Padamyar FM

  • Autor: Vários
  • Narrador: Vários
  • Editora: Podcast
  • Duração: 127:25:23
  • Mais informações

Informações:

Sinopse

Wherever you go PadamyarFM will be there with you...

Episódios

  • ဒီနေ့အတွက်စကား

    04/04/2020 Duração: 03min

    Watch your words when you are with people and your thoughts when you are alone. ဒီစကားလေးကတော့ ဘယ်လိုမျိုးအချိန်တွေမှာကိုယ့်ရဲ့ အပြုအမူတွေကိုသတိထားဖို့လိုသလဲဆိုတာကိုသတိပေးထားတဲ့ စကား လေးပါ။ တပါးသူတွေနဲ့ရှိနေတဲ့အခါမှာကိုယ်ပြောလိုက်တဲ့စကားတွေကိုသတိထားပါတဲ့။ ဟုတ်ပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားဆိုတာကိုယ့်ရဲ့သွင်ပြင်ကိုယ့်ရဲ့ အရိပ်တစ်ခု၊ ကိုယ့်ရဲ့အဆင့်အတန်းအဖြစ်နဲ့ ရှိနေတတ်တဲ့အတွက် ကိုယ်ပြောလိုက်တဲ့ စကားကသူများအတွက်လည်းအကျိုးရှိတဲ့ ကိုယ့်အတွက်လည်းအကျိုးမယုတ်တဲ့ မှန်ကန်တဲ့စကားဖြစ်ဖို့လိုပါတယ်။ ထွက်ပြီးသား ဆင်စွယ်ဆိုတာ ပြန်ဝင်ရိုး ထုံးစံမရှိသလိုကိုယ်ပြောပြီးသားစကားကလည်း ပြန်သိမ်းလို့မရနိုင်တဲအတွက် အထူးဆင်ခြင်သင့် လှပါတယ်။ လောကမှာအရေးကြီးတဲ့ ပေါင်းသင်းဆက်ဆံရေးကိုပိုမိုချောမွေ့ပြေပြစ်သွားစေတာကလည်းကိုယ့်ရဲ့စကားပဲဖြစ်သလို ပြဿနာတွေ တက်လို့ တစ်ခါတည်းဆက်ဆံရုံနဲ့ နောက်ပိုင်းမှာဆက်ဆံရေးပျက်ပြားသွားတဲ့အထိကိုလည်းကိုယ့်ရဲ့စကား တစ်ခွန်းကလုပ်ဆောင်နိုင်တဲ့အတွက် အများနဲ့ဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့စကားတစ်ခွန်းကိုပြောသင့်မပြောသင့်ကိုသေသေ ချာချာစဉ်းစားဆင်ခြင်ပြီးမှ ပြောသင့်ပါတယ်။ တစ်ချို့တော့ ကျုပ်တို့ကစကားဆိုရင်ဒဲ့ပဲပြောတတ်တယ်။ ဟန်ဆောင်ထ

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    03/04/2020 Duração: 11min

