Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

ဒီနေ့အတွက်စကား The readiest and surest way to get rid of censure is to correct ourselves. ဒီနေ့အတွက်စကား ပြစ်တင်ရှုံ့ချခြင်းကိုပယ်ရှားဖို့အသေချာဆုံးနည်းလမ်းကတော့ကိုယ်ကိုကိုယ်ပြုပြင်လိုက်ဖို့ပါပဲတဲ့။ဒီစကားကိုပြောခဲ့တဲ့သူကတော့ဂရိလူမျိုးနာမည်ကျော်မိန့်ခွန်းဟောပြောသူ Demosthenes ပါ။ကျွန်တော်တို့တွေလုပ်ကိုင်သမျှမှာအမှန်ကြီးပဲမရှိနိုင်တဲ့အတွက်မရည်ရွယ်ပါဘဲနဲ့တစ်ခါတစ်လေမှာတော့မှားယွင်းမှုတွေဖြစ်တတ်ပါတယ်။အဲဒီအခါမှာကျွန်တော်တို့ကျူးလွန်လိုက်မိတဲ့အမှားကိုအကျိုးသင့်အကြောင်းသင့်လက်ခံတတ်တဲ့သူတွေရှိသလိုလက်မခံနိုင်ဘဲမကောင်းမြင်တဲ့စိတ်နဲ့ပြစ်တင်ရှုံ့ချတတ်တဲ့သူတွေလည်းရှိပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့သူတိုင်းသူတိုင်းလူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုခံယူချက်ခြင်း၊ခံစားချက်ခြင်းမတူကြပါဘူး။တစ်ချို့ကသည်းခံနိုင်စွမ်းမြင့်မားပြီးအရာရာကိုနားလည်ပေးတဲ့သူတွေရှိသလိုသေးသေးမွှားမွှားကိစ္စလေးတွေကိုတောင်မှသည်းညည်းမခံနိုင်တဲ့တစ်မျိုးပြောရရင်ကဲကဲစပ်တဲ့သူတွေလည်းပတ်ဝန်းကျင်မှာကြုံတွေ့ရမှာပါ။အဲဒီလိုလူတွေကကိုယ်တစ်ခါမှားလိုက်မိရုံနဲ့အပြစ်တင်ကဲ့ရဲ့ရှုံ့ချဖို့အသင့်အနေအထားမှာရှိနေသလိုရှိတတ်ပါတယ်။ဒီလိုလူမျိုးတွေနဲ့ဆက်ဆံရတဲ့အခါမျိုးမှာသတိထားသင့်တဲ့အချက်ကိ