Informações:
Sinopse
Wherever you go PadamyarFM will be there with you...
Episódios
-
-
-
-
-
ဒီနေ့အတွက်စကား
13/11/2020 Duração: 03minA journey of a thousand miles must begin with a single step. ဒီနေ့အတွက်စကားကိုတော့ ၁၉ရာစုရဲ့ ရှေးဟောင်းတရုတ်တွေးခေါ်ပညာရှင်၊ စာရေး ဆရာ Lao Tzu က ပြောကြားထားတာဖြစ်ပါတယ်။ ဒီစကားကတော့ ဘဝရဲ့ခရီးပေါင်းများစွာကို လျှောက်လှမ်းနေကြတဲ့ လူသား တွေအတွက် အသိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဘယ်ကိစ္စကိုပဲလုပ်ဆောင်လုပ်ဆောင် ကျွန်တော်တို့တတွေ ပထမဆုံး လုပ်ဆောင်မှုတစ်ခုနဲ့ပဲစတင်ရပါတယ်။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေအရာအားလုံးမူလပထမ လုပ်ဆောင်မှုတစ်ခု၊ ခြေလှမ်းတစ်ခုကနေပဲစတင်ခဲ့ကြတာချည်းပါပဲ။ အဲဒီပထမခြေလှမ်းကပဲအောင်မြင်မှုတွေဆီကို ကျွန်တော်တို့ကိုအရောက် ခေါ်ဆောင်လို့သွားတာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်က ဘယ်လောက်ဝေးနေပါစေ။ စတင်ခြင်းခြေလှမ်း တစ်ခုကသာအရေးကြီးတဲ့အရာပါ။ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် စတောင်မစရသေးခင်ကြောက်လန့်နေမယ်ဆိုရင် လူ့ဘဝမှာ အခါခါ ရှုံးနိမ့်နေမှာပါ။ လူညံ့တစ်ယောက်ပဲဖြစ်နေတော့မှာပါ။ ကိုယ်လိုချင်တဲ့ အောင်မြင်ခြင်းဆိုတာဘယ်ဆီမှာမှန်းမသိရင်တောင်မှ မိမိကိုယ်ကိုအောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ခြင်းစိတ်တစ်ခုတည်းနဲ့ ပထမဆုံးခြေလှမ်းတွေကိုအောင်မြင်တဲ့သူတိုင်းလှမ်းခဲ့ကြပါ တယ်။ ခက်ခဲရင်လည်းခက်ခဲမယ်။ ကံကောင်းချင်လ
-
ဒီနေ့အတွက်စကား
12/11/2020 Duração: 03minNothing great in the world has ever been accomplished without passion. ကမ္ဘာပေါ်မှာရှိရှိသမျှ ကြီးကျယ်တဲ့ကိစ္စရပ်တိုင်းက ပြင်းပြတဲ့စိတ်ဓါတ်မပါဘဲ ဖြစ်တည်လာခြင်းမရှိသေးပါဘူးတဲ့။ဒီစကားကိုတော့ ၁၈ရာစုအနောက်တိုင်း တွေးခေါ်ပညာမှာဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဂျာမန်လူမျိုးတွေးခေါ်ပညာရှင်Georg Wilhelm Friedrich Hegel ကပြောကြားထားတာ ဖြစ်ပါတယ်။ပြင်းပြတဲ့စိတ်ဓါတ်ကကမ္ဘာပေါ်မှာအကြီးကျယ် ဆုံးသောကိစ္စရပ်တွေကို ဖြစ်တည်စေခဲ့တယ်ဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။ ပြင်းပြတဲ့စိတ်ဓါတ်တဲ့။ တကယ့်ကိုမှ အားအင်ကြီးမားတဲ့အရာတစ်ခုဖြစ်ပါတယ်။ မြင်နိုင်စွမ်း၊ ထိတွေ့ခံစားနိုင်စွမ်းမရှိတဲ့ စိတ္တဇနာမ်တစ်ခုဖြစ်ပေမယ့် အဲဒီ ပြင်းပြတဲ့ စိတ်ဓါတ်ကြောင့် ပြောင်းလဲမှုကြီးကြီးမားမားတွေ၊ ခမ်းနားတဲ့အဖြစ်အပျက်တွေ၊ ပြန်ပြောင်းလဲလို့မရတော့တဲ့ သမိုင်းကြောင်း ရာဇဝင်တွေကို ဖြစ်တည်ပေါ်ထွန်းစေခဲ့ပါတယ်။ တကယ်တော့လောကကြီးမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာဆိုတာမရှိပါဘူး။ မဖြစ် သေးတဲ့အရာ၊ အကောင်အထည်မဖော်ရသေးတဲ့အရာတွေပဲရှိတာပါ။ အဲဒါတွေအကုန်လုံးကလူတစ်ယောက်ရဲ့ ဒါမှမဟုတ် လူတစ်စုရဲ့ ပြင်းပပြီးအရှိန်အဟုန်ပြင်းတဲ့စိတ်အခြေခံနဲ့သာလုပ်ဆောင်မယ်ဆိုရင် ဖြစ်တည်ပေါက်ဖွားလာမှာပါ။ ဖြစ်ပျက်ခဲ့တဲ့ကမ္ဘ
-
Knowledge For All
