Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

It’s your life. Don’t let anyone make you feel guilty living it your way. ဒီနေ့အတွက်စကား လောကမှာတစ်ခါတစ်လေသောအချိန်တွေမှာကိုယ့်အနေနဲ့ကိုယ့်ပုံစံအတိုင်းနေထိုင်နေရင်းတပါးသူရဲ့အနှောင့်အယှက်စကားတွေကြောင့်လိပ်ပြာမသန့်သလို၊ကိုယ်ပဲအပြစ်လုပ်ထားသလိုခံစားရတတ်ပါတယ်။အထူးသဖြင့်ပတ်ဝန်းကျင်ကိုအရမ်းဂရုစိုက်လွန်းတဲ့သူတွေ၊ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်အတင်းကြိုးစားနေတဲ့သူတွေဆိုရင်အဲဒီလိုခံစားချက်မျိုးပိုပြီးဖြစ်တည်ခံစားရတတ်ပါတယ်။ငါလုပ်တာများမှားသွားပြီလား။ငါပြောမိတာများလွန်သွားလား။စသဖြင့်တွေးတောသွားမိတတ်ပါတယ်။ ဒီခံစားချက်မျိုးတွေကတော့ပတ်ဝန်းကျင်ကကိုယ့်အပေါ်မကောင်းမြင်သွားမှာကိုကြောက်ရွံ့တတ်တဲ့သူတွေအတွက်ခံစားရနေကျခံစားချက်မျိုးပါ။ဒီလိုနဲ့ကိုယ်လုပ်ချင်တာမလုပ်ရ။ကိုယ်ပြောချင်တာမပြောရတဲ့အခါမှာတစ်ယောက်တည်းရှိနေတဲ့အချိန်မှာဝမ်းနည်းမှုကိုခံစားနေရတတ်ပါတယ်။တကယ်တမ်းတွေးကြည့်မယ်ဆိုရင်မိတ်ဆွေသင်္ဂဟပေါများတယ်ဆိုတာကောင်းပါတယ်။ဒါပေမယ့်မိတ်ဆွေတွေပေါများခြင်းကဘဝရဲ့အရေးပါမှုထဲမှာရာခိုင်နှုန်းအပြည့်အရေးပါနေတာမဟုတ်ပါဘူး။မိမိဘဝကိုမိမိသာပိုင်ပါတယ်။မိမိကြုံတွေ့ရမယ့်ဘဝရဲ့အခက်အခဲတွေကိုမိမိဘာသာရင်ဆိုင်ရမှာပါ။ခင်လှပါတယ်ဆိုတဲ့သူတွေလည်းလာပြီးဖြေရှင်းပေ