Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
ဒီနေ့အတွက်စကား There’s about to be a shift in your life. Get Ready for your blessings. You’ve been through enough and a breakthrough is on the way. ဒီနေ့အတွက်စကား လူသားတိုင်းဟာဘဝတစ်လျှောက်မှာတစ်သတ်မတ်တည်းမျဉ်းသေတစ်ခုလိုမျိုးရှင်သန်လို့မရပါဘူး။အတက်အကျတွေရှိမယ်။အနိမ့်အမြင့်တွေရှိမယ်။ပြောင်းလဲခြင်းဆိုတဲ့နေရာမှာလည်းအနည်းငယ်ပြောင်းလဲသွားတာမျိုး၊သံတူကြောင်းကွဲပြောင်းလဲသွားတာမျိုးတွေအပြင်လုံး၀ထင်မှတ်မျှော်လင့်မထားရလောက်အောင်ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားတာမျိုးလည်းရှိမယ်။ဒါကိုပဲဘဝလို့ခေါ်ပါတယ်။ အခုလက်ရှိအောင်မြင်နေတဲ့သူတစ်ယောက်အစဉ်ထာဝရသက်ဆုံးတိုင်အောင်မြင်ချင်မှလည်းအောင်မြင်လိမ့်မယ်။မထင်မှတ်ထားတဲ့ဘဝတကွေ့မှာလောကဒဏ်ရဲ့ရိုက်ပုတ်ချက်ကြောင့်ဟာခနဲဆိုသလိုပါးစပ်အဟောင်းသားဖြစ်တဲ့အထိအပြောင်းအလဲတွေဖြစ်သွားနိုင်တယ်။ အခုလက်ရှိဒုက္ခရောက်နေတယ်ဆိုရင်လည်းအဲဒီဒုက္ခဆင်းရဲတွေဟာကိုယ်နဲ့ထာဝရမခွဲအတူရှိနေဦးမှာဆိုပြီးစိတ်ပျက်နေစရာမလိုပါဘူး။ကံတရားဆိုတာကိုဘယ်လူသားမှကြိုတင်မသိနိုင်ပါဘူး။ရာနှုန်းပြည့်မှန်အောင်လည်းဘယ်ရှေးဖြစ်ဟောဆရာကမှမစွမ်းနိုင်ပါဘူး။အဓိကကတော့ပြောင်းလဲမှုတိုင်းကိုလက်သင့်ခံနိုင်အောင်ကိုယ့်ဘက်ကပြင်ဆင်ထားဖို့လိုပါတယ်။