Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

ဒီနေ့အတွက်စကား I’d rather make a thousand mistakes trying for a better life, not to die not making any mistakes at all. ဘာအမှားမှမလုပ်ဘဲသေဆုံးလိုက်ရမှာထက် ပိုကောင်းတဲ့ဘဝအတွက်ကြိုးစားရင်းအမှားပေါင်းတစ်ထောင်ပြုလုပ်လိုက်ရတာကိုပိုခုံမင်ပါတယ်။အရာခပ်သိမ်းပြီးပြည့်စုံနိုင်ခြင်းမရှိတဲ့ အမှားနဲ့ မကင်းတဲ့လူသားတွေအတွက် ရည်ညွန်းပြောဆိုထားတဲ့စကားတစ်ခွန်းပါပဲ။ ဘယ်သူမှ မိဘကမွေးလိုက်တဲ့အချိန်ကတည်းကပညာတွေတတ်သိနားလည်နေတဲ့သူမရှိပါဘူး။ ဒါကြောင့် လုပ်ရင်းကိုင်ရင်းနဲ့ မှားကြမှာပါပဲ။ အမှားနဲ့ လူသားမကင်းတဲ့ လောက ကြီးမှာအမှားနဲ့နည်းအောင် မှားတဲ့အမှားကိုမှန်အောင်လုပ်လို့ပဲရပါတယ်။ အမှားနဲ့ကင်းအောင်လုပ်လို့ရနိုင်တာတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ဘာဆိုဘာမှမလုပ်တာပါပဲ။ ဘာမှမလုပ်တဲ့အတွက် ဘဝမှာဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူး။ တိုးတက် လာတဲ့ကမ္ဘာကြီးမှာကိုယ်တစ်ယောက်တည်းအမှားနဲ့ကင်းဖို့ ဘာဆိုဘာမှမလုပ်ဘဲနေရင်းအသက်သာသေသွားမယ်။ ဒုံရင်းကဒုံရင်းမကလို့ ဘဝမှာ ကြီးပွားတိုးတက်ဖို့ဝေလာဝေးလို့ အနှုတ်လက္ခဏာသာ ပြပြီးရင်းပြလို့ အောင်မြင်မှုဇယားရဲ့ ဟိုးအောက် ခြေမကအဝီစိအထိရောက်နိုင်ပါတယ်။ ဒါကြောင့် နားဆင်နေကြတဲ့သောတရှင်တွေလည်းသေသေချာချာစဉ်းစားဖို့လိုပါတယ်။ ကိုယ်