Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
The truth is not everyone will appreciate what you do for them. You have to figure out who is worth your kindness and who is just taking advantage. အမှန်တရားကတော့ သင်လုပ်ပေးခဲ့သမျှကိုလူတိုင်းကတန်ဖိုးထားမှမဟုတ်ပါဘူး။ ဘယ်သူကတော့ ကြင်နာသနားသင့်တဲ့သူ၊ ဘယ်သူကတော့သူတို့အကျိုးအတွက်ကိုပဲလိုလားတဲ့သူလဲဆိုတာကိုသိမြင်နေဖို့လိုပါတယ်တဲ့။ဒီစကားကလည်း ပေါင်းသင်း ဆက်ဆံရေးနဲ့ပတ်သက်ပြီးသိထားမှတ်သားသင့်တဲ့စကားတစ်ခွန်းပါ။ အရေးကြီးတဲ့ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်အနားမှာရှိနေတဲ့မိတ်ဆွေသင်္ဂဟတွေထဲကမှာဘယ်သူကတော့ မိတ်ဆွေကောင်း မိတ်ဆွေမွန်ဖြစ်ပြီးတော့ ဘယ်သူကတော့ သူတို့အကျိုးအမြတ်ရဖို့သာကိုယ့်ကိုလာပေါင်းသင်းနေတဲ့သူဆိုတာကိုကိုယ်က သိထား မြင်ထားဖို့လိုပါတယ်။ လောကမှာကိုယ် ပြုပေးခဲ့သမျှ ကျေးဇူးတရားတိုင်းကိုတန်ဖိုးအမြတ်တနိုးထားမှာလူတိုင်းပဲလို့ တွေးနေ မိရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။ ကိုယ့်ကြောင့်သူတို့ဘဝတိုးတက်ဖို့အရေးအချိန်မှာတော့ ကိုယ့်အနားမှာ ပန်းအနား ပျားပိတုန်းဝဲသလို ခိုဝဲနေမယ့်သူတွေ ရှိနိုင်ပေမယ့် သူတို့လိုချင်တဲ့ သူတို့ကောင်းကျိုးရလည်းပြီးရောကိုယ်ပြုပေးခဲ့တဲ့ ကျေးဇူး တရားကိုမေ့လျော့ပြီးသူတို့ သွားမယ့်လမ်းကိုသာဘယ်သူမျက်နှာကိုမှ