11/11/2020 Duração: 11minဥာဏ်ကို ဥာဏ်ခြင်း ယှဉ်တဲ့ခေတ် New World..... ရင်ဆိုင်ယှဉ်ပြိုင်ဖို့အတွက် Are You Ready? အရာရာတိုင်းအတွက် ခေတ်သစ်ကြယ် Knowledge ....... ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...... လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . ........ ဒီတစ်ပတ်မှာတော့ PS Business School မှဆရာဦးမျိုးမင်းမှ စီမံခန့်ခွဲတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့၊ ကြုံတွေ့လေ့ရှိတဲ့၊ ဆိုးကျိုးဖြစ်တတ်တဲ့ အကြောင်းလေးတွေနှင့် ပတ်သက်တဲ့အကြောင်းအရာများကို ဆွေးနွေးပေးထားပါတယ်.....
-
Knowledge in 3 mins
11/11/2020 Duração: 04minKnowledge in 3 mins ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်... မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ... အာဟာရဆိုင်ရာ ဆရာ၀န် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ကြယ်စင်ယုမွန် မှ Covid 19 ကာလ မှာ ကိုယ်၀န်ဆောင် မိခင်တွေအနေနဲ့ ဘာတွေဆောင်သင့်လဲ ၊ ဘာတွေလုပ်သင့်လဲ ဆိုတဲ့အကြောင်းကို ဝေမျှပေးထားတာဖြစ်ပါတယ်... Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday 11:25 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။ #padamyarfm #FM #myanmarfm #Knowledge_in_3Minutes
-
ဒီနေ့အတွက်စကား
11/11/2020 Duração: 03minA satisfied life is better than a successful life. Because our success is measured by others. But our satisfaction is measured by our own soul, mind and heart. ကိုယ့်ကိုကိုယ်စိတ်ကျေနပ်နိုင်တဲ့ဘဝက အောင်မြင်တဲ့ဘဝထက်ပိုပြီးကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အောင်မြင် ခြင်းဆိုတာကိုတခြားသူတွေကတိုင်းတာသတ်မှတ်တာဖြစ်ပြီးစိတ်ကျေနပ်နိုင်မှုကတော့ ကိုယ့်စိတ်၊ ကိုယ့်အတွေး၊ ကိုယ့်နှလုံးသားနဲ့ သတ်မှတ်တာ ဖြစ်လို့ပါ။လောက မှာရှင်သန်နေထိုင်ရင်း ဘဝအတွက်ရုန်းကန်လှုပ်ရှားနေကြတဲ့ သက်ရှိလူသားတွေအနေနဲ့ အောင်မြင်ခြင်းဆိုတာကိုမက်မော တွယ် တာပြီး ကြိုးစားနေကြပါတယ်။ ကိုယ်လိုချင်တဲ့အရာတစ်ခုကိုရလာအောင် ခဲရာခဲဆစ်ပဲဖြစ်နေပါစေ။ ကြိုးစားတတ်ကြ ပါတယ်။ ဒါ ပေမယ့် ကိုယ်လိုချင်တဲ့အောင်မြင်မှုတစ်ခုကိုယ်သတ်မှတ်ထားတဲ့ target တစ်ခုကိုရပြီရောက်ပြီဆိုရင်လည်း နောက်ထပ်သောအောင်မြင်မှုတွေ၊ ရုပ်ဝတ္ထုအရာပစ္စည်းတွေ၊ တပ်မက်စရာဥစ္စာဓနတွေ၊ နောက်ထပ်နောက်ထပ် targetတွေက ထပ်ကာတလဲလဲပေါ်ပေါက်လာတတ်ပါတယ်။ ဒီလိုနဲ့ မဆုံးတဲ့သံသရာမှာကိုယ်အသက်ရှင်နေသေးသရွေ့ ကြိုးစားနေကြရပါ တယ်။ ဘဝပင်လယ် မှာလူးကာလွန့်ကာနဲ့ ကူးခတ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ခေတ်ကာလကြီးကပြောင်းလဲလာတာနဲ့
-
Let's Do It
10/11/2020 Duração: 03minနေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်..... ဒီတစ်ပတ်မှာတော့ မငုဝါနှင့် မအိဆုတို့က လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဘယ်လိုနည်းလမ်းလေးတွေ ဝေမျှထားလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်... Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်....
