Padamyar FM

  • Autor: Vários
  • Narrador: Vários
  • Editora: Podcast
  • Duração: 127:25:23
  • Mais informações

Informações:

Sinopse

Wherever you go PadamyarFM will be there with you...

Episódios

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    17/01/2020 Duração: 11min

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

  • ဒီနေ့အတွက်စကား

    17/01/2020 Duração: 03min

    The fear you build in your mind is worse than the situation that actually exists. ဒီနေ့အတွက်စကား ဒီစကားလေးကတော့ ကိုယ့်ရဲ့ကြောက်ရွံ့စိတ်ကြောင့် လုပ်ငန်းဆောင်တာတွေ နှောင့်နှေးနေတတ်တဲ့ သူတွေအတွက် သတိပေးထားတဲ့ စကားပါ။ ဒီစကားကိုတော့ အမေရိကန်လူမျိုး စိတ်ဓါတ်မြှင့်တင်ရေးစာရေးဆရာ Nick Matthews ကပြောကြားထားတာဖြစ်ပါတယ်။ သူပြောထားသလိုပါပဲ။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ဖြစ်တည်နေတဲ့ ကြောက်ရွံ့စိတ် တွေက အပြင်လက်တွေ့မှာ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ အခက်အခဲအတားအဆီးထက်ကို ပိုပြီးတော့ ဆိုးနေတတ်ပါတယ်။ တကယ်တမ်း အခက်အခဲအတားအဆီးတွေကို ဖြတ်ကျော်ပြီးလိုက်တဲ့အခါမှာတော့ တကယ်တမ်း ကိုယ်ရဲ့ ကြောက်ရွံ့မှုဖြစ်ခဲ့ ရသလောက်မဟုတ်ပါလားဆိုတာကို သိလာပါလိမ့်မယ်။  တစ်ချို့တွေကရှိပါတယ်။ ဘာဆိုဘာမှ မစရသေးခင်မှာကို ဖြစ်ပါ့မလား။ ကိုယ်လုပ်လိုက်လို့ တစ်ခုခုအဆိုးများဖြစ်သွားမလားဆိုပြီး ကြောက်ရွံ့တတ်ကြပါတယ်။ တစ်ချို့တွေကျပြန်တော့လည်း တခြားပြင်ပက လူတွေရဲ့ အသားလွတ်ခြိမ်းခြောက်မှုပယောဂတွေကြောင့် လုပ်ကိုင်လုဆဲဆဲအချိန်အထိ ချီတုံချတုံဖြစ်ပြီး အကြောက်လွန်ခြင်းရဲ့ရလာဒ်အနေနဲ့ နောက်ဆုံးဘာမှမလုပ်ကိုင်ဖြစ်တော့တဲ့အထိဖြစ်တတ်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ စိတ်ထဲမှာ ရဲရင့်ပြတ်သားခ

  • ဒီနေ့အတွက်စကား

    14/01/2020 Duração: 03min

    I have been broken. I have known hardship and I have lost myself. But here I stand, still moving forward and growing stronger each day. I will never forget the harsh lessons in my life. They made me stronger.  ကျွန်တော်တို့သက်ရှိလူသားတိုင်းမှာ အိပ်မက်တွေ ကိုယ်စီကိုယ်စီရှိတတ်ကြပါတယ်။ တစ်ချို့ကတော့ အဲဒီအိပ်မက်ကို မက်ခဲ့တဲ့ အိပ်ရာထဲမှာပဲထားခဲ့ပြီး တစ်ချို့တွေကတော့ အဲဒီအိပ်မက်ရဲ့နောက်ကို မရမကလိုက်တတ်ကြပါ တယ်။ အိပ်မက်ကို အပြင်မှာ တကယ်မဖြစ်ဖြစ်အောင်ကြိုးစားတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ လူတော်နဲ့ လူညံ့ဆိုပြီး လူအမျိုးအစား ရလာဒ်၂ခုဖြစ်သွားပါတယ်။ တကယ်တော့ လူတိုင်းအိပ်မက်မက်တာချင်း အတူတူမှာ ဘာလို့ရလာဒ်တွေမတူတာလဲဆိုရင်တော့ လုပ်ဆောင်မှုတွေ၊ လုပ်ဆောင်ချင်စိတ်တွေမတူလို့ပါ။ ဒါကြောင့် ကိုယ်ကအောင်မြင်တဲ့သူ သူများထက် ထူးချွန်ကျော်ကြားတဲ့သူ ဖြစ်ချင်ရင်တော့ အိပ်မက်ကို အိပ်မက်အတိုင်း ထားခဲ့လို့မရပါဘူး။ အိပ်မက်ကနေ လက်တွေ့ ဖြစ်အောင်ကြိုးစားရမှာပါ။  ကြိုးစား ချင်စိတ်ကြောင့် ကြိုးစားနေရင်းကလည်း လူတန်းစား နှစ်မျိုးထပ်လို့ကွဲပြန်ပါတယ်။ အဲဒါကတော့ ရှုံးနိမ့်မှု လဲပြိုကျမှု တွေရဲ့ ဒဏ် ကို ခံနိုင်ရည်ပေါ်မူတည်သွားတာပါ။ တစ်ချို့ကတစ်ခါ ကြိုးစားပြီ

