Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

You don’t always need a plan. Sometimes you just need to breathe. Trust Let go and see what happen. ဒီနေ့အတွက်စကား တစ်ခါတစ်လေတော့လည်းကြိုတင်ပြင်ဆင်မှုတွေလုပ်နေစရာမလိုပါဘူး။အသက်ကို၀၀ရှုလို့ဘာဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်နေလိုက်ပါတဲ့။ ဒီစကားကတော့စိတ်ထဲကနေကြို တင်ပြင်ဆင်ထားတဲ့ အတိုင်းဖြစ်မလာ တွေအတွက် စိတ်ဓါတ်ကျအားငယ်နေတဲ့သူတွေအတွက်အသိပေးထားတဲ့ စကားတစ်ခွန်းပါ။ တစ်ခါတစ်လေမှာတော့ကျွန်တော်တို့တတွေမျှော် မှန်းထားတဲ့အတိုင်းဖြစ်မလာတာ၊ စီစဉ်ထားတဲ့ပြင်ဆင်မှုတွေ အတိုင်းမဖြစ်သွားတာတွေရှိတတ်ပါတယ်။ကိုယ်ကတော့အသေအချာပြင်ဆင်ထားပါရက်နဲ့တပါးသူရဲ့ပယောဂကြောင့်ပဲဖြစ်ဖြစ်ဖြစ်ချိန်မတန်သေးလို့ပဲဖြစ်ဖြစ်ကိုယ်မျှော်လင့်စောင့်စားစီစဉ်ထားသလိုဖြစ်မလာတဲ့အခါမှာကိုယ်လုပ်ထားပါရက်နဲ့ပျက်ရလေခြင်းဆိုပြီးကျွန်တော်တို့တတွေစိတ်ထဲမှာဝမ်းနည်းမှုကိုခံစားရတတ်ပါတယ်။ကိုယ်များညံ့သွားလို့လားဆိုပြီးတွေဝေတဲ့စိတ်တွေလည်းပေါ်လာတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကကြိုတင်ပြင်ဆင်မှုတွေအရမ်းကိုလုပ်တတ်တဲ့သူပါ။ဘာပဲဖြစ်ဖြစ်ကြိုတင်ပြီးစိတ်ကူးယဉ်တတ်တယ်။ကြိုတင်ပြီးစာရင်းဇယားနဲ့ချပြီးပြင်ဆင်တတ်တဲ့အကျင့်ရှိပါတယ်။ဒါဟာမကောင်းဘူးလားဆိုတော့လည်းမဟုတ်ပါဘူး။ဒါဟာကောင်းတဲ့အချက်တစ်ခုပါ။ဒါ