-
I'M
10/11/2020 Duração: 15minI'm a guitarist. I'm...????? သင်ရော ဘာဖြစ်ချင်တာလဲ??? အောင်မြင်တဲ့ ဂီတာသမားတစ်ယောက်ဖြစ်ချင်ကြတဲ့သူတွေ၊ ဂီတာ ကို ဝါသနာပါတဲ့သူတွေ၊ ဂီတာပညာရပ်နှင့် အသက်မွေးဝမ်းကြောင်းပြုပြီး ရပ်တည်ချင်သူတွေကို Padamyar FM Facebook Page ကနေ ဂီတာပညာရပ်နှင့်ပတ်သက်ပြီးသိလိုသည်တွေကို မေးမြန်းဖို့ ဖိတ်ခေါ်ထားပါတယ်...... ဒီတစ်ပတ်ရဲ့ I'm အစီအစဉ်ကနေ ဂီတာပညာရပ်နှင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားဖို့ ပညာရှင်တစ်ဦးကို ဖိတ်ခေါ်ထားပါတယ်၊ ပရိသတ်များသိလိုသည်များကို ဂီတာ နိုင်ဇော်က ပြန်လည်လို့ဖြေကြားပေးထားပါတယ်......
-
ဒီနေ့အတွက်စကား
10/11/2020 Duração: 03minThe one who falls and gets up is so much stronger than the one who never fell. လောကမှာတွေ့ကြုံရတဲ့ပြိုင်ပွဲတွေကိုယှဉ်ပြိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ စာမေးပွဲတစ်ခုကိုဖြေဆိုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အခက်အခဲတိုက်ပွဲတွေကိုရင်ဆိုင်တဲ့အခါမှာပဲဖြစ်ဖြစ် ရလာဒ်ကတော့ အနိုင်နဲ့အရှုံးနှစ်ခုပဲရှိပါတယ်။ မပြိုင်ခင်အချိန်မှာဘယ်လိုပဲ ကိုယ့်ဘက်ကနေရေကုန်ရေခမ်းကြိုးစားကြိုးစားရလာဒ်တိုင်းကတော့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ အနိုင်နဲ့အရှုံးနှစ်ခုထဲကတစ်ခုကိုရွေးဆိုရင် လူတိုင်းကတော့ အနိုင်ကိုပဲလိုချင်ကြမှာပါ။ ဒါပေမယ့် လူတိုင်းအနိုင်ရဖို့ဆိုတာက တော့ မလွယ်ကူလှပါဘူး။ အနိုင်ရဖို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုတွေ၊ စိတ်အားထက်သန်စွာနဲ့ အားစိုက်ထုတ်မှု တွေ အများကြီးအပြင် ကံတရားဆိုတဲ့အချက်ကိုလည်းမေ့မထားသင့်ပါဘူး။ ကံမရှိရင်ဉာဏ်ရှိတိုင်းလည်းမွဲတတ်ပါတယ်။ ဒါပေမယ့် အရာအားလုံးမှာကံတရားကိုပဲလွဲချပြီးကိုယ့် ဘက်ကမကြိုးစားဘဲနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကံတရားက ဘယ်လိုအခြေအနေမှာရှိနေမယ်ဆိုတာမမြင်နိုင်တဲ့အတွက် ကိုယ့်ဘက်ကကံကောင်းလာမယ့်အချိန်၊ ကံတရားမျက်နှာသာပေး လာမယ့်အချိန်မှာအဆင်သင့်အနေအထားမျိုးရောက်နေအောင် ပြင်ဆင်ထားဖို့လို
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
09/11/2020 Duração: 11minနိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .ဒီတစ်ပတ်မှာတော့ Covid သတင်း၊ စစ်ပွဲသတင်း၊ မြေငလျင်သတင်း၊ လေမုန်တိုင်းသတင်း၊ အကြမ်းဖက်သတင်းတွေကြားမှာပဲ ငြီးငွေ့နေတဲ့ ပရိသတ်များအတွက် James Bond ရုပ်ရှင်တွေအကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်...
