Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
ဒီနေ့အတွက်စကား Choose your partner who is good for you. Not good for your parents. Not good for your image. Not good for your bank account. Chose someone who’s going to make your life emotionally fulfilling. ဒီနေ့အတွက်စကား ဘဝအတွက်ကြင်ဖော်ကြင်ဖက် လက်တွဲဖက်ကိုရွေးချယ်တဲ့အခါမှာ ဘယ်လိုမျိုးလူမျိုး ကို ရွေးချယ်ရမလဲဆိုတာကို အလင်းပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လူဆိုတာ တစ်သက်တာလုံး တစ်ဦးတစ်ယောက်တည်းရပ်တည်နိုင်ဖို့ဆိုတာ ခက်ခဲနိုင်တဲ့အတွက် ဘဝအတွက်လက်တွဲဖော်ဆိုတာ လိုအပ်ပါတယ်။ စီးပွားရေးအရပဲဖြစ်ဖြစ် ချစ် ခြင်းမေတ္တာအရကိုပဲဖြစ်စေ ဘဝအတွက် ကိုယ့်ဘေးနားမှာ ဆိုးတူကောင်းတူရှိနေပေးမယ့်သူကိုရွေးချယ်တဲ့အခါမှာ မှားယွင်းပြီး ရွေးချယ်ခြင်းမပြုမိဖို့သိပ်ကိုမှလိုအပ်ပါတယ်။ ကိုယ့်ဘဝတစ်သက်တာလုံးကိုယ့်အနားမှာရှိနေမယ့် ဘဝရဲ့ကြင်ဖော်ကြင်ဖက်ဆို ရင် ပိုပြီးတော့တောင် သတိထားရွေးချယ်ဖို့လိုပါတယ်။ ပြုပြီးသွားရင် ပြန်ပြင်ဖို့ခက်တဲ့အထဲမှာ အိမ်ထောင်ပြုခြင်းနဲ့ ဘဝလက်တွဲ ဖော်ရွေးချယ်ခြင်းဆိုတာလည်း တစ်ခုအပါအဝင်ဖြစ်နေတဲ့အတွက် အဖက်ဖက်က စဉ်းစားဆင်ခြင်ပြီးမှ ရွေးချယ်တာက အ ကောင်းဆုံးပါပဲ။ ဘယ်အရာကိုပဲလုပ်လုပ် မျက်စိတစ်ဆုံးမျှော်ကြည့်စဉ်းစားဖို့လိုပါတယ်။