Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
Putting your love, trust and understanding to each other little by little, day by day is the perfect recipe for a stronger relationship. တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ နားလည်ပေးမှုတွေကိုနည်းနည်းချင်းစီ၊ တစ်နေ့ထက်တစ်နေ့ ပေးဆပ်ပျော်ဝင်နေစေခြင်းက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက် ပြီးပြည့်စုံတဲ့နည်းလမ်းတစ်ခုပါပဲတဲ့။ ကောင်းမွန်ပြည့်စုံတဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက် နိုင်ဖို့ ဘယ်လိုအရာတွေကအဓိကလိုအပ်နေသလဲဆိုတာကိုပြောပြထားပါတယ်။ ဒီအရာတွေက ဘာကြောင့်လိုအပ်နေသလဲဆိုတာကို အကျယ်တဝင့်လေ့လာကြည့်လိုက်ရအောင်။ ပထမဆုံးအနေနဲ့တော့ လူနှစ်ယောက်ကြားမှာဆက်ဆံရေးတစ်ခုတည်တံ့ကောင်းမွန်နေစေဖို့အတွက် တစ်ယောက်ကိုတစ်ယောက် မေတ္တာတရားနဲ့ ချစ်ခြင်းဆိုတာတွေ လိုအပ်ပါတယ်။ လူနှစ်ယောက်ကြားမှာမေတ္တာတရားကိုအရင်းခံပြီးချစ်ခြင်းမေတ္တာတွေ ရှင်သန်နေဖို့လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာချစ်ခြင်းမေတ္တာသာမရှိဘူးဆိုရင် ဆက်ဆံရေးတစ်ခုကလည်း ဘယ် နည်းနဲ့မှ ကြာရှည်ရှင်သန်နိုင်မှာမဟုတ် ပါဘူး။ နောက်ထပ်အနေနဲ့ နှစ်ယောက်ကြားမှာတစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု ဆိုတာလိုအပ်ပါတယ်။ ယုံကြည်မှုမရှိတဲ့ ဆက်ဆံရေးတစ်ခုဟာခိုင်ခံ့မှုမရှိတဲ့ကြိုးတံတားတစ်ခုမ