Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

ဒီနေ့အတွက်စကား I think as you grow older your Christmas list grows shorter, because the gifts you want can’t be bought. ဒီနေ့အတွက်စကား ခရစ်ယာန်ဘာသာဝင်တွေတော်တော်များများခရစ်စမတ်အခါသမယမရောက်ခင်မှာစန်တာကလော့ဘိုးဘိုးကြီးဆီကနေဘယ်လိုလက်ဆောင်မျိုးလိုချင်တယ်ဆိုပြီးခရစ်စမတ်စာရင်းပြောရရင်လိုချင်တဲ့ပစ္စည်းလေးတွေစာရင်းကိုရေးမှတ်ပြီးမြောက်ဝန်ရိုးစွန်းက Saint Nick ဆီကိုပို့တယ်ဆိုတဲ့အလေ့အထလေးရှိတတ်ကြပါတယ်။အဓိကကတော့ကလေးတွေကို လိမ်မာယဉ်ကျေးမှု ရှိစေဖို့ အတွက်လူကြီးသူမတွေကအလေ့အထတစ်ခုကိုပြုစုပျိုးထောင်ပေးခြင်းပါပဲ။တကယ့်ကိုမှချစ်စရာကောင်းတဲ့အလေ့အထတစ်ခုလို့လည်းကျွန်တော်မြင်မိပါတယ်။ ဒီလိုနဲ့ကလေးငယ်လေးတွေကခရစ်စမတ်လက်ဆောင်အဖြစ်သူတို့ လိုချင်တဲ့ပစ္စည်းလေးတွေကိုရေးမှတ်တတ်ကြတယ်။ အဲဒါ ကတော့ခရစ်စမတ်စာရင်း Christmas List ပေါ့ဗျာ။အဲဒီစာရင်းကိုလူကြီးတွေကကြည့်ပြီးတော့ကိုယ့်ရဲ့သားငယ်သမီးငယ်တွေ လိုချင်ကြတဲ့ပစ္စည်းလေးတွေကိုဖြည့်စည်းပေးတတ်ကြတယ်။တွေးကြည့်တိုင်းဒီအလေ့အထလေးကလည်းချစ်စရာကြည်နူးစရာအလေ့အထပါ။