Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

It’s better to have an enemy who honestly says they hate you than to have a friend who’s putting you down secretly. ပေါင်းသင်းဆက်ဆံရေး နဲ့ ဆက်နွယ်နေတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လောကရဲ့ ခက်ခဲနက်နဲလှတဲ့ ပဟေဋိဆန်ဆန်ကိစ္စရပ် တွေထဲမှာပေါင်းသင်း ဆက်ဆံရေးဆိုတာကလည်းထိပ်တန်းကနေ ရပ်တည်ပါဝင်နေပါတယ်။ အဲဒီလို ရှုပ်ထွေးတဲ့ပေါင်းသင်း ဆက်ဆံရေးမှာ လူသား တိုင်းနဲ့ အချိန် ပြည့်အဆင်ပြေချောမွေ့တဲ့ ချစ်ခင်တဲ့ဆက်ဆံရေးမျိုးဆိုတာကောက်ရိုးပုံထဲမှာအပ်ပျောက် ရှာရသလိုမျိုးခဲယဉ်း လွန်းလှပါတယ်။ ကိုယ့်အတွက် မိတ်ဆွေဆိုတဲ့သူတွေနဲ့ ထာဝရချစ်ခင်ရင်းနှီးနေနိုင်ဖို့အတွက်ဆိုရင်လည်း လိုအပ်ချက်တွေ ပေးဆပ်စရာကိစ္စရပ် တွေကအများကြီးရှိလို့နေပါတယ်။ လူ့လောကမှာတော့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းနဲ့ မိတ်ဆွေသင်္ဂဟပေါများခြင်းဆိုတာကိုမင်္ဂလာတစ်ပါးလို့ သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ပေါင်းနေသင်းနေတဲ့သူတွေ အကုန်လုံးကတော့ ကိုယ့် အတွက် စစ်မှန်တဲ့ အပေါင်းအသင်းတွေဖြစ်နေနိုင်ဖို့ဆိုတာကတော့ သိပ်ကိုမှခက်ခဲသွားပါပြီ။ အမြှီး ကျက်ရင်အမြှီးစားဖို့ အဆင်သင့်ဖြစ်နေကြတဲ့ ဒီနေ့ခေတ်လိုအချိန်ကာလမှာထာဝရမိတ်ဆွေကောင်းဆိုတာ ရှားပါး ကုန်ပစ္စည်း ဖြစ်နေပါပြီ။ အထူးသဖြင့်တော့ ကိ