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

  • ဒီနေ့အတွက်စကား

    03/04/2020 Duração: 03min

    Most of the problems in life are because of two reasons: we act without thinking or we keep thinking without acting. ကျွန်တော်တို့အားလုံး ပြဿနာတွေဖြစ်ဖူးကြပါတယ်။ တစ်ဘက်နဲ့တစ်ဘက် မကျေလည်မှုတွေကတဆင့် စကားများရန်ဖြစ်တာပဲဖြစ်ဖြစ် ပြဿနာဆိုတာပေါင်းသင်းဆက်ဆံရေးမှာဒွန်တွဲပြီးပါနေတတ်တဲ့အရာတစ်ခုပါ။ လူတိုင်းကတော့ ပြောကြပါတယ်။ ပြဿနာရဲ့အရင်းအမြစ် ကိုရှာဖို့ထက် ပြဿနာရဲ့အလွန်မှာဘာတွေဖြစ်ပျက်ကျန်ခဲ့မလဲဆိုတာကိုတွေးပြီးမှ ပြဿနာဖြစ်ကြ ပါတဲ့။ ဒါကလည်းမှန်သင့် သလောက်မှန်ပါတယ်။ သေချာတာတစ်ခုကတော့ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖက်နဲ့ တစ်ဖက် ရန်တွေဖြစ်ကြ၊ ပြဿနာတွေတက်ကြတယ်ဆိုရင် နှစ်ဘက်စလုံးအတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးကိုပျက်ပြားစေနိုင်တာတော့အမှန်ပါပဲ။ အပေါင်းလက္ခဏာတော့ ဘယ်တော့မှဆောင်နိုင်မှာမဟုတ်တာအသေအချာပါပဲ။ ဒါကြောင့် သူတင်းရင်းကိုယ်ကလျော့ ကိုယ်တင်းရင် တဖက်လူကလျော့ဖို့လိုပါတယ်။ ထို့အတူ ပြဿနာဘာကြောင့်ဖြစ်ရလဲဆိုတာကိုလည်းသိထားမယ်ဆိုရင် မဖြစ်ခင်ကတည်းကရှောင်စရာရှိတာရှောင်ကြဉ်နိုင်မှာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဘ၀ မှာဖြစ်သမျှ ပြဿနာတိုင်းရဲ့ အရင်းအမြစ်ကိုကြည့်မယ် ဆိုရင် အခြေခံအကြောင်းပြချက်က နှစ်ခုတည်းရှိပါတယ်။ ပြဿနာတွေ အမျိုးအစားမတူညီပေမယ့်

  • ဒီနေ့အတွက်စကား

    02/04/2020 Duração: 03min

    Learn the art of growing without losing your inner child. သင့်ရဲ့အတွင်းထဲကကလေးစိတ်ကိုမဆုံးရှုံးစေဘဲ ကြီးပြင်းလာအောင် ကြိုးစားသင်ယူကြည့်ပါလို့ ဒီနေ့အတွက်စကားကဆိုပါတယ်။ ဒီစကားကိုရုတ်တရက်ကြီးကြားတဲ့အချိန်မှာတော့ အနည်းငယ် စိတ်ထဲမှာတွေးမိမယ်လို့ထင်ပါတယ်။ ကိုယ့်ရဲ့ အတွင်းကလေးစိတ်ကိုမဆုံးရှုံးစေဘဲ ကြီးပြင်းလာအောင် ကြိုးစားသင်ယူရမယ်ဆိုတာဘယ်လိုကြီးလဲလို့ မေးခွန်းတွေလည်းထုတ်မိမယ်လို့ထင်ပါတယ်။ တကယ်တမ်းသေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကိုယ့်အတွင်းကလေးစိတ်ဆိုတာ ဖြူစင်ရိုးသားတဲ့စိတ်အခြေခံကိုပြောတာပါ။ ကလေးစိတ်ဆိုတော့ အချိန်တန်စားမယ်။ သောက်မယ်။ ကိုယ့်ရဲ့မြင်မြင်သမျှကိုကိုယ်နဲ့ထပ်တူရိုးသားစွာဆက်ဆံတတ်တယ်။ လိမ်ညာကောက်ကျစ်တဲ့စိတ်ဆိုတာလည်းဘာဆိုဘာမှန်းမသိတဲ့အတွက် အဖြူထည်အရမ်းဆန်ပါတယ်။ ဒေါသတွေဆိုတာလည်းမဆိုစလောက်ကလွဲရင် ဘာမှမသိ၊ လောဘဆိုတာလည်းမရှိသလောက် နည်းပါးပြီး၊ မောဟလည်းကင်းတဲ့ကလေးစိတ်ကတကယ့်ကို ဖြူစင်ရိုးသားပါတယ်။

