူနှစ်ယောက်ကြားမှာ မေတ္တာတရားကို အရင်းခံပြီး ချစ်ခြင်းမေတ္တာတွေ ရှင်သန်နေဖို့လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာသာမရှိဘူးဆိုရင် ဆက်ဆံရေးတစ်ခုကလည်း ဘယ်နည်းနဲ့မှ ကြာရှည်ရှင်သန်နိုင်မှာမဟုတ် ပါဘူး။ နှစ်ယောက်ကြားမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုဆိုတာကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ယုံကြည်မှုမရှိတဲ့ ဆက်ဆံရေးတစ်ခုဟာ ခိုင်ခံ့မှုမရှိတဲ့ကြိုးတံတားတစ်ခုမှာ လမ်းလျှောက်နေရသလိုပါပဲ။ ဘယ်အချိန်မှာပြတ်ကျသွားမလဲဆိုတာ ကို ရင်တထိပ်ထိပ်နဲ့ နေ့ရက
-
-
-
-
-
-
-
-
-
-
Songs In Yangon
02/03/2020 Duração: 25minပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။ သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှ ချစ်ပရိသတ်တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်........... Songs In Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......
-
ဒီနေ့အတွက်စကား
02/03/2020 Duração: 03minOne great lesson I learned from my life; there is no market for your emotions, so never advertise your feelings, just show your attitude. ဒီနေ့အတွက်စကား ကျွန်တော်တို့ရဲ့ခံစားချက်တွေ၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်း ခြင်းတွေကို ဈေးတင်ရောင်းချလို့ရတဲ့နေရာဆိုတာ ဒီကမ္ဘာမှာမရှိပါဘူး။ ဆိုလိုချင်တာကတော့ ကိုယ့်ဘက်က ဘယ်လောက်ပဲ ခံစားနေခံစားနေ ကိုယ့်ထက်နားလည်ပေးမယ့် ကိုယ်နဲ့ထပ်တူ ခံစား ပေးမယ့် တန်ဖိုးထား အလေးထားပေးနိုင်မယ့်သူဆိုတာ မရှိဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်။ ကိုယ်က လောကကြီးထဲမှာ မနေချင် လောက်အောင် စိတ်ဆင်းရဲကြီးစွာဖြစ်နေပေမယ့်လည်း အဲဒီ ခံစားချက်တွေက ကိုယ့်အတွက် အပူမီးတွေကိုပဲဖြစ်စေတာပါ။ ကိုယ့်ရင်ထဲက ဝမ်းနည်းမှုအပူမီးတွေကို တခြားသူကို မျှဝေပေးဖို့ ဆိုတာကလည်း ရာခိုင်နှုန်းအနည်းငယ်ပဲဖြစ်မှာပါ။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေသလဲဆိုတာကို အူမချေးခါးမကျန် တပါးသူကို ပြောပြကြေညာနေစရာလည်းမလိုပါဘူး။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတာ တကယ့်ကိုမှန်တဲ့စကားတစ်ခွန်းဖြစ်ပါ တယ်။ လူသားမှန်ရင်တော့ ခံစားချက်မျိုးစုံကို လောကလှိုင်းဂယက်ရဲ့ အနိမ့်အမြင့်အတက်အကျတိုင်း ခံစားစံစားနေရမှာပါပဲ။ ဒီတော့ ကိုယ်တစ်ယောက်တည်း ခံစားနေရတာမျိုးမဟုတ်ဘူးဆိုတာ ကို
-
ဒီနေ့အတွက်စကား
01/03/2020 Duração: 03minYou won’t ever see me seeking revenge for those who have done me wrong. I will simply live a happy life just to prove that no matter what happened in my past, I refused to let it beat me. ဒီနေ့အတွက်စကား ကျွန်တော်တို့တွေအနေနဲ့ ဘဝမှာရှင်သန်ရုန်းကန်နေရင်း ကိုယ့်အတွက် မကောင်းတဲ့သူတွေနဲ့လည်း ကြုံတွေ့ခဲ့ရဖူးမှာပါ။ ကိုယ့်အပေါ်ကို မတရားမကောင်းကြံစည်ခဲ့တာကြောင့် ကိုယ့်အနေနဲ့ ဒုက္ခရောက်ခဲ့ရတာတွေလည်း ဖြစ်ခဲ့ဖူးမှာပါ။ အဲဒီလိုမျိူး ကိုယ့်အပေါ် စိတ်ဒုက္ခဖြစ်စေ၊ ကိုယ်ဆင်းရဲဖြစ်စေပေးတဲ့သူကို ကျွန်တော်တို့တတွေ တွေးမိတိုင်းမှာ ဒေါသစိတ်နဲ့ ပူလောင် နေရတတ်ပါတယ်။ ငါကိုလုပ်ခဲ့တဲ့သူ အလှည့်ကျမနွဲ့စတမ်းပေါ့ဆိုပြီး မချိတင်ကဲ ကျွေးကျော်ခဲ့တာမျိုးတွေလည်း ဖြစ်ကောင်းဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ ကိုယ့်စိတ်ထဲမှာ ဒေါသအပူမီးတွေ လောင်မြှိုက် ခြင်းကိုခံစားရတတ်ပါတယ်။ ဒီတော့ အဲဒီအပူမီးတွေကို လွတ်ငြိမ်း ရအောင် ဘယ်လိုမျိုး နေထိုင်သင့်ပါသလဲ။ ကိုယ့်အပေါ်မ ကောင်းတဲ့သူကိုလည်း သူ့ထိုက်နဲ့သူကံအနေနဲ့သာထားလိုက်ပါ။ တတ်နိုင်သမျှ ရန်ကိုရန်ခြင်းမတုန့်နှင်းပဲ သူ့ အကုသိုလ်ကို ကိုယ့်အပူမီးအဖြစ်မခံလိုက်ပါနဲ့။ ပြန်ပြီး ကလဲ့စားချေလိုတဲ့စိတ်တွေမွေးမနေဘဲ ကိုယ့်ဘဝရဲ့ရှေ