-
ဒီနေ့အတွက်စကား
09/11/2020 Duração: 03minHappiness is found when you stop comparing yourself to other people. သင့်ကိုယ်သင်တခြားသူတွေနဲ့လိုက်လံနှိုင်းယှဉ်နေတာကိုရပ်တန့်လိုက်မယ်ဆိုရင် သင်ပျော်ရွှင်မှုကိုရှာတွေ့ပါလိမ့်မယ်။ ဒီနေ့အတွက်စကားကတော့ တခြားသောသူတွေရဲ့ဘဝကို သဘောကျပြီးကိုယ့်ရဲ့ဘဝနဲ့နှိုင်းယှဉ်လို့ စိတ်ဓါတ်ကျအားငယ်နေတဲ့ သူတွေအတွက် အသိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာကိုယ့်ရဲ့ဖြစ်တည်လာတဲ့ဘဝဟာ အကောင်းတွေ ချည်းဖြစ်တည်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဆိုးတွေချည်းကိုလည်းတစ်ချိန်လုံးတွေ့ကြုံပိုင်ဆိုင်နေမှာမဟုတ်ပါဘူး။ လောကမှာ အောင်မြင်ပျော်ရွှင်တဲ့အခိုက်အတန့်တွေလည်းရှိနိုင်သလိုတစ်ခါတစ်ရံကံကွက်ကျားလို့ ကိုယ့်မှာအခက်အခဲတွေနဲ့ပဲ လုံးပန်းနေရ တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကိုသည်းမခံနိုင်ဘဲကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝကတော့ ပင်ပန်းဆင်းရဲလိုက်တာ၊ တခြားသူတွေရဲ့ဘဝကတော့ သာယာအေးချမ်းလိုက်တာဆိုပြီးစိတ်ညစ်နေတဲ့သူတွေရှိတတ်ပါတယ်။ ဒါပေမယ့်သေချာစဉ်းစား ကြည့်မယ်ဆိုရင် ကိုယ့်ဘဝဆိုတာကိုယ့်ရှင်သန်ခွင့်ရတဲ့တစ်သက်တာအတွက် ဘုရားကပေးထားတဲ့အကောင်းဆုံးသော လက်ဆောင်ပါပဲ။ ကိုယ့်ဘဝရှိနေသေးသရွေ့ ကိုယ့်အနေနဲ့ ကောင်းမွန်ခြင်းတွေရလာအောင် ကြိုးစားနိုင်တယ်။ အကောင်းဆုံး တွေဖြစ်လာအော
-
ဒီနေ့အတွက်စကား
07/11/2020 Duração: 03minဒီနေ့အတွက်စကား Mistakes are painful when they happen. But years later a collection of mistakes called experiences which lead us to success. လောကမှာရှင်သန်နေထိုင်တဲ့လူသားတိုင်းလူသားတိုင်းမည်သူတစ်ဦးတစ်ယောက်ကမှ ရာနှုန်းပြည့် ပြီး ပြည့်စုံတဲ့သူဆိုတာမရှိပါဘူး။ ရှင်သန်ရာဘဝတစ်ကွေ့မှာအမှားအယွင်းတစ်စုံတစ်ရာကိုလုပ်ဖူးတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ်လည်းမှားဖူး၊ သူလည်းမှားဖူးတဲ့ ဒီလောကပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမှ အပြစ်ကြီးကြီးမားမားတင်နေလို့လည်းမရနိုင် ပါဘူး။ အဓိကကတော့ မှားခဲ့ဖူးတဲ့အမှားတွေကိုအချိန်မှီအမှန်ပြင်နိုင်ဖို့သာလိုပါတယ်။ ကိုယ်ရဲ့အမှားတွေကနေသင်ခန်းစာယူ နိုင်ပြီးအမှားတွေကိုအမှန်ပြင်နိုင်သေးသရွေ့ ကိုယ်ဟာကောင်းမွန်စွာနဲ့ လောကမှာနေထိုင်နေသေးသမျှ လောကအတွက် အကျိုးပြုနေတဲ့သူချည်းပါပဲ။ အဓိကကတော့ အမှားတွေကိုအမှန်ပြင်ဖို့ပါပဲ။ အမှားတွေကိုအမှန်ပြင်နိုင်ဖို့ ခဲတံတွေမှာတောင် ခဲဖျက်တွေဆိုတာပါရှိနေတတ်ပါတယ်။ ဘောပင်ကိုလည်း Correction လုပ်လို့ရနိုင်ပါတယ်။ တကယ်လို့ ဖျက်စရာခဲဖျက်ကို လုံးဝရှာမတွေ့တော့ရင်တောင် အဲဒီစာမျက်နှာကိုဖျက်ချပြီးနောက်ထပ်စာမျက်နှာအသစ်ကို ပြုစုရေးသားပိုင်ခွင့်လူသားတိုင်းမှာရှိနေပါတယ်။ အရေးကြီးတာကကိုယ့်ရဲ့
