Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
ဒီနေ့အတွက်စကား You don’t need money to be rich, open up your doors, heart and mind. Invest in people, friendships and relationships and watch how much you gain back. လောကမှာနေထိုင်ရှင်သန်ကြတဲ့ လူသားတွေအနေနဲ့ ချမ်းသာနိုင်ဖို့အတွက် ငွေကြေး တွေကို ပိုင်ဆိုင်ထားမှသာဆိုတဲ့ အတွေးကမှားနေတဲ့အကြောင်းနဲ့ တကယ်တမ်းချမ်းသာဖို့အတွက်ဆိုရင် ဘာတွေကို လုပ် ဆောင် သင့်သလဲဆိုတာကိုပါ ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာ ငွေကြေးဓနဥစ္စာကြွယ်ဝနေရုံနဲ့ ဘဝမှာ ပြီးပြည့်စုံနိုင်တာမဟုတ်ပါဘူး။ လူသားမှန်ရင် တသီးပုဂလရှင်သန်ရပ်တည်နိုင်စွမ်းဆိုတာ မရှိနိုင်ပါဘူး။ အထူးသဖြင့် တစ်ပင် တည်းထီးထီးကြီးရပ်တည်နေတဲ့ သစ်ပင်ဟာ လေပြင်းမုန်တိုင်းရဲ့ဒါဏ်ကို ခံနိုင်ရည်စွမ်းနိမ့်ပါးသလိုပဲ လူသားမှန်ရင် အပေါင်း အသင်း အသိုက်အဝန်းနဲ့ နေထိုင်ရှင်သန်ရပါတယ်။ ဒါကြောင့်လည်း လောကမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ မိတ်ဆွေသင်္ဂဟအ ရေးတွေက အရေးကြီးတဲ့ အချက်တွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ မိတ်ဆွေသင်္ဂဟပေါများခြင်းဆိုတာ တကယ့်ကိုမင်္ဂလာ တစ်ပါးလည်းဖြစ်ပါတယ်။ ကိုယ့်အတွက် လိုအပ်တဲ့နေရာမှာ လိုအပ် သလို ဆောင်ရွက်နိုင်ဖို့အတွက် ကျောထောက်နောက်ခံ ကောင်းကောင်းသာရှိနေမယ်ဆိုရင် လုပ်ဆောင်မှ