  • ပြောကြည့်

    14/01/2020 Duração: 15min

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

  • ဒီနေ့အတွက်စကား

    14/01/2020 Duração: 03min

    Love isn’t when there are no fights in a relationship. Love is when once the fight ends, love is still there. ဒီနေ့အတွက်စကား အချစ်ကို လူတိုင်းလူတိုင်း အဓိပာယ်အမျိုးမျိုးဖွင့်ကြပါတယ်။ ကမ္ဘာဦးအစကတည်းက ဖြစ်တည်လာတဲ့ မမြင်မတွေ့နိုင်ဘဲ ထိတွေ့ခံစားနေရတဲ့ အဲဒီစိတ္တဇနာမ်တစ်ခုရဲ့ စွမ်းပကားကလည်း ကမ္ဘာကြီးကို ပြောင်းလဲ စေတဲ့ အရာတွေထဲမှာ တစ်ခုအပါအ ဝင်ဖြစ်ပါတယ်။ အဲဒီတော့ အချစ်ဆိုတာ ဘာပါလဲ။ အထူးသဖြင့် အချစ်စစ်အချစ်မှန်ဆိုတာ ဘာလဲ။ မေးခွန်းတိုင်းမှာ အဖြေတွေ ကွဲလဲစွာနဲ့ ပေါ်ထွက်လာစမြဲပါ။ တစ်ချို့ကဖြေပါလိမ့်မယ်။ အချစ်စစ်ဆိုတာ ကိုယ်ချစ်ရတဲ့သူပျော်ရွှင်ဖို့ ပေးဆပ်ဖြစ်တည်နေတဲ့ အရာ၊ တစ်နည်းပြောရရင် စွန့်လွတ်ပေးဆပ်ခြင်းပေါ့။ တစ်ချို့ကတော့ ငြင်းပါလိမ့်မယ်။ ကိုယ်ချစ်တဲ့သူကို ကိုယ့်အနားမှာ အပြီး အပိုင်ထားပြီး အတူတူဘဝကိုရပ်တည်ခြင်း၊ တစ်နည်းပြောရရင်တော့ ပိုင်ဆိုင်ရယူခြင်းပေါ့ဗျာ။ အဲဒီလို ဆန့်ကျင်ဘက်အဖြေနှစ်ခု ကို ပေါ်ထွက်စေတဲ့ အချစ်စစ်အချစ်မှန်ဆိုတာ တကယ်တော့ ဘယ်ဟာက အမှန်လဲ။ အရင်ကတည်းကလည်း တိတိကျကျမသိ သလို အခုထက်ထိလည်း အငြင်းပွားနေဆဲ ပုစ္ဆာတစ်ပုဒ်ပါ။ တကယ်တော့ အချစ်ဆို တာ ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်တည်တဲ့အရာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့စိတ်ထဲကခံယူခ

