Informações:
Sinopse
Wherever you go PadamyarFM will be there with you...
Episódios
-
မနောမြေမှတေးသံသာ
19/07/2020 Duração: 25minပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေကြအတိုင်း ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့တေးသီချင်းကောင်းတွေကို ရွေးချယ်လို့တင်ဆက်ပေးတော့မယ့် မနောမြေမှတေးသံသာ အစီအစဉ် ဖြစ်ပါတယ်၊ စောင့်မျှော်နားဆင်ပေးပါဦးနော် ............
-
ဒီနေ့အတွက်စကား
19/07/2020 Duração: 03minဒီနေ့အတွက်စကား Success seems to be connected with action. Successful people keep moving. They make mistakes, but they don’t quit. အမှားနဲ့မကင်းတဲ့လူသားတွေအတွက်သိထားစရာစကားတစ်ခွန်း၊အောင်မြင်ဖို့ရုန်းကန်နေရင်းနဲ့အားလျော့နေကြတဲ့သူတွေအတွက်သိထားစရာစကားတစ်ခွန်းပါ။ဒီစကားထဲကအတိုင်းပါပဲ။လူသားတိုင်းလူသားတိုင်းအမှားနဲ့မကင်းကြပါဘူး။အရာခပ်သိမ်းပြီးပြည့်စုံခြင်းမရှိတဲ့လူသားတွေအဖို့လုပ်ရင်းကိုင်ရင်းတစ်ချိန်မဟုတ်တစ်ချိန်တစ်ကွေ့မဟုတ်တစ်ကွေ့မှာမှားယွင်းမှုတွေကိုကြုံတွေ့ရနိုင်ပါတယ်။လူဆိုတာမှားမှာပါပဲ။မှားမှာဆိုးပြီးမလုပ်ရင်ဘာမှလည်းတတ်မှာမဟုတ်တော့ပါဘူး။ဒါကြောင့်ကိုယ့်အလုပ်မှာကိုယ်ကမှားယွင်းမှုတွေလုပ်မိပြောမိတယ်ဆိုရင်စိတ်ဓါတ်မကျပါနဲ့။ လူတိုင်းမှားယွင်းဖူးပါတယ်။အထူးသဖြင့်အလုပ်လုပ်တဲ့သူတွေကပိုပြီးမှားတတ်ကြပါတယ်။ကိုယ်လုပ်လိုက်လို့မှားသွားတယ်ဆိုပြီးအဲဒီအလု
-
-
-
-
-
ဒီနေ့အတွက်စကား
15/07/2020 Duração: 03minLove Your Family. Spend Time, be kind and serve one another. Make no room for regrets. Tomorrow is not promised and today is short. ၂၀၂၀ ဖေဖော်ဝါရီ တရုတ်နိုင်ငံ မြို့တစ်မြို့ကနေ စတင်ခဲ့တဲ့ ကပ်ရောဂါ ဆိုးတစ်ခုကြောင့် ကျွန်တော်တို့တစ်ကမ္ဘာလုံးက ပြည်သူတွေ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ရောဂါကာကွယ်ခဲ့ကြရပါတယ်။ တချို့အတွက်ကတော့ အလွန်တရာကြောက်မက် ဖွယ်ရာအတိတ်ဆိုးတစ်ခုဖြစ်ခဲ့ကြသလိုဘဲ လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။ ထို့အတူပဲ အဆိုးထဲကနေ အကောင်း တစ်ခုကို ကျွန်တော်တို့ မြင်အောင်ကြည့်ခွင့်ရခဲ့ပါတယ်။ ဒါကတော့ အနှစ်နှစ်အလလက မေ့လျော့နေခဲ့တဲ့ မိသားစုကို အချိန်ပေးဖို့နဲ့ မိသားစုနဲ့ တန်ဖိုးရှိပြီးလှပတဲ့ တဒင်္ဂလေးတွေကို ဖန်တီးယူဖို့ပါပဲ။ ကျွန်တော်တို့ရှင်သန်ရာလူ့လောကကြီးက တစ်ရက်ပြီးတစ်ရက် ပိုပြီးတိုးတက်လာတယ်။ ထို့အတူပဲ လိုအပ်ချက်တွေက လည်း တစ်ရက်ပြီးတစ်ရက် ပိုပိုလို့ များလာပါတယ်။ နိစ္စဒူဝ စားဝတ်နေရေးအပြင်ကိုမှ လူတန်းစေ့နေနိုင်ရေး လူ့အောက်မ ကျရေးစတဲ့အချက်တွေကြောင့်ရော လူတွေဟာ မောဟတွေများလာတယ်။ ထို့အတူပဲ ခေတ်ရဲ့နောက်ကို မမောတမ်း မောနေ ရင်တောင်မှ မောမှန်းမသိလောက်အောင်ကို တစ်ကောက်ကောက်လိုက်လို့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ကြပါတယ်။ မိမိ
