Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

A gentleman will open doors, pull out chairs and carry things. Not because she’s helpless or unable, but because he wants to show her that she is valuable and worthy of respect. ဒီစကားကတော့ယောင်္ကျားကောင်းတစ်ယောက်အနေနဲ့ကိုယ်ချစ်တဲ့အမျိုးသမီးတွေအပေါ်ကိုစာနာညှာတာထောက်ထားဖို့လိုအပ်တဲ့အကြောင်းကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။လောကမှာယောင်္ကျားရယ်မိန်းမရယ်လို့ကွဲပြားမှုနှစ်ခုမှာဖွဲ့စည်းတည်ဆောက်ပုံအရအမျိုးသားတွေကအမျိုးသမီးတွေထက်သန်မာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြပါတယ်။ဒါကြောင့်အမျိုးသမီးတွေထက်လည်း ကာယပိုင်းကို အသုံးပြုတဲ့နေရာတွေအလုပ်တွေ ပိုပြီးအလုပ်လုပ်ကိုင်ရလေ့ရှိပါတယ်။ ယောင်္ကျားတစ်ယောက်ကတံခါးကိုဖွင့်ပေးမယ်။ထိုင်ခုံကိုဆွဲထုတ်ပေးမယ်။ပစ္စည်းတွေကူသယ်ပေးမယ်။ဒါတွေဟာအဲဒီအမျိုးသမီးကအကူအညီလိုနေလို့မလုပ်နိုင်လို့မဟုတ်ပါဘူး။သူမဟာသူ့အတွက်အဖိုးတန်တဲ့လေးစားစရာအဖြစ်သိစေချင်လို့ပါ။