Informações:
Sinopse
Wherever you go PadamyarFM will be there with you...
Episódios
-
ဒီနေ့အတွက်စကား
27/02/2020 Duração: 03minNever beg anyone to create space for you in their life, because if they know your worth, they would surely create room for you on their own. လောကမှာ တချို့တချို့သောလူတွေရှိပါတယ်။ သူတို့အတွက် အလုပ်ခွင်မှာပဲဖြစ်ဖြစ် ပေါင်းသင်း ဆက်ဆံရေးမှာဖြစ်ဖြစ် အောက်ကျခံပြီးပေါင်းသင်းတတ်ကြပါတယ်။ သူတို့ကို တခြားသူတွေ ပစ်ကျင်ထားမှာကို သူတို့တတွေစိုး ထိတ်တတ်ကြပါတယ်။ ဘာလို့လဲလို့မေးရင် သူတို့တွေကဖြေပါတယ်။ လူ့အောက်ကျို့လို့ လူမပိဘူးဆိုပြီး ပြန်ဖြေ ကြပါတယ်။ ဒါလည်း မှန်သင့်သ လောက်မှန်ပါတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ချိုသာပျူငှာတဲ့အပြောအဆို အနေအထိုင်ရှိသင့်ပါ တယ်။ ဒါပေမယ့် ကိုယ်က ယဉ်ကျေးတိုင်းလည်း ကိုယ့်အပေါ်မယဉ်ကျေးတဲ့ နိုင်လိုထက်စီးလုပ်ချင်ကျတဲ့သူတွေရှိနေတတ်တဲ့ အတွက် အမြဲတမ်း လူတိုင်းကို အလျော့ပေးဆက်ဆံလို့မဖြစ်တဲ့အခါတွေလည်းရှိတတ်ပါတယ်။ ကိုယ်က အလိုက်အထိုက် ဆက်ဆံပေးလိုက်ပေမယ့် ကိုယ့်ရဲ့ ပျော့ကွက်ကို နင်းပြီး ကိုယ့်အပေါ်အနိုင်ယူမယ့်သူတွေရန်ကရှိနေတတ်လို့ လူတိုင်းကို ကိုယ့်စိတ်အတိုင်းမှတ်လို့ ဆက်ဆံတတ်ခြင်းကို သတိထားရပါမယ်။ တစ်စုံတစ်ယောက်ကို သူတို့ဘဝမှာ သင့်အတွက်နေရာပေးဖို့ ဘယ်သောအခါမှ မတောင်းဆိုပါနဲ့။ တကယ်လို့သင့်ရဲ့တန်ဖိုးကို သ
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
26/02/2020 Duração: 10minပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
-
ဒီနေ့အတွက်စကား
26/02/2020 Duração: 03minRelax. You are enough. You do enough. Breathe extra deep, let go, and just live right now in the moment. လောကအလယ် မှာအားကြိုးမာန်တက်ကြိုးပမ်းရင်းအမောကြီးမောနေတတ်တဲ့သူတွေအတွက် သတိပေးထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ အထူးသဖြင့်ဆိုရင် အလုပ်ဇောကြီးတတ်တဲ့သူတွေအတွက်ပိုပြီးသက်ဆိုင်မယ့်စကားလည်းဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် လည်းတစ်ခါတစ်လေအလုပ်ဇောကပ်လွန်းတဲ့အခါမှာဒီစကားလေးကိုသတိတရနဲ့ရေရွတ်မိပြီး ကိုယ့် စိတ်ကိုကိုယ် ဖြေလျော့ လေ့ရှိပါတယ်။ တခါတလေမှာကိုယ့်ဘက်ကရေကုန်ရေခမ်းကြိုးစားပါရက်နဲ့ ကံတရားကမျက်နှာသာမပေးတဲ့ အခါ မျိုးတွေ မှာကိုယ် မျှော် မှန်းထားသလောက် ရလာတဲ့ရလာဒ်ကမကောင်းတဲ့အခိုက်အတန့်မျိုးတွေ ကျွန်တော်တို့ကြုံတွေ့ရတတ် ပါတယ်။ ကိုယ့်ဘက်ကအောင်မြင်မှုကြီးကြီးမားမားကိုမျှော်တွေးလို့ ကျားကုတ်ကျားခဲစားချိန်မမှန် အိပ်ချိန်မမှန် ကြိုးစားခဲ့တယ်။ တခြားသူ တွေအနားယူနေတဲ့အချိန်မှာတောင် ကိုယ့်အနေနဲ့ ဒီကိစ္စကိုပဲအာရုံစူးစိုက်ပြီးအကောင်းဆုံးဖော်ဆောင်တယ်။ ဒါပေမယ့် ကံ တရားက ဖြစ် တည်ခွင့်မပေးသေးတဲ့အခါမှာဆိုရင် ဘယ်ကိစ္စမဆိုအတင်းကြီးဘယ်လောက်ပဲအားစိုက်အားစိုက် ဖြစ်တည်မလာ နိုင်ပါဘူး။ ကံမရှိရင် ဉာဏ်ရှိတိုင်းလည်းမွဲတတ်ပါတယ်။ ဒါကြောင့် ကံတရားကြေ
-
ဒီနေ့အတွက်စကား
25/02/2020 Duração: 03minQuality is never an accident. It is always the result of intelligent effort. ဒီစကားကိုပြောခဲ့တဲ့သူကတော့ ၁၉၀၀ပြည့်လွန်နှစ်တွေအထိ သူရဲ့ ပြောင်မြောက်လှတဲ့ အရေးအသား တွေနဲ့ လွှမ်းမှိုးစေခဲ့သူ အင်္ဂလိပ်လူမျိုး စာရေးဆရာနဲ့ ပန်းချီဆရာ John Ruskinပါ။ သူပြောခဲ့သလိုပါပဲ။ တကယ်တော့ လူတစ်ယောက်မှာ အရည်အချင်းအရည်အသွေးဆိုတာ အလကားသက်သက် မတော်တဆဆန်ဆန် ဖြစ်တည်လာတဲ့အရာတစ်ခုမဟုတ်ပါဘူး။ အရည်အချင်းတစ်ခုဖြစ်လာဖို့ နဂိုကတည်းက ကိုယ့်မှာထိုးထွင်းသိမြင်နိုင်တဲ့ ထက်မြက်တဲ့ဉာဏ်ပညာရှိရပါမယ်။ တစ်ဦးနဲ့တစ်ဦးလည်းကိစ္စရပ်တစ်ခုပြဿနာတစ်ခုကိုယူဆပုံထင်မြင်ပုံမတူနိုင်တဲ့အတွက်အရည်အချင်းတွေလည်း မတူနိုင်ပါဘူး။ ကိုယ်မလုပ်နိုင်တဲ့အရာတစ်ခုကိုသူလုပ်နိုင်ရင်လုပ်နိုင်မှာဖြစ်သလို သူ့မှာမရှိတဲ့အရည်အချင်းကို ကိုယ့်မှာပိုင်ဆိုင်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူမှ အရာခပ်သိမ်းမှာထူးချွန်ထက်မြက်နေတာမျိုးမရှိတဲ့အတွက် သူတပါးမှာရှိတဲ့အရည်အချင်းကိုယ့်မှာ မရှိရင် အားငယ်စိတ်ဓါတ်ကျနေစရာမလိုပါဘူး။ ကိုယ့်မှာလည်း တခြားသူတွေနဲ့မတူတဲ့ တမူထူးခြားတဲ့ တခြားအရည်အချင်း တစ်ခုခရှိနေနိုင်ပါတယ်။ အဲဒီအရည်အချင်းဘာလဲဆိုတာကိုသာ ဆင်ခြင်သုံးသပ်လို့ သိအောင်ကြိုးစားပါ။ သိပြီဆိုရင်တော့ အဲဒီအရည
-
-
-
ဒီနေ့အတွက်စကား
23/02/2020 Duração: 03minဒီနေ့အတွက်စကား If it’s challenging you, testing you, and pushing you.It’s helping you become more of who you’re meant to be. ဘဝမှာ ကိုယ့်အနေနဲ့ ဖြတ်သန်းတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကြောက်ရွံ့ပြီး ကျော်ဖြတ်ဖို့ မဝံ့မရဲဖြစ်နေတဲ့ လူသားတွေ အတွက် အသိပေးထား တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာ လူရယ်လို့ဖြစ်လာရင် သူ့အရွယ်အလိုက် သူ့ရဲ့ရောက်ရှိ နေတဲ့အခြေအနေအလိုက် စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေကို တွေ့ကြုံရလေ့ရှိပါတယ်။ ကလေးဘဝမှာလည်း ကလေးဘ၀ အတွက် စမ်းသပ်စိန်ခေါ်မှုတွေရှိ နေသလို၊ တဖြည်းဖြည်းနဲ့ အချိန်တန်အရွယ်ရောက်လာပြီး လုပ်ငန်းခွင်ဝင်တဲ့သူတွေမှာလည်း နေ့စဉ်တိုင်းနီးပါးမှာ အခက်အခဲ တွေအတားအဆီးတွေဆိုတာကို တွေ့ကြုံရတာပါပဲ။ နောက်ဆုံး ခန္ဒာဝန်ကိုယ်မချခင်အထိ အသက်ဆက်ရှင်ချင်ကြတဲ့ လူသား တွေနဲ့ လောကရဲ့အမှန်တရားသေမင်းတို့က စစ်တလင်းမှာ ရင်ဆိုင်တွေ့ကြရတာပါပဲ။ လူတိုင်း မမွေးခင် ကတည်းကရော၊ မွေးဖွားရှင်သန်ပြီးချိန်ကရော၊ နောက်ဆုံးမသေဆုံးခင်အချိန် ဘဝဆိုတဲ့ကာလကို ဖြတ်ကျော် နေစဉ်အတွင်း မှာ လူတိုင်းက စိန်ခေါ်မှုတွေနဲ့ စမ်းသပ်ချက်တွေ၊ အောင်မြင်ခြင်းဆီသွားတဲ့လမ်းခုလတ်မှာ အတားအဆီးတွေ၊ အပိတ်အဆို့တွေ၊ အခက်အခဲတွေဆိုတာကို လူသားတိုင်း တွေ့ဆုံရမယ်ဆိ
-
ဒီနေ့အတွက်စကား
22/02/2020 Duração: 03minAlmost every successful person begins with two beliefs: the future can be better than the present and I have the power to make it so. လောကမှာ အောင်မြင်တိုးတက်မှုကိုလိုချင်ကြတဲ့ လူသားတိုင်းအစကနဦးတည်းကရှိထားရှိရမယ့် စိတ်နေစိတ်ထား ခံယူချက် တွေကိုပြောပြ ထားတာပါ။ ပထမဆုံးအချက်ကတော့အနာဂတ်ဟာအခုလက်ရှိပစ္စုပန်ထက် သာလွန်ကောင်းမွန်တယ်ဆိုတဲ့ စိတ်မျိုးယုံကြည်မှု မျိူးကိုမွေးမြူထားဖို့ပါ။ အခုလက်ရှိကိုယ်ဟာလက်အောက်ငယ်သားတစ်ယောက်ဖြစ်နေတယ်။ သူများခိုင်း တာကိုလုပ်ကိုင်နေရ တယ်ဆိုရင်တောင်မှ နောင်နောက်ဖြစ်မယ့် အနာဂတ်မှာကိုယ်ဟာအခုလက်ရှိအခြေအနေထက် ပိုပြီး မြင့်မားတဲ့ နေရာကိုရောက် ရှိပိုင်ဆိုင်နိုင်မယ်ဆိုတာကိုယုံကြည်ထားဖို့လိုပါတယ်။ လူတိုင်းလူတိုင်းဟာမျှော်လင့်ချက်နဲ့ အသက် ရှင်နေကြတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့မျှော်လင့်ချက်ကလည်း မြင့်မြင့်မားမားထားဖို့လိုပါတယ်။ အခုလက်ရှိအခြေအနေထက်ပိုပြီး မြင့်မားတဲ့ အခြေအနေ တစ် ခုကိုမျှော်လင့်ပိုင်ခွင့်လူသားတိုင်းမှာရှိပါတယ်။ စိတ်ကူးယဉ်လို့လည်းရပါတယ်။ ဘယ်သူကမှ ကိုယ့်ရဲ့စိတ်ကူးယဉ်မှုတွေကိုလာ ရောက်နှောင့်ယှက်တားဆီးလို့မရနိုင်ပါဘူး။ ကိုယ့်ဘဝအတွက် မျှော်လင့်ချက်မြင့်မြင့်မားမားထားရှိခြင်းဟာမိမိအတွက် ခြေလှမ်း
-
ဒီနေ့အတွက်စကား
