Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
ဒီနေ့အတွက်စကား Learn how to: Have Fun without Alcohol. Talk without cellphones. Love without conditions. Dreams without drugs. Smile without selfies. ဒီနေ့အတွက်စကား ကျွန်တော်တို့အနေနဲ့ ဒီဘက်ခေတ်ကြီးထဲမှာ နေထိုင်ရင်း အခုပြောပြပေးခဲ့တာတွေကို လုပ်ဆောင်မိကြရဲ့လား။ တချို့တလေ တော့ လုပ်ဆောင်မိကောင်း လုပ်ဆောင်မိပါလိမ့်မယ်။ များသောအားဖြင့်အချက်တွေကိုတော့ ကျွန်တော်တို့ မေ့လျော့သလို မျိုး ဖြစ်နေတတ်ပါတယ်။ အဲဒါတွေကလည်း အမှန်အတိုင်းပြောရရင် ကိုယ့်အနေနဲ့ မလုပ်ဖူးတဲ့ ခဲရာခဲဆစ်လုပ်ယူရမယ့်အ ရာတွေတော့လည်း ဟုတ်မနေပြန်ပါဘူး။ ဘာတွေများလဲ။ တစ်ချက်လောက်စူးစမ်းကြည့်ရအောင်။ အရက်မသောက်ဘဲ ပျော်ကြည့်ပါ။ ဆဲလ်ဖုန်းတွေမသုံးဘဲ ပြောကြည့်ပါ။ အခြေအနေတွေမပါဘဲ မကြည့်ဘဲ ချစ်ကြည့်ပါ။ ဆေးတွေမသုံးဘဲ အိပ်မက်မက်ကြည့်ပါ။ ဆယ်လ်ဖီမဟုတ်ဘဲ ပြုံးကြည့်ပါတဲ့။ Learn how to: Have Fun without Alcohol. Talk without cellphones. Love without conditions. Dreams without drugs. Smile without selfies. ပထမဆုံးအချက်ဖြစ်တဲ့ အရက်မသောက်ဘဲ ပျော်ကြည့်ပါဆိုတဲ့စကားကို အရင်ခွဲခြမ်းလေ့လာရအောင်။ လူတွေကပြောကြ ပါတယ်။ စိတ်ညစ်လို့အရက်သောက်တယ်။ စိတ်ညစ်စရာတွေကို မတွေးမိအောင် အရက်သေ