Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
ဒီနေ့အတွက်စကား Keep little bit of attitude always in your pocket. Don’t use it to hurt others. But use it when your self-respect is being tested by other people! ဒီနေ့အတွက်စကား သင့်ရဲ့သဘောထားအမှန်ကိုသင့်ရဲ့အကျီအိတ်ကပ်ထဲအမြဲတမ်းရှိနေပါစေ။ တခြားသောသူတွေကိုထိခိုက်စေဖို့တော့ မသုံးပါနဲ့။ ဒါပေမယ့် တခြားသူတွေကသင့်ရဲ့ကိုယ့်ကိုကိုယ်လေးစားခြင်းကိုစမ်းသပ်လာရင်တော့ထုတ်သုံးလိုက်ပါ။ ဒီစကားနဲ့ ဆက်စပ်နေတဲ့ မြန်မာစကားပုံတစ်ခုလည်းရှိပါတယ်။ နဂါးမှန်းသိအောင်အမောက်ထောင်ပြဆိုတဲ့စကားပါ။ ဆိုလိုရင်းကတော့ ကိုယ်ဟာ ဘယ်လိုမျိုးစိတ်သဘောထားရှိတယ်။ ဘယ်လိုမျိုးထက်မြက်တယ်။ တမင်သက်သက်ကြီးစော်ကားတဲ့အပြုအမူတွေကိုတော့ လက်သင့်ခံ သည်းညည်းခံနေမှာမဟုတ်ဘူးဆိုတဲ့သဘောပါ။ တခါတလေကြရင် တချို့သောသူတွေက အလိုက်ကန်းဆိုးမသိစွာ နဲ့ ကိုယ့်ကိုပြုမူပြောဆိုတတ်ကြပါတယ်။ ကိုယ်က လူချစ်လူခင်ပြောများချင်တဲ့စိတ်အခြေခံရယ်၊ ရန်မပွားချင်တဲ့စိတ်ရယ်နဲ့ သည်း ညည်းခံလို့ဆက်ဆံတဲ့အခါ၊ သူတို့ပြောသမျှတွေကို စကားနည်းရန်စဲသဘောနဲ့ လိုက်လျောလိုက်တဲ့အခါမှာ တစ်ချို့သော အလိုက်မသိတတ်တဲ့သူတွေက ကိုယ့်ကိုသဘောကောင်းတယ်။ ဘာလုပ်လုပ်လက်ခံမှာပဲဆိုပြီး သူတို့ဖြစ်ချင်တာတွေကို အတင်းကာရောတောင်းဆိုတ