Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
When you realize your self worth you’ll stop giving people discounts. သင့်ရဲ့ကိုယ်ပိုင်တန်ဖိုးကိုသတိထားမိလာတဲ့အချိန်မှာတခြားသူတွေကိုလျော့ဈေးပေးနေတာမျိုးကနေသင့်ရပ်တန့်လိုက်ပါလိမ့် မယ်။ သောတရှင်များကြားသိလိုက်ရတဲ့ ဒီနေ့အတွက်စကားကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ ပတ် သက်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ လောကမှာရှင်သန်နေထိုင်ကြတဲ့ လူသားတိုင်းမှာသူ့တန်ဖိုးနဲ့ သူဆိုတာရှိပါတယ်။ တန်ဖိုးဆိုတဲ့အရာကကိုယ်တိုင်သတ်မှတ်လို့ရတဲ့အရာမျိုးမဟုတ်ပေမယ့် ကိုယ်တိုင် မွေးမြူလို့ရတဲ့ ကိုယ့်ရဲ့လုပ်ရပ်တွေပေါ်မှာမူတည် နေတဲ့အတွက် ကိုယ်တိုင်ပြုပြင်လို့ရတဲ့ အရာဖြစ်ပါတယ်။ တခြားသူတွေကသတ်မှတ်ပေးပေမယ့် ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းကသာအဓိကကျတယ်ဆိုတာကိုလည်းမေ့မထားသင့်ပါဘူး။ ဒါကြောင့် ကိုယ်တိုင်ရဲ့ ကိုယ်ပိုင်အရည်အချင်းကိုကိုယ်တိုင်ကထိန်းသိမ်းနိုင်ရပါမယ်။ ကိုယ့်ရဲ့အရည်အချင်းကိုကိုယ်တိုင်မထိန်းသိမ်းနိုင်ဘူးဆိုရင် ဒီနေ့ခေတ်မှာကိုယ်ဟာတန်ဖိုးကျတဲ့သူတစ်ယောက် အဖိုးမတန် တဲ့သူတစ်ယောက်ဖြစ်နေမှာပါ။ ကိုယ့်ရဲ့တန်ဖိုးဆိုတာကကိုယ့်ရဲ့အရည်အချင်းပေါ်မှာသာတိုက်ရိုက်အချိုးကျ ရပ်တည်နေတာပါ။ ဒါကြောင့် တတ်နိုင်သမျှ ကိုယ့်ရဲ့အရည်အချင်းပိုင်းမှာကိုယ်တိုင်ကတောက်ပြောင် အော