-
ပြောကြည့်
07/11/2020 Duração: 15minလူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ အခုခေတ်အသုံးပြုနေတဲ့ ဗန်းစကားတွေနဲ့ပတ်သက်ပြီး ဘယ်လိုနားလည်ထားလဲနဲ့ ကိုယ်တိုင်ရော ဘယ်လိုဗန်းစကားတွေ အသုံးများလဲစတဲ့ အကြောင်းအရာများကို ပရိသတ်များထံမေးမြန်းထားပါတယ်....ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်....... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
-
ဒီနေ့အတွက်စကား
07/11/2020 Duração: 03minDon’t tell people your plans. Show them your results. လူတွေကိုသင့်ရဲ့လုပ်ဆောင်မယ့်အစီအစဉ်တွေကိုပြောပြမနေပါနဲ့။ နောက်ဆုံးရလာဒ်အဖြေကိုသာ ပြသလိုက်ပါလို့ ဒီစကားက ဆိုလိုရင်းရှိပါတယ်။ ဒီစကားကတော့ မြန်မာ့စကားပုံတစ်ခုဖြစ်တဲ့ မပြီးခင်ဗမာမမြင်စေနဲ့ ဆိုတဲ့ စကားပုံနဲ့လည်းခပ်ဆင်ဆင်အဓိပ္ပာယ်တူတဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့လုပ်ဆောင်မယ့် အစီအစဉ်တွေကိုလူတကာကိုလျှောက်ပြောနေတတ်တဲ့ တချို့တလေသောသူတွေကိုသတိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ တကယ်တော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုသေသေချာချာဆောင်ရွက်ဖို့ပဲလိုပါတယ်။ အောင်မြင်တဲ့အထိလုပ်ဆောင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအားစိုက်ထုတ်ဖို့ပဲလိုပါတယ်။ ငါဘာတွေ လုပ်မယ်။ ဘယ်လိုတွေအောင်မြင်အောင်ကြိုးစားမယ်ဆိုပြီးဟောင်ဖွာဟောင်ဖွာလျှောက်ပြောနေစရာလည်းမလိုပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့အကြံအစည်တွေကိုတပါးသူတွေကိုပေးသိပြီးတပါးသူကကိုယ့်ရဲ့အကြံအစည်တွေကိုမသမာတဲ့နည်းနဲ့ သုံးသွားမှာ၊ ကိုယ့်ရဲ့အကြံအစည်ကိုသိနေတဲ့အတွက် ကိုယ့်ကိုချနင်းပြီးသူ့ကိုယ်ကျိုးအတွက် လုပ်ဆောင်သွားနိုင်တာတွေကိုလည်း မေ့မထားသင့်ပါဘူး။ ထိုနည်းတူစွာပဲနောက်ထပ်သတိထားရမယ့်အချက်ကတော့ ကိုယ့်ရဲ့လုပ်ငန်းစဉ်တွေမှာဘယ်လိုလုပ်မယ်။ ဘာတွေ
-
-
Let's Do It
05/11/2020 Duração: 03minနေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်..... လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် နည်းလမ်းလေးတွေကို ဝေမျှထားပါတယ်... Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်.... #padamyarfm #fm #myanmarfm