  • ဒီနေ့အတွက်စကား

    01/04/2020 Duração: 03min

    You cannot travel back in time to fix your mistakes,bit you can learn from them and forgive yourself for not knowing better. သင့်အနေနဲ့အတိတ်ကအမှားတွေကိုပြင်ဆင်ဖို့အချိန်ကိုနောက်ပြန်လှည့်လို့မရပေမယ့် မှားခဲ့တာတွေကနေလေ့လာသင်ယူပြီးအဲဒီအချိန်တုန်းကသင်မသိခဲ့တာတွေအတွက် သင့်ကိုယ်သင်ပြန်ပြီးခွင့်လွတ်လို့ရပါတယ်တဲ့။ ဒီစကားကိုပြောခဲ့တဲ့သူကတော့နံမည်ကျော် Baseball ကစားသမားကြီးLeonBrownပါ။ အားကစားသမားတစ်ယောက်ဖြစ်တဲ့ အတွက် သူပြောတဲ့ဒီစကားကတကယ့်ကိုမှ လက်တွေ့ဆန်ပြီးအားလုံးအတွက် မှတ်သားစရာကောင်းတဲ့အတွက် ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။  လူတိုင်းလူတိုင်းဟာအမှားနဲ့မကင်းကြပါဘူး။ လူသားတိုင်းရှင်သန်ရာ ဘ၀ တကွေ့မှာအမှားအယွင်းတစ်ခုမဟုတ်တစ်ခုကိုလုပ်မိတတ်ကြပါတယ်။ ပြောမိတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အမှားကိုကိုယ် သိတဲ့အချိန်မှာအချိန်မှီအမှန်ပြင်ဖို့သာလိုအပ် ပါတယ်။ တချို့ကတော့ မှားခဲ့ဖူးတဲ့အတိတ်ကအဖြစ်အပျက်တွေကို ပြန်လည် တွေးတောပြီးငါမပြောမိခဲ့ရင်အကောင်းသား၊ ငါလုပ်မိတာမှားလေခြင်းဆိုပြီးနောင်တတွေတွင်တွင်ရနေတတ်ပါတယ်။ ဒါပေမယ့် နောင်တဆိုတဲ့သဘောအတိုင်းနောင်မှတရတာဖြစ်တဲ့အတွက် မှားခဲ့တဲ့အမှားတွေကတော့ ကိုယ်ကလုပ်ဆောင်ကျူးလွန်ပြီးနေပါပြီ။ ဘယ်နည်းနဲ့မှ ပြန်လည

  • ဒီနေ့အတွက်စကား

    31/03/2020 Duração: 03min

    A very true fact: When we start giving too much importance to someone in our life, we tend to lose our value in their life. အမှန်ဆုံးသောအချက်တစ်ခု၊ တစ်စုံတစ်ယောက်အတွက် ကိုယ့်ဘက်ကအရေးကြီးမှုတွေကိုပေးအပ်လိုက်တဲ့အချိန်က သူတို့ဘ၀ အတွက် ကိုယ့်ရဲ့တန်ဖိုးတွေလျော့ကျဖို့အတွက်လမ်းစပါပဲတဲ့။ ဒီစကားကတော့ လောကမှာအရေးကြီးတဲ့ အပေးအယူသဘောကို ထင်သာမြင်သာရှိစေမယ့် စကား တစ်ခွန်းဖြစ်ပါတယ်။ လောကမှာနေထိုင်ကြတဲ့ လူတိုင်းတစ်ဦးနဲ့တစ်ဦးဆက်ဆံရေးမှာ Give And Take ဆိုတဲ့ အပေးအယူတွေ သမမျှတနေဖို့လိုပါတယ်။ မိဘနဲ့သားသမီးကြားကဆုန်ရေလိုတစ်ဖက်တည်း စီးဆင်းနေမှုကတော့ ချွင်းချက်တစ်ခုပါ။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် သူပေးတာတွေကိုပဲကိုယ်ကလက်သင့်ခံယူနေလို့လည်းမသင့်ပါဘူး။ ကိုယ်ကလည်းသူနဲ့ထပ်တူပေးဆပ်မှု တစ်စုံတစ်ရာကိုတော့ ပေးအပ်ဖို့ အသင့်ဖြစ်နေရင်အကောင်းဆုံးပါပဲ။ ဒါမှလည်း တစ်ဖက်သက်ဆန်တဲ့ ဆက်ဆံရေးမျိုး မဖြစ် မှာပါ။ ဘယ်လောက်ပဲ နှောင်ကြိုးတွေ အထပ်ထပ်ရစ်ပတ်နေစေဦးတော့ အပေးချည်းသက်သက် အယူချည်းသက်သက်ဖြစ် နေတဲ့ ဆက်ဆံရေးမျိုးဟာရေရှည်မှာ ကောင်းမွန်ခြင်းနဲ့ အဆုံးသတ်နိုင်ဖို့မလွယ်ကူ ပါဘူး။ အစောပိုင်းကာလတွေမှာပေးသူ ဘက်ကသတိမထားမိပေမယ့် ကြာလာတဲ့အခါမှာအခြေအနေအကြောင်းအမျိုးမျိုး

