Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
ဒီနေ့အတွက်စကား When life gives you a hundred reasons to break down and cry, show life that you have a million reasons to smile and laugh. ဘဝကသင့်ကိုကျရှုံးစေမယ့်ငိုစေနိုင်တဲ့အကြောင်းအရာတစ်ရာလောက်ပေးတဲ့အခါ သင့်မှာပြုံးရွှင်ရယ်မောစရာ အကြောင်းအရင်း တစ်သန်းလောက်ရှိနေကြောင်းပြန်လိုက်ပါ။ လောကရဲ့ထိုးစစ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးဘာပဲဖြစ်နေဖြစ်နေအပြုံးမပျက်နေနိုင်ဖို့ လိုအပ်တဲ့အကြောင်းစိတ်ဓါတ်ကိုဘယ်လိုထားရမလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။ လောကမှာလူရယ်လို့ဖြစ်လာရင် အခက်အခဲတွေကိုတွေ့ကြုံရမယ်။ အတားအဆီးတွေကိုဖြတ်ကျော်ရမယ်။ အနှောင့်အယှက်အဟန့်အတားတွေကိုရင်ဆိုင်ရမယ်။ ဒါတွေကိုတွေ့ကြုံရင်ဆိုင်ဖြတ်ကျော်နိုင်မှသာအနိုင်ရတဲ့လူတော်တစ်ယောက်ဖြစ်လာမှာပါ။ ဒါဟာအမှန်တရားပါပဲ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ လွယ်လင့်တကူအောင်မြင်တဲ့သူတစ်ယောက်ဖြစ်မနေပါဘူး။ အခုချိန် အများကအားကျအတုယူရတဲ့ ထိပ်ဆုံးကလူတွေကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ဘဝအစသမိုင်းအစမှာ ပင်ပန်းဆင်းရဲခံ ပြီး ကျားကုတ်ကျားခဲကြိုးစားခဲ့ကြတဲ့သူတွေချည်းပါပဲ။ အတိတ်မှာသူတို့တွေ ဘယ်နှစ်ကြိမ်လဲကျခဲ့သလဲ။ ဘယ်နှစ်ကြိမ်ငိုညည်းခဲ့ရ သလဲဆိုတာကိုအတိအကျဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အခု