  • ဒီနေ့အတွက်စကား

    10/01/2020 Duração: 03min

    Trust yourself. You’ve survived a lot. You’ll survive whatever is coming your way. ဒီနေ့အတွက်စကား သင့်ကိုသင်ယုံကြည်မှုရှိပါ။ သင်အများကြီးအောင်မြင်အောင်ကျော်ဖြတ်နိုင်ခဲ့တယ်။ သင့်ဆီထပ်လာဦးမယ် ဘယ်လိုအရာကိုပဲ ဖြစ်ဖြစ် သင်ဖြတ်ကျော်နိုင်ပါလိမ့်ဦးမယ်တဲ့။ ဒီစကား ကတော့ လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုထားဖို့ အတွက် သတိပေးထားတဲ့စကားတစ်ခွန်းပါ။ လောကအလယ်မှာ ရှင်သန် ရုန်းကန်နေကြရတဲ့ ကျွန်တော်တို့လူသားတွေ အမြဲတမ်းအောင်မြင်နိုင်ဖို့လည်းမလွယ်သလိုအမြဲတမ်းတော့လည်း ကျရှုံး နေမှာ မဟုတ်ပါဘူး။ အောင်မြင်နေတဲ့သူကလည်း ကိုယ့်ရဲ့အောင်မြင်မှုနဲ့ထိုက်တန်တဲ့ပေးဆပ်မှု၊ အရည်အသွေးကို ထိန်းသိမ်းနိုင်မှု မရှိဘူးဆိုရင် အချိန်မရွေးကျရှုံးသွားနိုင်ပါတယ်။ ဒီလိုပါပဲ။ အောင်မြင်ဖို့အတွက် ကျားကုတ်ကျားခဲကြိုးစေနေတဲ့သူ အခုချိန်မှာ မအောင်မြင်သေးဘူးဆိုရင်တောင်မှ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အောင်မြင်မှုကိုသိမ်းပိုက်နိုင်မှာပါ။  ငါ့ကျမှ ဘယ်လောက်ပဲကြိုးစားကြိုးစား အောင်မြင်မလာဘူးဆိုတဲ့ စိတ်ပျက် လက်ပျက်အတွေးတွေကိုစိတ်ထဲကနေ ထုတ်ထား လိုက်ပါ။ ကိုယ်ပေးဆပ်သလောက် ရလိုက်တဲ့ ရလာဒ်မထိုက်တန်ဘူး ဆိုရင်

  • ဒီနေ့အတွက်စကား

    03/01/2020 Duração: 03min

    I am in competition with no one. I run my own race. I have no desire to play the game of being better than anyone. I just aim to improve, to be better than I was before. That’s me, and I’m free. ဒီနေ့အတွက်စကား Care Free၊ Stress Free ဆိုတဲ့ ပူပန်မှုကင်းတဲ့၊ စိတ်ဖိစီးမှုတွေကနေကင်းဝေးတဲ့ဘဝကိုလိုချင်ကြတဲ့သူတွေအတွက် နည်းလမ်း ကောင်းတစ်ခုက ဒီနေ့အတွက်စကားမှာပါဝင်နေပါတယ်။ ကျွန် တော်တို့တတွေ လောကကြီးမှာရှင်သန်ရုန်းကန်နေရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟမီးတွေ၊ မလိုခံခက်ခံစားချက်တွေ၊ မစ္ဆာရိယမနာလိုမှုတွေကိုခံစားရင်းနဲ့ အပူကြီးပူနေတတ်ပါတယ်။ တကယ်တော့ လူဖြစ်လာပြီဆိုတာကတကယ့်ကိုမှ ကုသိုလ်ကံတရားအကျိုးပေးကောင်းလွန်းလို့ဖြစ်လာတာပါ။ ဒီလိုမျိုးလူ့ဘဝမှာ ဘာရယ်မဟုတ်ဘဲအပူမီးတွေနဲ့ ဖြတ်သန်းရင်းအဓိပ္ပာယ်မရှိအချိန် တွေကုန်လို့ကုန်မှန်းမသိကုန်ဆုံးနေမယ်ဆိုရင်တော့ လူဖြစ်လာရတဲ့ဘဝက အလကားပဲဖြစ်နေတော့မှာပါ။  ဒီတော့ ဘဝနေထိုင် မှုတွေထဲကမှ အပူအပင်ကင်းကင်းနဲ့ စိတ်ဖိစီးမှုမရှိအောင်နေထိုင်ဖို့အတွက် နည်းလမ်းကောင်း တစ်ခုက တော့ လောကမှာတခြားသောသူတွေနဲ့ ကိုယ့်ကိုကိုယ်ဘယ်တော့မှ မနှိုင်းယှဉ်မိပါစေနဲ့။ အထူးသဖြင့် သူကသာတယ်။ ငါက နာတယ်။ ငါကသူ့ လောက်မတော်သေးဘူး။ သူဘာတ

