Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

Defeat is not the worst of failures. Not to have tried is the true failure. ဆုံးရှုံးခြင်းဆိုတာအဆိုးဆုံးသောကျရှုံးခြင်းမဟုတ်ပါဘူး။ ကြိုးစားမှုမရှိခြင်းကသာကျရှုံးခြင်းအစစ်အမှန်ပါ။ ဒီစကားကိုပြောကြားထားတဲ့ ကမ္ဘာကျော်မဟာလူသားကတော့ စာပေဆိုင်ရာပါရဂူဘွဲ့ရအမေရိကန်လူမျိုး George Edward Woodberry ဖြစ်ပါတယ်။ ဒီစကားထဲမှာဆိုရင်တော့ ကျရှုံးခြင်းအစစ်အမှန်ဆိုတာဘယ်လိုအရာလဲဆိုတာကိုပြောပြထားပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ဘဝတစ်လျှောက်မှာအခက်အခဲတွေ၊ အတားအဆီးတွေကိုတွေ့ကြုံဖြတ်သန်းနေရပါတယ်။ လူသားမှန်ရင် ပြီးပြည့် စုံခြင်းမရှိတဲ့အတွက် ကိုယ်ကျော်ဖြတ်နေတဲ့အခက်အခဲ၊ အတားအဆီးတွေမှာလွဲချော်မှုတွေအမှားတွေပြုလုပ်မိပြီးလိုရင်းအောင် မြင်မှုကိုမရတာမျိုးတွေဖြစ်တတ်ပါတယ်။ ကျရှုံးခြင်းဆိုတာကို ကြိုးစားလုပ်ဆောင်နေတဲ့လူသားတိုင်း ဘဝတစ်ကွေ့မဟုတ်တစ် ကွေ့မှာ ကြုံတွေ့ရမှာပါပဲ။ အဓိကကတော့ ကိုယ့်ဘက်က ကြုံလာတဲ့ ကျရှုံးခြင်းတွေကိုလွယ်လင့်တကူလက်လျော့တာမျိုးမလုပ် ဖို့ပါပဲ။ လွယ်လင့်တကူလက်လျော့လိုက်တာနဲ့ ကိုယ့်အတွက် ကျရှုံးခြင်းတွေကလွဲလို့ တခြားဘာကိုမှရလာမှာမဟုတ်ပါဘူး။ လူတိုင်းမှားကြပါတယ်။ အမှားတွေထဲကနေအမှန်ရအောင်ပြင်နိုင်တဲ့သူ၊ အမှန်ကိုရအောင်ရှာနိုင်တဲ