Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

Time doesn’t heal anything, it just teaches us how to live with the pain. ဒီစကားကတော့ကျွန်တော်တို့မကြာခဏဆိုသလိုပြောလေ့ရှိတဲ့စကားတစ်ခုနဲ့လုံးလုံးလျားလျားဆန့်ကျင်နေတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။လောကမှာရှင်သန်ရုန်းကန်နေသေးသရွေ့လူသားတိုင်းဟာရှုံးနိမ့်လဲပြိုမှုတွေကိုရင်ဆိုင်ရလေ့ရှိပါတယ်။ဘယ်သောအခါမှပြီးပြည့်စုံခြင်းမရှိတဲ့အတွက်အမှားတွေလုပ်မိတဲ့အခါမှာရှုံးနိမ့်ခြင်းတွေကိုမလိုချင်ဘဲနဲ့ပိုင်ဆိုင်ရမှာပါ။အဲဒီအခါမှာနာကျင်မှုကိုခံစားရတဲ့သူကိုဘေးကလူတွေကအမြဲတမ်းပြောလေ့ရှိကြပါတယ်။ အချစ်ရေးအတွက်အသည်းကွဲဝေဒနာကိုခံစားရတဲ့သူတွေအတွက်ဆိုရင်ပိုပြီးပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။အချိန်ကကုစားပေးမှာပါလို့။ဒါကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူကိုဝမ်းနည်းပူဆွေးခြင်းဝေဒနာကိုမခံစားစေချင်တဲ့ကိုယ်ချင်းစာစိတ်၊သနားတဲ့စိတ်၊ကရုဏာသက်တဲ့စိတ်နဲ့ပြောတဲ့နှစ်သိမ့်စကားဖြစ်ပါတယ်။ဒါကိုလည်းရာနှုန်းပြည့်မှားတယ်လို့ဆိုလိုတာမဟုတ်ပေမယ့်ဒီနေ့အတွက်စကားကတော့အဲဒီစကားနဲ့ဆန့်ကျင်ဘက်ဖြစ်လို့နေပါတယ်။