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    30/03/2020 Duração: 11min

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

  • ဒီနေ့အတွက်စကား

    30/03/2020 Duração: 03min

    Walking alone is not difficult. But when we walked a mile with someone, then coming back alone that is more difficult. လူတစ်ယောက်မှာ အရေးပါတဲ့ အကျင့်ဆိုတာနဲ့ပတ်သက်ပြီးတော့ ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လူတစ်ယောက်မှာအကျင့်ဆိုတာက သိပ်ကိုမှအရေးကြီးပါတယ်။ ဘဝတိုးတက်ရေးအတွက်ဆိုရင် ကိုယ်ပိုင်ထားတဲ့ ကိုယ့်ရဲ့အကျင့်ကပဲ ဆုံးဖြတ်မှုကိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် အကျင့်ဆိုတာမျိုးက ပြင်ဆင်ဖို့အတွက် သိပ်ကိုမှ ခက်ခဲ တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့အကျင့်ပါမှုကြောင့်ပဲ ပြင်မရတဲ့အမှားတွေကိုလည်း လုပ်ဆောင်မိတတ်ကြပါတယ်။ ဒီစကားထဲကအတိုင်းဆိုရင် တစ်ယောက်တည်းလမ်းလျှောက်နေရတာ မခက်ခဲလှပါဘူးတဲ့။ ဟုတ်ပါတယ်။ ဘဝခရီးလမ်းကို မဆိုထားနဲ့ ကိုယ်နေ့စဉ်သွားလာနေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်က တစ်ယောက်တည်းသွားလာနေရတာက ကိုယ့်အတွက် မခက်ခဲလှပါဘူး။ ဒါပေမယ့် ကိုယ့်နဲ့လားရာတူတဲ့ တခြားသော ခရီးဖော်တစ်ယောက်ကို တွေ့ပြီး သူနဲ့အတူ ရက်လကြာရှည်စွာနဲ့ အဲဒီခရီးကိုပဲ လျှောက်မိတယ်ဆိုပါစို့။ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် အဲဒီသူရောက်မလာတဲ့အခါမှာ လူတိုင်းကတော့ လာလိမ့်နိုးနိုးနဲ့ မျှော်လင့်မိမှာပါပဲ။ တစ်ယောက်တည်းလျှောက်နေကျလမ်းကို အရင်အဖော်နဲ့လျှောက်ရာကန

