Padamyar FM

ဒီနေ့အတွက်စကား

Informações:

Sinopse

I am in competition with no one. I run my own race. I have no desire to play the game of being better than anyone. I just aim to improve, to be better than I was before. That’s me, and I’m free. Care Free၊ Stress Free ဆိုတဲ့ ပူပန်မှုကင်းတဲ့၊ စိတ်ဖိစီးမှုတွေ ကနေ ကင်းဝေးတဲ့ဘဝကို လိုချင်ကြတဲ့သူတွေအတွက် နည်းလမ်း ကောင်းတစ်ခုက ဒီနေ့အတွက်စကားမှာပါဝင်နေပါတယ်။ငါဘယ်သူနဲ့မှလိုက်ယှဉ်ပြိုင်မနေပါဘူး။ ငါ့ရဲ့ပြိုင်ပွဲအတိုင်းသာ ငါပြိုင် နေပါတယ်။ တခြားသူထက်သာရမယ်ဆိုတဲ့ ကစားနည်းကိုလည်းကစားမှာမဟုတ်ပါဘူး။ အရင်တုန်းကငါထက် အခုငါပိုပြီး တိုးတက်ဖို့ပဲရည်ရွယ်ပါတယ်။ ဒါဟာလွတ်လပ်တဲ့ ငါပါပဲ။ ကျွန် တော်တို့တတွေ လောကကြီးမှာရှင်သန်ရုန်းကန်နေရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟမီးတွေ၊ မလိုခံခက်ခံစားချက်တွေ၊ မစ္ဆာရိယမနာလိုမှုတွေကိုခံစားရင်းနဲ့ အပူကြီးပူနေတတ်ပါတယ်။ တကယ်တော့ လူဖြစ်လာပြီဆိုတာကတကယ့်ကိုမှ ကုသိုလ်ကံတရားအကျိုးပေးကောင်းလွန်းလို့ဖြစ်လာတာပါ။ ဒီလိုမျိုးလူ့ဘဝမှာ ဘာရယ် မဟုတ်ဘဲအပူမီးတွေနဲ့ ဖြတ်သန်းရင်းအဓိပ္ပာယ်မရှိအချိန် တွေကုန်လို့ကုန်မှန်းမသိကုန်ဆုံးနေမယ်ဆိုရင်တော့ လူဖြစ်လာရတဲ့ ဘဝက အလကားပဲဖြစ်နေတော့မှာပါ။