Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
It takes years of honesty to build a relationship and only one lie to break it forever. ကောင်းမွန်မှန်ကန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့ရိုးသားမှုတွေနှစ်ပေါင်းများစွာနဲ့တည်ဆောက်ရပေမယ့်တစ်ခုတည်းသောမုသားကတော့ထာဝရပျက်စီးသွားစေနိုင်ပါတယ်တဲ့။ ဒီစကားကတော့အားလုံးကြားသိလိုက်ရတဲ့အတိုင်းပေါင်းသင်းဆက်ဆံရေးနဲ့သက်ဆိုင်တဲ့စကားတစ်ခွန်းပဲဖြစ်ပါတယ်။ပေါင်းသင်းဆက်ဆံရေးဆိုတာလည်းကျွန်တော်တို့ရဲ့ဘဝမှာအရေးပါတဲ့ကိစ္စဖြစ်တဲ့အတွက်ကျွန်တော် Quotesgate.comကနေရှာတွေ့တွေ့ချင်းမှာပဲသောတရှင်တွေအတွက်ဝေမျှပေးခဲ့တာပါ။ကောင်းမွန်မှန်ကန်တဲ့ဆက်ဆံရေးတစ်ခု Relationship တစ်ခုဆိုတဲ့နေရာမှာအလုပ်ခွင်ထဲက လုပ်ဖော်ကိုင်ဘက်အချင်းချင်း ကြားကဆက်ဆံရေးလည်းပါတယ်။အလုပ်ရှင်နဲ့အလုပ်သမားကြားကဆက်ဆံရေးလည်းပါတယ်။ချစ်သူနှစ်ဦးကြားကဆက်ဆံရေးလည်းပါဝင်သလိုမိဘနဲ့သားသမီးကြားကဆက်ဆံရေးတွေ၊နောက်ဆုံးအိမ်ထောင်သည်တွေရဲ့ဆက်ဆံရေးလည်းပါဝင်ပါတယ်။ ပထမဆုံးအနေနဲ့တစ်ဦးပေါ်တစ်ဦးကောင်းမွန်မှန်ကန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့ဒီစကားထဲကအတိုင်းပါပဲ။တစ်ဦးပေါ်တစ်ဦးယုံကြည်မှုဆိုတာမရှိမဖြစ်လိုအပ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှလည်းစီးပွားရေးပဲလုပ်လုပ်၊ကိုယ့်လုပ်ငန်းခွင်မှာပဲအသုံးချချကောင်းမွန်တဲ့ရလာဒ်တွေရလ