Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
ဒီနေ့အတွက်စကား Never complain about the difficulties in life, Because a director (God) always gives the hardest role to his best actors! လူသားတိုင်းရဲ့ ဘဝကိုယ်စီတိုင်းမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေ ရှိတတ်ပါတယ်။ ဒီလိုမျိုး ဘဝကပေးလာတဲ့ အခက်အခဲတွေကို ကိုယ့်မှာမှဖြစ်ရသလားဆိုပြီး အတွေးမှားလို့ စောဒကတက် နေတာမျိုး၊ စိတ်ထဲမှာ ပူပန်ပြီး စိတ်အားငယ်နေတာမျိုးမဖြစ်စေဖို့အတွက် ဒီစကားက သတိပေးထားပါတယ်။ လောကမှာ ရှင်သန်နေထိုင်ရပ်တည် ရင်းနဲ့ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရုန်းကန်ရင်း ခေတ်ရဲ့အမှီကိုလိုက်ရင်းနဲ့ပဲ လူတွေမှာ အခက်အခဲ ပေါင်းများစွာကို နေ့စဉ်နဲ့အမျှ ကျော်လွှားနေရပါတယ်။ ဒါဟာ လူသားတိုင်းပါပဲ။ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက်တော့ ဘဝကပေးတဲ့သင်ခန်းစာတွေက ဖြေရှင်းရခက်ခဲတဲ့ ပုစ္ဆာတွေပါပဲ။ ဒါတွေကို ကိုယ့်မှာမှ ဖြစ်နေရသလားဆိုပြီး စိတ်ဓါတ်ကျ ဝမ်းနည်းနေတာမျိုးတွေ မဖြစ်သင့်ပါဘူး။ ကိုယ့်မှာလည်း ကိုယ့်အခက်အခဲ နဲ့ကိုယ်ရှိသလို၊ သူများတွေမှာလည်း သူတို့အခက်အခဲ သူတို့အပူနဲ့ သူတို့ရှိနေကြတာပါပဲ။ လူတိုင်းကတော့ ကိုယ့်မှာရှိတဲ့ အခက်အခဲတွေ၊ အပူတွေကိုတော့ အကြီးဆုံးလို့ ထင်ကြတဲ့ သူတွေချည်းပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်ဘဝရဲ့ဇာတ်ခုံမှ