Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:15:00
- Mais informações
Informações:
Sinopse
Respect the old when you are young. Help the weak when you are strong. Confess the fault when you are wrong. Because one day in life you will be old, weak and wrong. ဒီစကားရဲ့ ပထမဆုံးအပိုင်းမှာ ကိုယ့်အနေနဲ့ ငယ်ရွယ်တဲ့အချိန်မှာကိုယ့်ထက်အသက်အရွယ်အရပဲဖြစ်ဖြစ် ဝါသမ္ဘာနဲ့ သမာဓိအရပဲဖြစ်ဖြစ် ကြီးတဲ့သူတွေကိုလေးစားစွာရိုသေစွာဆက်ဆံဖို့ပြောထားပါတယ်။ တစ်ခါတစ်လေမှာကိုယ့်အနေနဲ့ မှန်နေတယ်ဆိုရင်တောင်မှ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကိုကလန်ကဆန်ပြောတာမျိုးတွေမလုပ်သင့်ပါဘူး။ ခေတ်စနစ်ပြောင်းလဲမှုနောက်ကိုသူတို့ မလိုက်နိုင်လို့ ခေတ်မီအကြောင်းအရာတွေကို ကျွန်တော်တို့လောက်မသိရင်တောင်မှ သူတို့ကြုံတွေ့ဖြတ်သန်းလာခဲ့တဲ့ ဘဝရဲ့ အတွေ့အကြုံတွေ အဖြစ်အပျက်တွေကိုသူတို့ထက်အသက်အရွယ်ငယ်တဲ့ ကျွန်တော်တို့တတွေ ဘယ်နည်းနဲ့မှ လိုက်မီမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်အနီးပတ်ဝန်းကျင်က သက်ကြီးရွယ်အိုတွေကိုလေးစားသမှုနဲ့ ရိုသေစွာဆက်ဆံပါ။ တစ်ချိန် မှာလည်း ကျွန်တော်တို့ကိုယ်တိုင်လည်းအိုမင်းတဲ့အရွယ်ကိုအဟုတ်ရောက်လာရဦးမှာပါပဲ။ သင်ငယ်ရွယ်တဲ့အချိန်မှာသက်ကြီးရွယ်အိုတွေကိုရိုသေပါ။ သင့်မှာအားအင်ရှိနေတဲ့အချိန်မှာအားနည်းတဲ့သူတွေကိုကူညီပါ။ သင်မှားတဲ့အခါတိုင်းမှာလည်း အပြစ်က