Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
Don’t love what you can’t trust. Don’t hate what you can’t have. Don’t say what you can’t show. Don’t judge what you don’t know. မယုံကြည်ရတဲ့အရာတွေကိုမချစ်ပါနဲ့။ မရနိုင်တဲ့အရာတွေကိုမမုန်းပါနဲ့။ မလုပ်ပြနိုင်တဲ့အရာတွေကိုမပြောပါနဲ့။ မသိတဲ့အရာတွေ အတွက် မဆုံးဖြတ်ပါနဲ့လို့ ဒီနေ့အတွက်စကားရဲ့ ဆိုလိုရင်းကရှိပါတယ်။ ဘယ်လိုကိစ္စရပ်တွေအတွက် မချစ်သင့်တဲ့သူ၊ မမုန်းသင့်တဲ့အရာ၊ မပြောသင့်တဲ့စကား၊ မှတ်ချက်ပေးပြီး မဆုံး ဖြတ်သင့်တဲ့ကိစ္စတွေအကြောင်းပါဝင်တဲ့ စကားတစ်ခွန်းပါ။ ပထမတစ်ခုကတော့ မယုံကြည်ရတဲ့အရာတွေကို မချစ်ပါနဲ့တဲ့။ ဟုတ် ပါတယ်။ မယုံကြည်ရတဲ့အရာတွေမှာ ကိစ္စရပ်တွေလည်း ပါဝင်တယ်။ လူပဂိုလ်တွေလည်းပါဝင်ပါတယ်။ လောကမှာ ယုံကြည်မှု ဆိုတာအရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦးဆက်ဆံရေး မှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်ယုံကြည်မှုကို အခြေခံပါတယ်။ စီးပွားရေး မှာတောင် ယုံကြည်မှုကအခြေခံတဲ့အုတ်မြစ် တစ်ခုလိုအရေးကြီးနေမှတော့ နှလုံးသားရေးရာကိစ္စဆိုရင် ပိုပြီးတော့ အရေးကြီး တယ်ဆိုတာပြောစရာတောင်လိုမယ် မထင်ပါဘူး။ ဒါကြောင့် ကိုယ်မယုံကြည်ရတဲ့သူ ကိုယ့်နောက်ကွယ်မှာ ကိုယ့်ကိုသစ္စာဖောက် နိုင်တဲ့သူ၊ ကိုယ်မကြိုက်တာကို လုပ်မယ့်သူမျိုးကို မချစ်သင့်ပါဘူး။ ချစ်သူဘဝမှာတ