Padamyar FM
ဒီနေ့အတွက်စကား
- Autor: Vários
- Narrador: Vários
- Editora: Podcast
- Duração: 0:03:00
- Mais informações
Informações:
Sinopse
Smile more than you cry, give more than you take and love more than you hate. လူရယ်လို့ဖြစ်လာရင် ခံစားတတ်တဲ့အသည်းနှလုံးနဲ့ စိတ်နေစိတ်ထားကိုပိုင်ဆိုင်ထားတဲ့အတွက် ခံစားချက်ပေါင်းများစွာကိုအသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာခံစားရမှာပါပဲ။ အဲဒီအခါမှာ ဘဝကပေးတဲ့ အခက်အခဲတွေကြောင့် ငိုကြွေးခဲ့ရတာတွေလည်းရှိမှာ ပါ။ လူ့ဘဝကိုစတင်ရောက်ရှိတဲ့အချိန်ကတည်းက ငိုကြွေးခြင်းနဲ့ပဲစတင်ခဲ့သလို၊ နောက်ဆုံးအဆုံးသတ်သေခြင်းတရားမှာလည်းမျက်ရည်စတွေနဲ့သာအဆုံးသတ်ကြတာများပါတယ်။ ဒါကြောင့် ငိုကြွေးခြင်းဆိုတာလူသားတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုအရှိဆုံးအရာပါပဲ။ဒီတော့ ငိုကြွေးရတဲ့ခံစားချက်အရသာကိုလူသားတိုင်းသိကြပါတယ်။ ပူဆွေးခြင်း၊ ပူလောင်ခြင်း၊ စိတ်ပျက်အားငယ်ခြင်းတွေ နဲ့ ငိုကြွေးကြတာများတဲ့အတွက် တကယ်တော့ငိုကြွေးခြင်းဆိုတာမိမိကိုယ်ကိုအပူမီးတွေနဲ့ စွဲဟပ်နေခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ဘဝမှာ ကောင်းမွန်စွာရှင်သန်နေရင်းနဲ့ အေးချမ်းမှုအစစ်ကိုရချင်တယ်ဆိုရင်တော့ တတ်နိုင်သမျှပြုံးပြုံးလေးသာနေပါ။ အခက်အခဲတွေကြုံရပါစေ။ အတိဒုက္ခတွေရောက်နေပါစေ။ ကိုယ့်စိတ်ထဲမှာအေးချမ်းခြင်းကိုသာဆောင်စေမယ့် အပြုံးကိုသာ နှုတ်ခမ်းဖျားထက်မှာမွေးမြူထားပါ။ မိမိကိုယ်တိုင်ရောတပါးသူကိုပါအေ