21/02/2020 Duração: 03minWhen life gives you a hundred reasons to break down and cry, show life that you have a million reasons to smile and laugh. လောကမှာလူရယ်လို့ဖြစ်လာရင် အခက်အခဲတွေကိုတွေ့ကြုံရမယ်။ အတားအဆီးတွေကိုဖြတ်ကျော်ရမယ်။ အနှောင့်အယှက် အဟန့်အတားတွေကိုရင်ဆိုင်ရမယ်။ ဒါတွေကိုတွေ့ကြုံရင်ဆိုင်ဖြတ်ကျော်နိုင်မှသာအနိုင်ရတဲ့လူတော်တစ်ယောက်ဖြစ်လာမှာပါ။ ဒါဟာအမှန်တရားပါပဲ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ လွယ်လင့်တကူအောင်မြင်တဲ့သူတစ်ယောက်ဖြစ်မနေပါဘူး။ အခုချိန် အများကအားကျအတုယူရတဲ့ ထိပ်ဆုံးကလူတွေကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ဘဝအစသမိုင်းအစမှာ ပင်ပန်းဆင်းရဲခံမဆုတ်မနစ် ဇွဲနပဲကြီးမားစွာ ကြိုးစားခဲ့ကြတဲ့သူတွေချည်းပါပဲ။ အတိတ်မှာသူတို့တွေ ဘယ်နှစ်ကြိမ်လဲကျခဲ့သလဲ။ ဘယ်နှစ်ကြိမ်ငိုညည်းခဲ့ရ သလဲ ဆိုတာကိုအတိအကျဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အခုလက်ရှိအောင်မြင်နေတယ်။ အရင်အချိန် ကြိုးစားခဲ့ချိန်ကကဲ့ရဲ့မှုတွေဒဏ်၊ ကံကြမ္မာရဲ့ ထိုး နှက်ချက်တွေ၊ မဖြစ်နိုင်ပါဘူးလို့ ပြောကြတဲ့ လှောင်ရယ်သံတွေကို မသိချင် ယောင်ဆောင် ဥပေက္ခာပြုနိုင်ခဲ့လို့လည်းအခုအောင်မြင်နေတာပါ။ လောက က အတွေ့အကြုံတွေ သင်ခန်းစာတွေကိုလည်း မရိုးတမ်းပေးနေမှာအသေအချာပါပဲ။ ဘဝရဲ့လှိုင်းပုတ်ချက်တွေကို အလူး
-
Songs In Yangon
20/02/2020 Duração: 25minပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။ သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှ ချစ်ပရိသတ်တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်........... Songs In Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......
-
-
ဒီနေ့အတွက်စကား
19/02/2020 Duração: 03minYou’ll end up really disappointed if you think people will do for you as you do for them. Not everyone has the same heart as you. လူဘဝရဲ့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ ပေါင်း သင်းဆက်ဆံရေးဆိုတဲ့ကိစ္စကြီးမှာ ရုပ်ရည်သွင်ပြင်လက္ခဏာ မတူကွဲပြား တဲ့လူတွေနဲ့တွေ့ဆုံဆက်ဆံရမှာဖြစ်သလို စိတ်ဓါတ် အမျိုးမျိုးရှိသောလူတွေနဲ့လည်း တွေ့ဆုံရမှာပါပဲ။ ဒီလို လူအမျိုးမျိုးစိတ် အထွေထွေနဲ့ဆက်ဆံရေးမှာ ပျော်ရွှင်ကျေနပ်မှုကို ခံစား ရကောင်းရနိုင်သလို အလိုမကျဝမ်းနည်းရတာမျိုး ဒီလိုလူမျိုးတွေနဲ့မှ တွေ့မိလေခြင်းဆိုပြီး နောင်တရတာမျိုးလည်း ခံစားရ ကောင်း ခံစားရနိုင်ပါတယ်။ အထူးသဖြင့်လူတိုင်းကို ကိုယ့်စိတ်နဲ့နှိုင်းလို့ ကိုယ်နဲ့ထပ်တူဖြစ်နေလိမ့်မယ်လို့မတွေးပါနဲ့။ ကိုယ်နဲ့ စိတ်တူကိုယ်တူလူမျိုးဆိုတာ ရှိရင်တောင်မှ တော်တော်လေးရှားမှာ အသေအချာပါပဲ။ တစ်နည်းမဟုတ်တစ်နည်း တစ်မျိုးမဟုတ် တစ်မျိုးမှာတော့ ကိုယ်နဲ့စိတ်သဘောထားခြင်းကွဲလွဲမှာ အသေ အချာပါပဲ။ မတူညီတဲ့လူအချင်းချင်းမပြောပါနဲ့။ ကိုယ့်ရဲ့လက်တစ် ဖက်ထဲမှာရှိတဲ့ လက်ချောင်းတွေတောင်မှ တစ်ချောင်းနဲ့ တစ်ချောင်း အတိုအရှည် အပိန်အဝမတူတာကို သတိပြုမိဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်စေချင်တဲ့အတိုင်း လူတိုင်းက လိုက်လုပ်
-
-
-
-
ဒီနေ့အတွက်စကား
16/02/2020 Duração: 03minဒီနေ့အတွက်စကား The past cannot changed, forgotten, edited or erased. It can only be accepted. အတိတ်ဆိုတာကိုပြောင်းလဲပစ်လို့ မေ့ဖျောက်ပစ်လို့ ပြင်ဆင်ပစ်လို့ ဒါမှမဟုတ် ဖျက်တောက်ပစ်လို့မရနိုင်ပါဘူး။ လက်ခံရုံသက် သက်သာရပါတယ်တဲ့။ကျွန်တော်တို့ အသက်ရှင်သန်နေထိုင်နေကြတဲ့ လူသားတိုင်းအတွက် အချိန်ကာလကြီး(၃)ပါးနဲ့ ရင်းနှီး ကျွမ်းဝင်လို့ ဖြတ်သန်းနေရပါတယ်။ နေ့ရက်တစ်ရက်ချင်းစီ၊ နာရီတစ်နာရီချင်းစီ၊ စက္ကန့်တစ်စက္ကန့်ချင်းစီ၊ တဒင်္ဂချင်းစီတိုင်းဟာ သူ့အလိုလိုဆိုသလိုကုန်ဆုံးနေပါ တယ်။ လူ့သားတိုင်း ကြုံတွေ့ဖြတ်သန်းရမယ့် အချိန်ကာလ(၃)ပါးမှာ ကျွန်တော်တို့တွေအနေနဲ့ ဘယ်နည်းနဲ့မှ ထိန်းချုပ်လို့မရနိုင် တာကတော့ကုန်ဆုံးလွန်မြောက်သွားပြီဖြစ်တဲ့ အတိတ်ဆိုတဲ့ ကာလပဲဖြစ်ပါတယ်။ အတိတ်မှာကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေက ကောင်းတာတွေလည်းဖြစ်ချင်ဖြစ်မယ်။ မှားတာတွေလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကိုယ့်ဘဝအတွက် ပြန်ဖျက်လို့အမည်း စက်ကြီးတစ်ခုလိုအမြဲတန်းလိုက်နေမယ့် အဖြစ်အပျက်လည်းဖြစ်ချင်ဖြစ်မယ်။ အတိတ်မှာ မှားခဲ့တဲ့ အမှားတွေ၊ အတွေ့အကြုံတွေ ကို ပြန်တွေးပြီးအားမလိုအားမရဖြစ်ရမှုတွေလည်း ကျွန်တော်တို့ခံစားရနိုင်ပါသေးတယ်။ ဒါပေမယ့် အတိတ်ကာလဆိုတာဘယ် လိုနည်းလမ်းကိုပဲသုံ
-
ဒီနေ့အတွက်စကား
15/02/2020 Duração: 03minဒီနေ့အတွက်စကား Sometimes, we have to fight for what we love and care about. Other times, we have to find the courage to let go of the things we love most. ဒီနေ့အတွက်စကား ကျွန်တော်တို့အတွက် အချိန်တော်တော်များများမှာ ကိုယ်လိုချင်တဲ့ ကိုယ့်အတွက်တန်ဖိုးရှိတဲ့ ကိုယ်ချစ်ခင်မြတ်နိုးရ တဲ့အရာတွေ လူတွေအတွက် တိုက်ပွဲဝင်သလို ကြိုးစားနေရပါတယ်။ အဲဒီလိုကြိုးစားမှသာလည်း ဘဝကတိုးတက်လာမှာပါ။ ကိုယ့်ရှေ့မှာ မက်လောက်စရာတန်ဖိုးကြီးအရာတစ်ခု ဒါမှမဟုတ် ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေအတွက် ကြိုးစားမှရမယ်ဆိုတဲ့ စိတ်ကြောင့်ပဲ လူတွေက မောမှန်းမသိအောင် အလုပ်တွေကို ကြိုးစားကြပါတယ်။ မက်လုံးနောက်ကိုလိုက်တတ်တဲ့လူသားဆန်တဲ့ စိတ်အခြေ အနေတစ်ခုပါပဲ။ ဒီလိုနဲ့ပဲ ကမ္ဘာကြီးကတိုးတက်လာတယ်။ လူတစ်ယောက်ခြင်းစီရဲ့ဘဝတွေက တိုးတက်လာခဲ့ပါတယ်။ မက်စရာ မရှိတဲ့ဘဝမှာဆိုရင် ဘာကိုမှ ကြိုးစားချင်စိတ်လည်းမရှိတော့ပါဘူး။ ရည်မှန်းချက်ဆိုတာလည်းမရှိတဲ့သူတစ်ယောက်က ဘယ်နည်းနဲ့မှ တိုးတက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကကိုယ့်အတွက် တန်ဖိုးရှိတဲ့ရည်မှန်းချက်နဲ့ ကိုယ့်အတွက် မက်မောခင်တွယ်စရာအရာတစ်ခုခုကတော့ရှိနေသင့်ပါတယ်။ ဒီလိုနဲ့ တချို့သောအချိန်တွေမှာကြတော့လည်း အဲဒီလို မျိုးကိုယ်ချစ်
-
ဒီနေ့အတွက်စကား
14/02/2020 Duração: 03minYou don’t need a perfect relationship. All you need is someone who loves your weirdness, want to spend time with you and respects you. သီချင်းတစ်ပုဒ်ရှိပါတယ်။ အချစ်နဲ့ လွတ်ကင်းတာဘယ်သူမှမရှိတဲ့။ သိပ်ကိုမှ မှန်ပါတယ်။ လူသားတိုင်းဟာ ချစ်တတ်ကြပါတယ်။ တစ်ဦးတစ်ယောက်တည်း ရပ်တည်နေတဲ့သူတွေမှာလည်း အချစ်ဆိုတာကို ထိတွေ့ခံစားခဲ့ဖူးတဲ့ ဘဝအခိုက်အတန့်ကို ပိုင်ဆိုင် ခဲ့ဖူးကြပါတယ်။ မချစ်ဘူးတဲ့သူဆိုတာ မရှိဘူးလို့ ကျွန်တော်ကတော့ ခိုင်ခိုင်မာမာပြောချင်ပါတယ်။ ဘယ်သူ့ကိုမှမချစ်ရင်တောင် မှ မိမိကိုယ်မိမိတော့ ချစ်တတ်တဲ့သူတွေ၊ မိမိရဲ့ မိသားစုအသိုက်အဝန်းကိုတော့ ချစ်ကြတဲ့သူတွေချည်းပါပဲ။ အဲဒီအတွက် ကိုယ့် အတွက် ပေါင်းသင်းဆက်ဆံရေးတစ်ခုဆိုတာ သိပ်ကိုမှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အရာပါ။ အဲဒီလိုမျိုး အရေးကြီးတဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အမြဲတမ်း ကောင်းမွန်ပြည့်စုံနေဖို့အတွက် လူတိုင်းက မျှော်မှန်းကြပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေး၊ ပြည့်စုံတဲ့ ဆက်ဆံရေး၊ သာယာတဲ့ ဆက်ဆံရေး စသဖြင့် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အကောင်း ဆုံးဆိုတာကို အချိန်တိုင်း တောင်းတတတ်ကြပါတယ်။ ဒါပေမယ့် ဆက်ဆံရေးတိုင်းကတော့ တစ်သတ်မတ်တည်း ကောင်းမွန် ပြည့်စုံနေမှာတော့ မဟုတ်ပါဘူး။ တစ်အူတုံဆ