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    01/01/2020 Duração: 11min

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

  • ဒီနေ့အတွက်စကား

    01/01/2020 Duração: 03min

    ဒီနေ့အတွက်စကား If it’s challenging you, testing you, and pushing you.It’s helping you become more of who you’re meant to be. သင့်ကိုစိန်ခေါ်နေတာ၊ စမ်းသပ်နေတာ၊ တွန်းပို့နေတာတွေက သင့်ကိုသင်ဖြစ်လာမယ့်အတိုင်းအတာအထိ ပိုပြီးဖြစ်လာဖို့ ကူညီပေးနေခြင်းသာ ဖြစ်ပါတယ်တဲ့။ ဒီစကားကတော့ ဘဝမှာ ကိုယ့်အနေနဲ့ ဖြတ်သန်းတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကြောက်ရွံ့ပြီး ကျော်ဖြတ်ဖို့ မဝံ့မရဲဖြစ်နေတဲ့ လူသားတွေအတွက် အသိပေးထား တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာ လူရယ်လို့ဖြစ်လာရင် သူ့အရွယ်အလိုက် သူ့ရဲ့ရောက်ရှိနေတဲ့အခြေအနေအလိုက် စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေကို တွေ့ကြုံရလေ့ရှိပါတယ်။ 

  • ဒီနေ့အတွက်စကား

    31/12/2019 Duração: 03min

    ဒီနေ့အတွက်စကား 2020. I just wanna go on more adventures. Connect with good people. Learn new positive things. And grow strong.  ဒီနေ့အတွက်စကား ကဲ။ ကျွန်တော်တို့ ၂၀၁၉ခုနှစ်တစ်ခုလုံးကို ဒီနေ့ကို နောက်ဆုံးထားလို့ ဖြတ်ကျော်ခဲ့ကြပါပြီ။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့။ ၂၀၁၉ ဟာ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်မရနိုင်တော့တဲ့ အတိတ်ကာလတစ်ခုဖြစ်တော့မှာပါ။ ရွက်စုတ်ပြက္ခဒိန်တစ်ခုသာဆိုရင် နောက်ဆုံး ဖြဲစုတ်စရာ စက္ကူတစ်ရွက်သာဖြစ်ပါတော့တယ်။ ၂၀၁၉မှာ ဘာတွေကိုလုပ်ဆောင်ခဲ့ပြီး ဘာတွေအောင်မြင်ခဲ့လဲ။ ဘာတွေ ခံစားခဲ့ရလဲ။ ဘယ်နှစ်ခါ ကြွေးကျော်နိုင်ခဲ့ပြီး ဘယ်နှစ်ခါ ကြိတ်ငိုခဲ့ရလဲဆိုတာတော့ ဘဝရဲ့ ဒိုင်ယာရီစာမျက်နှာမှာ ပြန်ကြည့်မှပဲ သိနိုင်တော့မှာပါ။ ဒီညပြီးရင် ရောက်မယ့်၂၀၂၀လောက် ၂၀၁၉ဟာ ထင်သလောက်အရေးမပါတော့ပါဘူး။ ဒါကြောင့် နှစ်မကူးခင် နှစ်သစ်ကူးအတွက် ချမှတ်ထားရမယ့် 2020 Goals လေးတွေကို ဒီနေ့အတွက်စကားကနေ နမူနာ သဘောမျိုး ဝေမျှပေးချင်ပါတယ်။