-
THE LIFE
14/07/2020 Duração: 15minဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ် ။ ယခုတစ်ပတ်မှာ သရုပ်ဆောင် အကယ်ဒမီ မင်းဦး ရဲ့ ဘဝအကြောင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်... လူတိုင်းမှာ စိတ်ကူးအိပ်မက် တွေရှိကြပါတယ်.... စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ကြတဲ့နေရာမှာ ကြိုးစားအားထုတ်မူတွေ၊ ဝီရိယ စိုက်ထုတ်မူတွေနဲ့ ခက်ခဲစွာ ဖြတ်သန်းရမှာပါ..... သရုပ်ဆောင် အကယ်ဒမီ မင်းဦး ငယ်စဉ်ဘဝ အိပ်မက်က အင်ဂျင်နီယာ ဖြစ်ဖို့ပါ .... သူရဲ့ငယ်ဘဝ အိပ်မက်ကို စွန့်လွတ်ပြီး သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ ဘာလို့ရွေးချယ်ခဲ့လဲ ဆိုတဲ့ အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်......
-
ဒီနေ့အတွက်စကား
14/07/2020 Duração: 03minSomebody didn’t wake up today, but you did. That’s enough reason to stop complaining, and that’s enough to be thankful for. Never let your troubles blind you to your daily blessings. ဒီစကားကိုပြောကြားထားတဲ့သူကတော့နာမည်ကျော်အမေရိကန်Football Player တစ်ဦးဖြစ်တဲ့ Trent Shelton ပါ။ နေ့စဉ်နဲ့အမျှဒီကမ္ဘာပေါ်ကိုလူသားအသစ်တွေမွေးဖွားသန့်စင်လာသလိုပဲတချို့သောလူသားတွေလည်းသေခြင်းတရားကိုရင်ဆိုင်ရင်းဒီလောကထဲကနေထွက်ခွာသွားကြပါတယ်။ဒါပေမယ့်ဒီနေ့မှာလောကကနေနှုတ်ဆက်ထွက်ခွာသွားရတဲ့သူတွေထဲမှာအခုဒီအစီအစဉ်ကိုနားဆင်နေကြတဲ့သူတွေအားလုံးမပါဝင်ပါဘူး။ဒီတော့အသက်ရှင်နေသေးသမျှအရာအားလုံးကိုသက်ရှိလူသားတိုင်းလုပ်ဆောင်နိုင်ပါတယ်။ ကွေးသောလက်မဆန့်မှီဆန့်သောလက်မကွေးမှီလူတိုင်းနှုတ်ဆက်သွားနိုင်တဲ့ဒီလောကကြီးထဲမှာအသက်ရှင်နေသေးတယ်ဆိုကတည်းကကျေးဇူးတင်စရာကောင်းချီးတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ကြုံနေရတဲ့အခက်အခဲတွေအတွက်စောဒကတက်နေမိနေတယ်ဆိုရင်ဒီမျှတင်ရပ်တန့်လိုက်ပါ။အသက်ရှိနေသမျှအခုကြုံနေသမျှပြဿနာတိုင်းကိုကျော်လွှားနိုင်ပါတယ်။အခုကြုံနေရတဲ့အခက်အခဲတွေဆိုတာနောင်တစ်ချိန်မှာအတွေ့အကြုံဆိုတဲ့ဘာနဲ့မှလဲလို့မရတဲ့အရာတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့အတွက်အခွင့်အရေးကောင်းတစ
-
-
-
-
-
ဒီနေ့အတွက်စကား
