Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
Respect is for those who deserve it, not for those who demand it. ဒီနေ့အတွက်စကား လေးစားမှု။စာလုံးသုံးလုံးထဲပေမယ့်အဓိပ္ပာယ်လေးနက်မှုနဲ့သက်ရောက်မှုကအနှိုင်းမဲ့ပါ။ လူတစ်ယောက်ကိုလေးစားဖို့ဘာတွေလိုလဲ။ဂုဏ်တွေလား။ပညာတွေလား။ငွေကြေးဥစ္စာတွေလား။ရုပ်ရည်ရူပကာလား။အောင်မြင်မှုလား။ လူတစ်ယောက်ဆီကလေးစားမှုရဖို့အတွက်ကရောဘာတွေလိုမလဲ။ပေးဆပ်ခြင်းလား။အောင်နိုင်ခြင်းလား။မေးစရာမေးခွန်းတွေအများကြီးပါ။ အရိုးရှင်းဆုံးအဖြေတစ်ခုကတော့လေးစားထိုက်ဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက်သတ်မှတ်ထားတဲ့စံနှုန်းတွေမတူကြဘူး။တစ်ယောက်ဆီမှာရှိတဲ့အရည်အချင်း။အရည်အသွေး၊ကွဲပြားတယ်။ အထူးသဖြင့်ကိုယ့်မှာမရှိတဲ့အရာရှိတဲ့သူ၊ကိုယ်မစွမ်းဆောင်နိုင်တာကိုလုပ်နိုင်တဲ့သူ၊အများအတွက်ကိုယ်ကျိုးကိုမငဲ့တဲ့သူ။လေးစားခြင်းခံရဖို့အတွက်တကူးတကလုပ်ယူစရာတွေလည်းရှိသလိုလုပ်ယူစရာတွေလည်းအများကြီးပါ။ အရေးကြီးဆုံးကတော့လေးစားထိုက်ဖို့ပါ။