Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

Some people dream of success, while others wake up and work hard for it. လူသားတိုင်းလူသားတိုင်းအောင်မြင်မှုဆိုတာကိုလိုချင်ကြပါတယ်။ မက်မောတပ်မက်ကြပါတယ်။ ဒါပေမယ့် လူတိုင်းမအောင်မြင်ကြပါဘူး။ အဲဒါဘာလို့ပါလဲ။ သာတူညီမျှအောင်မြင်ချင်ပေမယ့် ကြိုးစားအားထုတ်မှုအပိုင်းမှာသာတူညီမျှ မကြိုးစားကြပါဘူး။ စိတ်ကူးထဲမှာသန်းကြွယ် သူဌေးကြီးဖြစ်ချင်တဲ့သူက ဖြစ်ချင်တဲ့အချိန်ကတည်းကပိုက်ဆံကို ကြိုးစားရှာရပါမယ်။ ရသမျှကို ခြစ်ချုပ်ပြီးစုရပါမယ်။ ဗလဗွာသုံးလို့မရပါဘူး။စိတ်ကူးထဲမှာအောင်မြင်တဲ့ သိပ္ပံပညာရှင် တစ်ယောက်ဖြစ်ချင်ရင် သိပ္ပံပညာနဲ့ ပတ်သက်ပြီးအခြေခံကနေစပြီးတော့ လေ့လာရပါမယ်။ အချိန်ရှိသလောက် တတ်ကျွမ်းချင်တဲ့ ပညာတွေကိုတစိုက်မတ်မတ် ကြိုးစားသင်ယူရပါမယ်။ သင်ယူပြီးသားပညာရပ်တွေကိုထပ်ခါတလဲလဲလေ့ကျင့်မှတ် သားဖို့ လိုပါတယ်။ အဲဒီအတွက် အားစိုက်ထုတ်မှုတွေ၊ အချိန်တွေလိုပါတယ်။ ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်ချင်ရင်လည်းဒီအတိုင်းဖြစ်လာမှာမဟုတ်ပါဘူး။ အနုပညာနဲ့ ပတ်သက်တဲ့ အရာတွေကိုသင်ယူရပါမယ်။ သရုပ်ဆောင်ဖြစ်ချင်တဲ့သူကသရုပ်ဆောင်ပညာ၊ အဆိုတော်ဖြစ်ချင်တဲ့သူကအဆိုပညာနဲ့ ပတ်သက်တဲ့အရာတွေကိုအချိန်ယူလေ့လာရမှာပါ။ သတိတစ်ခုထားဖို့ကလောကမှာဘယ်အရာကိုမှ အလကားရမှာမဟုတ်ဘူးဆ