12/07/2020 Duração: 03minဒီနေ့အတွက်စကား If you walked away from a toxic, negative, abusive, one-sided, dead-end low vibrational relationship or friendship you won. ပေါင်းသင်းဆက်ဆံရေး။ လွယ်မလိုနဲ့ခက်၊ တိမ်မယောင်နဲ့နက်တတ်ပါတယ်။ အထူးသဖြင့် ကိုယ့်အတွက် ကောင်းသူကိုပဲ လိုချင်နေလို့မရသလို၊ ဆိုးသူ တွေကို ပြန်လည်တုန့်ပြန်တဲ့နေရာမှာလည်း ပညာသားပါဖို့လိုပါတယ်။ ကိုယ့်အပေါ်မကောင်းတဲ့သူကို သူလည်းမကောင်းတာ ကိုယ်လည်းမကောင်းနိုင်ဘူးဆိုပြီး သူပြိုင်ကိုယ်ပြိုင် ဆိုးကြတဲ့အတွက် ဒီ ကမ္ဘာမှာ မငြိမ်းသောအပူမီးတွေများခဲ့ပြီးပါပြီ။ ပါးရိုက်ရင်နားကိုက်မယ်ဆိုပြီး ရန်လိုမှုတွေကြောင့်ပဲ စစ်ပွဲတွေလည်း ဖြစ်ခဲ့ပြီးပါပြီ။ ဒါကြောင့် ကိုယ့်အတွက် မကောင်းတဲ့ဆက်ဆံရေးတွေကို ဘယ်လိုမျိုး ပြန်လည်တုန့်ပြန်ကြမလဲ။ သိပ်ကိုမှ ပညာသားပါပါတယ်။ အရင်ဆုံး ဘယ်သူကောင်းကောင်း ဆိုးဆိုး ကိုယ့်ဘက်က စပြီး ဆိုးမိတာမျိုးမလုပ်မိပါစေနဲ့။ သူတို့ဆိုးတာ သူတို့သမိုင်းဖြစ်သလို ကိုယ်ဆိုးတာကလည်း ကိုယ့်သမိုင်းဖြစ်နေမှာပါ။ ကိုယ့်သမိုင်းလှဖို့ ကိုယ်တိုင်ရေးချယ်ရမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့သမိုင်းကြောင်းကို ကောင်းခြင်းတွေနဲ့ပဲ ချယ်မှုန်းထားဖို့လိုပါ တယ်။ ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ့်ဘက်
-
ပြောကြည့်
11/07/2020 Duração: 15minလူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ ပရိသတ်တွေက ပတ္တမြား FM အစီစဉ်တင်ဆက်သူ DJ တွေနဲ့ပတ်သက်ပြီး ရင်ထဲက အမှန်တရားတွေကို ပြောထားကြတဲ့ ပြောကြည့် အစီအစဉ်ပဲဖြစ်ပါတယ်....... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
-
ဒီနေ့အတွက်စကား
11/07/2020 Duração: 03minဒီနေ့အတွက်စကား 8 Scientific ways to be happy. Meditate. Plan a trip. Spend time with family and friends. Practice smiling. Sleep more. Practice gratitude. Help others. Exercise. ပျော်ရွှင်ဖို့အတွက် သိပ္ပံနည်းကျ နည်းလမ်း၈ခု။ တရားထိုင်ပါ။ ဝင်လေထွက်လေကို သတိထားနေရင်း၊ တရားသောအကျင့်ကိုကျင့်နေရင်းနဲ့ အတိုင်းမသိတဲ့ အေးချမ်းမှုကို ခံစား ရပါလိမ့်မယ်။ အေးချမ်းရင်းနဲ့ ပျော်ရွှင်လာပါလိမ့်မယ်။ ခရီးတစ်ခုစီစဉ်ပါ။ နေ့စဉ်မွန်းကြပ်မှုတွေကနေ ခေတ္တခဏရှောင်တိမ်းနိုင်မယ့် ခရီးတစ်ခုကို စီစဉ်ကြည့်ပါ။ ခရီးသွားနေစဉ် ပျော် ရွှင်နိုင်သလို ခရီးကပြန်လာချိန်မှာလည်း ပေါ့ပါးပြီး ထူးခြားတဲ့ အတွေးအခေါ်အယူအဆအသစ်တွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ မိသားစု၊ မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းပါ။ အလုပ်ပြီးရင်း အလုပ်နဲ့ ယန္တရားဆန်နေတဲ့ကိုယ့်ရဲ့ဘဝကိုစာနာပေးနိုင်မယ့် မိသားစု နဲ့အတူ မိတ်ဆွေတွေနဲ့အတူ အချိန်တချို့ကို ဖြတ်သန်းပါ။ နွေးထွေးမှုတွေကနေ ပျော်ရွှင်မှုကိုရပါလိမ့်မယ်။ပြုံးနိုင်အောင်လေ့ကျင့်ပါ။ ဘယ်လိုကိစ္စမျိုးနဲ့ပဲ ကြုံရကြုံရ ကိုယ့်အနေနဲ့ အမြဲတမ်းပြုံးနေနိုင်အောင် ကြိုးစားပါ။ အောင်မြင်ရင် လည်း လက်ခမောင်းခတ်အော်ဟစ်ပျော်နေမယ့်အစား ပြုံးပါ။ ရှုံးနိမ
-
ဒီနေ့အတွက်စကား
10/07/2020 Duração: 03minဒီနေ့အတွက်စကား There’s about to be a shift in your life. Get Ready for your blessings. You’ve been through enough and a breakthrough is on the way. ဒီနေ့အတွက်စကား လူသားတိုင်းဟာဘဝတစ်လျှောက်မှာတစ်သတ်မတ်တည်းမျဉ်းသေတစ်ခုလိုမျိုးရှင်သန်လို့မရပါဘူး။အတက်အကျတွေရှိမယ်။အနိမ့်အမြင့်တွေရှိမယ်။ပြောင်းလဲခြင်းဆိုတဲ့နေရာမှာလည်းအနည်းငယ်ပြောင်းလဲသွားတာမျိုး၊သံတူကြောင်းကွဲပြောင်းလဲသွားတာမျိုးတွေအပြင်လုံး၀ထင်မှတ်မျှော်လင့်မထားရလောက်အောင်ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားတာမျိုးလည်းရှိမယ်။ဒါကိုပဲဘဝလို့ခေါ်ပါတယ်။ အခုလက်ရှိအောင်မြင်နေတဲ့သူတစ်ယောက်အစဉ်ထာဝရသက်ဆုံးတိုင်အောင်မြင်ချင်မှလည်းအောင်မြင်လိမ့်မယ်။မထင်မှတ်ထားတဲ့ဘဝတကွေ့မှာလောကဒဏ်ရဲ့ရိုက်ပုတ်ချက်ကြောင့်ဟာခနဲဆိုသလိုပါးစပ်အဟောင်းသားဖြစ်တဲ့အထိအပြောင်းအလဲတွေဖြစ်သွားနိုင်တယ်။ အခုလက်ရှိဒုက္ခရောက်နေတယ်ဆိုရင်လည်းအဲဒီဒုက္ခဆင်းရဲတွေဟာကိုယ်နဲ့ထာဝရမခွဲအတူရှိနေဦးမှာဆိုပြီးစိတ်ပျက်နေစရာမလိုပါဘူး။ကံတရားဆိုတာကိုဘယ်လူသားမှကြိုတင်မသိနိုင်ပါဘူး။ရာနှုန်းပြည့်မှန်အောင်လည်းဘယ်ရှေးဖြစ်ဟောဆရာကမှမစွမ်းနိုင်ပါဘူး။အဓိကကတော့ပြောင်းလဲမှုတိုင်းကိုလက်သင့်ခံနိုင်အောင်ကိုယ့်ဘက်ကပြင်ဆင်ထားဖို့လိုပါတယ်။
-
Song For
09/07/2020 Duração: 25minပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။ သောတရှင်များအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ Song For အစီအစဉ်ပဲ ဖြစ်ပါတယ်....... ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်...... ဒီတပတ်မှာတော့ ပဲခူးမြို့ရှိ ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူ ယုဇနမှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော်နားဆင်နိုင်ပါတယ်.........
-
Knowledge For All
09/07/2020 Duração: 15minဉာဏ်ကို ဉာဏ်ခြင်းယှဉ် တဲ့ခေတ် New World..... ရင်ဆိုင်ယှဉ် ပြိုင်ဖို့အတွက် Are You Ready? အရာရာတိုင်း အတွက် ခေတ်သစ်ကြယ် knowledge ....... ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ... လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . . . . . တာဝန်ယူမူ၊ တာဝန်ခံမူ ဆိုတဲ့အကြောင်းအရာနှင့်ပတ်သက်ပြီး PS Business School မှဆရာဦးမျိုးမင်းမှ ဝေမျှပေးထားပါတယ်........