Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
I am who I am. Not who you think I am. Not who you want me to be. I am me. ဒီစကားကိုပြောခဲ့တဲ့သူကတော့ကနေဒီယန်လူမျိုးစိတ်ဓါတ်မြှင့်တင်ရေးစာရေးဆရာမ Brigitte Nicole ပါ။သူပြောခဲ့တဲ့ဒီစကားကတော့ကိုယ့်ဘဝကိုသူများတွေရဲ့နှိမ့်ချပြောဆိုမှုတွေကြောင့်စိတ်ပျက်အားငယ်နေကျတဲ့သောတရှင်တွေအတွက်ဝေမျှပေးလိုက်ပါတယ်။ငါဟာငါပုံစံအတိုင်းနဲ့ငါပါပဲ။သင်ထင်ထားသလိုမျိုးငါမဟုတ်ပါဘူး။သင်ဖြစ်စေချင်သလိုငါလည်းမဟုတ်ပါဘူး။ငါဟာငါပါပဲ။ ကိုယ့်ကိုမကောင်းမြင်မကောင်းပြောနေတဲ့သူတွေ၊ကိုယ်ဘာလုပ်လုပ်ဘာပြောပြောအနှုတ်လက္ခဏာကိုသာမြင်ပြီးအကောင်းအတိုင်းမမြင်မတွေးပေးတတ်တဲ့သူတွေကိုယ့်ကိုသက်သက်မဲ့နိုင်ထက်စီးနင်းပြီးနှိမ်ချင်တဲ့သူတွေကိုဒီလိုစကားမျိုးကိုစိတ်ထဲမှာအမြဲမှတ်ပြီးနေဖို့ပါ။လူ့လောကမှာအောင်မြင်ဖို့ကြိုးစားကြရင်းနဲ့တစ်ခါတစ်လေလွဲချော်သွားတာမျိုးလည်းရှိတတ်ပါတယ်။ဒီလိုပါပဲ။ကိုယ်ဆက်ဆံနေရတဲ့ပတ်ဝန်းကျင်အတွင်းမှာကိုယ့်အပေါ်ကိုအကောင်းအတိုင်းစေတနာထားပြီးဝေဖန်အကြံပေးမယ့်သူတွေလည်းရှိသလိုကိုယ်ဘာလုပ်လုပ်မကောင်းပြောမယ့်မကောင်းမြင်မယ့်သူတွေလည်းရှိနေတတ်မှာပါ။ဒါကြောင့်ဒီစကားထဲကအတိုင်းမိမိကိုယ်ကိုလိုက်နာကျင့်သုံးနိုင်ဖို့လိုပါတယ်။