Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

ဒီနေ့အတွက်စကား Silence is the best answer to someone who doesn’t value your words. ဒီနေ့အတွက်စကား ကျွန်တော်တို့လူသားတွေဆိုတာ ခံစားတတ်တဲ့ အသည်းနှလုံးပိုင်ရှင်တွေဆိုတော့ ချစ်တတ်တယ်။ ကြည်နူးတတ်တယ်။ ပျော်ရွှင် ဝမ်းသာတတ်တယ်။ ခင်မင်တွယ်တာတတ်တယ်။ အဲဒီအလားတူ မုန်းတီးတတ်၊ ရွံရှာတတ်ကြတယ် မဟုတ်လားဗျ။ အသက်ရှင်နေသမျှ ကာလပတ်လုံးမှာ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ ကိုယ့်အပေါ် ယုတ်မာကောက်ကျစ်တဲ့စိတ်နဲ့ ဆက်ဆံတာ၊ လိမ်လည်လှည့်ဖြားခံရတာ၊ အသုံးချခံရတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်ဘက်ကပေးဆပ်သမျှကိုတွေ့အောင်မရှာတတ်တဲ့၊မြင်နေရင်းကန်းနေတဲ့သူတွေ၊ကိုယ့်ကိုတန်ဖိုးမထား၊ကိုယ်ပြောသမျှအရာမဝင်အလေးမပေးတဲ့သူမျိုးတွေနဲ့လည်းဘဝတကွေ့မှာဆုံနိုင်ပါတယ်။အဲဒီလိုအခြေအနေမျိုးမှာကိုယ့်အတွက်ခါးသီးတဲ့ခံစားမှုတွေ၊ဒေါသတွေ၊နောက်မုန်းတီးတဲ့စိတ်တွေဝင်လာတတ်ပါတယ်။အဲဒီလိုအချိန်မှာကျွန်တော်တို့တတွေဘာလုပ်တတ်ကြလည်းသည်းခံစိတ်တွေထိန်းမရတော့တဲ့အခါမှာရန်ဖြစ်တတ်ကြတယ်။ပတ်ဝန်းကျင်ကိုတောင်မသိနိုင်တော့တဲ့အထိအော်ဟစ်ဆဲဆိုမှုတွေလုပ်မိကောင်းလုပ်မိတတ်ကြပါတယ်။ Silence is the best answer to someone who doesn’t value your words. တကယ်တော့အဲဒီလိုမျိုး ကိုယ်ကလုပ်ဆောင်မိတယ်ဆိုကတည်းကက