Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
ဒီနေ့အတွက်စကား Be happy with the little that you have. There are people with nothing that still manage to smile. ဒီနေ့အတွက်စကား သင့်မှာရှိနေတဲ့အနည်းငယ်နဲ့ပဲပျော်ရွှင်အောင်နေတတ်ပါစေ။လောကမှာဘာမှမရှိပေမယ့်ပြုံးနေနိုင်ဖို့ကြိုးစားနေတဲ့သူတွေအများကြီးရှိလို့နေပါတယ်။ ဘဝနဲ့ပတ်သက်ပြီးသိထားရမယ့်အချက်တစ်ခုရယ်၊ကိုယ့်ရဲ့စိတ်ထဲကလိုချင်တပ်မက်မှုတွေကိုလျော့ချပြီးကိုယ့်မှာရှိနေတဲ့အရာတွေကိုတန်ဖိုးထားတတ်ဖို့အရေးကြီးတဲ့အကြောင်းကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။လောကမှာကိုယ်လိုချင်တဲ့အရာတိုင်းကိုကိုယ့်အနေနဲ့လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ဆိုတာလူသားတိုင်းမှာမဖြစ်နိုင်ပါဘူး။ဒါကြောင့်လည်းရတာမလိုလိုတာမရဆိုတဲ့မြန်မာစကားပုံတစ်ခုကပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ကိုယ့်အနေနဲ့ကိုယ်လိုချင်တာကိုရဖို့အတွက်တရားသောနည်းနဲ့မျှတစွာရှင်ပြိုင်ပြီးကြိုးစားပိုင်ခွင့်သာရှိပါတယ်။ဒါပေမယ့်သတိထားရမှာကတော့ကိုယ်လိုချင်တာတစ်ခုတည်းအတွက်နဲ့တော့အများသူငါနဲ့သဘာဝတရားနဲ့ပတ်ဝန်းကျင်ကိုမထိခိုက်စေဖို့တော့လိုပါတယ်။ ကိုယ့်အတွက်မရှိမဖြစ်လိုချင်မက်မောတဲ့အရာကကိုယ့်အတွက်ကိုတကယ့်ကိုမှလိုအပ်တဲ့အရာလား။ကိုယ့်တစ်ယောက်အတွက်နဲ့တခြားသူတွေအတွက်ရောထိခိုက်မှုတွေဖြစ်သွားနိုင်မလားဆိုပြီးတွေးတ