-
ဒီနေ့အတွက်စကား
29/02/2020 Duração: 03minDo right. Do your best. Treat others as you want to be treated. ဒီနေ့အတွက်စကား လောကမှာရှင်သန် ရပ်တည်ကြတဲ့ လူသားတွေအနေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ ပြဲဖစ်ဖြစ် ကောင်းမွန်တဲ့ စိတ်နေစိတ်ထားနဲ့လုပ်ဆောင်တတ်စေဖို့ သတိပေးထားတဲ့စကားလည်းဖြစ်ပါတယ်။ မိမိလုပ်ကိုင်သမျှ တွေတိုင်းက ကောင်းမွန် ခြင်းတွေဖြစ်နေဖို့ ကောင်းတာတွေကိုပဲ ရွေးချယ်လုပ်ဆောင်သင့်ပါတယ်။ ကောင်းတာတွေကိုလုပ်ကိုင်ရင်းနဲ့ ကိုယ့်အတွက်ရော တပါးသူအတွက်ကိုပါ ထိခိုက်မှုမရှိတဲ့ အကျိုးကျေးဇူးသာဖြစ်စေမယ့် အရာတွေကို ကိုယ်ကလုပ်ဆောင်တဲ့သူ ဖြစ်ပါစေ။ ဒါမှသာ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းက အများကြားမှာ ကိုယ်မရှိတော့သည့် တိုင်ကို မွေးပျံနေမှာပါ။ အဲဒီလို ကောင်းတာတွေကိုလုပ် ဆောင်တဲ့နေရာမှာလည်း အကောင်းဆုံးသောစွမ်းဆောင်နိုင်မှုနဲ့ အားသွန်ခွန်စိုက်လုပ်ဆောင်ပါ။ ဘာအလုပ်ကိုပဲလုပ်လုပ် အား စိုက်ထုတ်လုပ်ဆောင်မယ်။ စေတနာပါပါလုပ်ဆောင်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အမြင့်တစ်နေရာ ကို တစ်ချိန်မဟုတ်တစ်ချိန်မှာ မလွဲမသွေရောက်ရှိမှာအသေအချာပါပဲ။ အဓိကအားဖြင့် ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုအပေါ်ကို ရာခိုင်နှုန်းပြည့်စိတ်ပါဝင်စားမှုနဲ့ လုပ်ဆောင်ရပါမယ်။ အောင်မြင်ပြီးမြောက်တဲ့အထိ
-
ဒီနေ့အတွက်စကား
28/02/2020 Duração: 02minIf you can lie down at night, knowing in your heart that you made someone’s day just a little bit better, you know you had a good day. ကိုယ်တတ် နိုင်တဲ့အခန်းကဏ္ဍတစ်ခုမှာ ကိုယ့်အနေနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ကူညီပေးဖို့အတွက် အသိပေးထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ လောကမှာ လူသားတိုင်း လူသားတိုင်းက သူ့အတိုင်းအတာနဲ့သူ နေ့ရက်တိုင်းမှာ အခက်အခဲတွေ အတားအဆီး တွေ၊ စိန်ခေါ်မှုတွေ၊ ဒုက္ခသုက္ခတွေကို ခါးစည်းရင်ဆိုင်နေကြရပါတယ်။ ကိုယ့်မှာလည်း ကိုယ့်အတွက်အခက်အခဲဆိုတာရှိမယ်။ သူ့မှာလည်း သူ့အတွက် ရင်ဆိုင်နေရတဲ့ စိတ်ဆင်းရဲမှုဆိုတာလည်း ရှိမှာပါပဲ။ အဲဒီအခါမှာဘာဖြစ်လဲဆိုတော့ လူတိုင်းက ကိုယ် ကြုံတွေ့နေရတဲ့အခက်အခဲသည်သာအကြီးဆုံး၊ ကိုယ့်အပူသာအပူဆုံးလို့ တွေးပြီး ကျန်တဲ့အရာတွေက ကိုယ့်အရေးလောက် ဘာမှအရေးမကြီးဘူးလို့ ထင်တတ်ကြပါတယ်။ ကိုယ့်ကိစ္စကိုယ်ရှင်းနေရုံနဲ့ပဲ တခြားသောသူတွေ ဘာဖြစ်နေလဲဆိုတာကို လှည့် ကြည့်ဖို့ အခွင့်အရေးမပေးတတ်တော့ပါဘူး။ ဒါပေမယ့် ကိုယ့်အနေနဲ့ ကိုယ့်ရဲ့မျက်စိရှေ့မှာ အတိဒုက္ခရောက်နေတာ၊ အကူအညီ တစ်ခုခုလိုအပ်နေတာမျိုးတွေ တွေ့ခဲ့တယ်။ ကိုယ့်အနေနဲ့လည်း ကူညီပေးဖို့ စွမ်းအားတွေရှိတယ်ဆိုရင်တော့ တတ်စွမ်းသမျှကူညီပေးလိုက်ပါ။ ညအချိန်သ
-
Songs In Yangon
27/02/2020 Duração: 25minပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။ သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှ ချစ်ပရိသတ်တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်........... Songs In Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......