  • ဒီနေ့အတွက်စကား

    29/12/2019 Duração: 03min

    ဒီနေ့အတွက်စကား You see a person’s true colors when you are no longer beneficial to their life. ဒီစကားကတော့ ပေါင်းသင်းဆက်ဆံရေးနဲ့ ဆက်နွယ်နေတဲ့ သတိထားစရာအချက်တစ်ခုပါ။ ကျွန်တော် တု့ိနေ့စဉ်ဖြတ်သန်းနေရ တဲ့လူ့လောကကြီးထဲမှာ ကိုယ့်အတွက် မိတ်ဆွေကောင်းမိတ်ဆွေစစ်တွေ လည်းရှိနိုင်သလိုကိုယ့်အနားမှာ သူတို့လိုဘအတွက် သူတို့ကောင်းကျိုးအတွက်သာရှိနေမယ့်သူတွေ၊ ကိုယ့်အမှားကိုစောင့်နေမယ့် မိတ်ဆွေယောင်ဆောင် အတုအယောင်လူတွေ လည်းရှိကြမှာပါ။ အဲဒီလိုအမျိုးမျိုးသောစိတ်အထွေထွေရှိတဲ့လူတွေနဲ့ တွေ့ကြုံဆက်ဆံရတဲ့အခါမှာ ဘယ်လိုအချိန်မျိုးမှာသူတို့ရဲ့ စိတ်ရင်းအမှန်တွေကိုသိမြင်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာကိစ္စရပ်တစ်ခုလည်းဖြစ်ပါတယ်။ သင့်အနေနဲ့ လူတွေရဲ့စိတ်ရင်းအမှန်ကို မြင်တွေ့ရမယ့်အချိန်ကသူတို့အတွက် သင်အသုံးမဝင်တော့မယ် အချိန် ပါပဲ။ တစ်ခါတလေမှာ သူတို့ရဲ့အကျိုးကိုလိုလားနေလို့သာ ကိုယ့်ရဲ့အနားမှာရှိနေနိုင်ပေမယ့် ကိုယ်က သူတို့အတွက် အသုံးမဝင်တော့တဲ့ သူတို့အကျိုးတွေ သူတို့ရဲ့ရယူလိုစိတ်တွေကိုအပြည့်အ၀ မဖြည့်စည်းပေးနိုင် တော့တဲ့အခါမှာကိုယ့်ကိုသူတို့ရဲ့ ဆက်ဆံပုံတွေက ပြောင်းလဲသွားနိုင်ပါတယ်။ အရင်အချိန်တုန်းက ချိုသာ ပျုငှာတဲ့ ဆက်ဆံမှုမျိုးတွေကိုလည်း ရချင်မှရန

  • ပြောကြည့်

    28/12/2019 Duração: 15min

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

  • ဒီနေ့အတွက်စကား

    28/12/2019 Duração: 03min

    Sometimes you need to be alone and have a serious conversation with your heart. ဒီစကားကတော့ မိမိရဲ့စိတ်ထဲဖြစ်ချင်တဲ့ အကြောင်းအရာတွေကိုကိုယ်တိုင်က သေသေချာချာနားလည်အောင် ကိုယ်တိုင်ပဲ ကြိုးစားသင့်တဲ့အကြောင်းကို ပြောပြထားတဲ့စကားတစ်ခွန်းပါ။ တစ်ခါတစ်လေမှာတော့ သင်တစ် ယောက်တည်းနေပြီး သင့်နှလုံးသားနဲ့ လေးလေးနက်နက် စကားတွေပြောဖို့လိုပါတယ်တဲ့။ တစ်ခါတစ်လေမှာပေါင်းသင်းဆက်ဆံရေးဆိုတဲ့ ကျယ်ပြောနက်နဲတဲ့ နယ်ပယ်ကြီးထဲမှာလူသားတွေ အနေနဲ့ အမျိုးမျိုးသောစိတ်ရောင်စုံရှိတဲ့ လူသားတွေကိုတွေ့ဆုံရမယ်။ အဲဒီလူတွေရဲ့ ဘေးကနေပြောတဲ့စကားတွေကြောင့် တစ်ခါတစ်လေမှာ ကျွန်တော်တို့ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကို မလုပ်ဖြစ်တာမျိုးတွေ၊ ကိုယ်ရည်ရွယ်ထားတဲ့ ဦးတည်ချက် တွေေ၀ဝါးသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ 

página 35 de 50