  • ဒီနေ့အတွက်စကား

    26/03/2020 Duração: 03min

    When you want to succeed as bad as you want to breathe, then you will be successful. သင့်အတွက် အသက်ရှူသလောက်ကို အောင်မြင်ချင်တယ်ဆိုရင်တော့ သေချာပါတယ်။ သင်အောင်မြင်လာမှာပါတဲ့။စိတ်ရဲ့ ကြီး မားတဲ့ တန်ခိုးအာနိသင်ကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။ လူသားတိုင်း လူသားတိုင်းအောင်မြင်တိုးတက်တဲ့ဘဝကို ပိုင်ဆိုင် ချင်ကြပါတယ်။ လက်ရှိအခြေအနေထက်ပိုမိုမြင့်မားကောင်းမွန်တဲ့အခြေ အနေမျိုးကိုမက်မောလိုချင်ကြပါတယ်။ ဒါပေမယ့် စိတ် ရဲ့တန်ခိုးကြီးမားပုံကိုတော့ လူတိုင်းမလိုက်နိုင်ကြပါဘူး။ တစ်ချို့သောသူ တွေက ဖြစ်ချင်တာကတပုံတခေါင်း ရှိနေပေ မယ့် ဖြစ်အောင်လုပ်ဖို့ ကြိုးစားဖို့ကိုတော့ မလုပ်တတ်ကြပါဘူး။ 

  • ဒီနေ့အတွက်စကား

    24/03/2020 Duração: 03min

    Never let the things you want make you forget the things you have. ဒီနေ့အတွက်စကား ဒီစကားကတော့ ငါးစိမ်းမြင်လို့ငါးကင်ကိုပစ်တတ်တဲ့သူတွေအတွက် သတိပေးထားတဲ့စကားတစ်ခွန်းပါ။ အခုဆိုရင် အားလုံးသိတဲ့အတိုင်း ခေတ်ကြီးက တအားကိုမှ အရှန်အဟုန် ပြင်းပြင်းနဲ့ကို တိုးတက်လို့နေပါတယ်။ လူသားအားလုံး လည်း ခေတ်ရဲ့နောက်ကိုလိုက်ရင်း အချိန်တွေကို ကုန်မှန်းမသိကုန်နေကြပါတယ်။ ခေတ်ကာလမှာပေါ်ပေါက်လာတဲ့ နောက်ဆုံး ပေါ်ဇိမ်ခံပစ္စည်းတွေ နောက်ဆုံးပေါ်နည်းပညာတွေကို လူတော်တော်များများ သုံးနေကြသလို သုံးနိုင်အောင်လည်းကြိုးစား နေကြပါတယ်။ စားဝတ်နေရေးဝဲဂယက်တင်မကဘဲ နောက်ဆုံးပေါ် ဘရန်း ဟန်းဆက်တွေကိုင်နိုင်ဖို့၊ နောက်ဆုံးပေါ်ကားကို တဝီဝီမောင်းနိုင်ဖို့၊ နောက်ဆုံးပေါ် အသားအရည်ထိန်းသိမ်းနည်းတွေကို သုံးနိုင်ဖို့ တော်တော်များများက ကြိုးပမ်းနေကြပါတယ်။ ကြိုးစားတယ်ဆိုတာတကယ်တော့ကောင်းတဲ့အရာပါ။ တိုးတက်မှုရဲ့ လမ်းစပါ။ ဒါပေမယ့် ကိုယ့်လိုချင်တဲ့အရာတွေနောက်ကို အမှီလိုက်ရင်းနဲ့ ကိုယ့်ဘဝရဲ့ တကယ့်အနှစ်သာရရှိရှိပျော်ရွှင်မှုတွေ၊ လက်ဆက်နုပျိုမှုတွေအကုန်လုံးကို ဥပေက္ခာပြုထားသလို ဖြစ်သွားမယ်ဆိုရင်တော့ ဘယ်မှာလဲ ဘဝရဲ့ ပျော်ရွှင်မှု၊ ဘယ်မှာလဲ မေတ္တာတရားရဲ့အေးချမ်းမှု ဘာဆိုဘာမှ

  • ဒီနေ့အတွက်စကား

    20/03/2020 Duração: 03min

    ဒီနေ့အတွက်စကား Don’t force someone to remember you all the time. Just stay silent and let them realize how will they be without you in their life. တစ်စုံတစ်ယောက်သင့်ကိုအမြဲသတိရနေစေဖို့ အားစိုက်ထုတ်မနေပါနဲ့။ တိတ်တိတ်လေးနေပြီး သူတို့ဘဝမှာ သင်မရှိရင် သူတို့ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုသူတို့ကိုယ်တိုင်သတိထားမိအောင်သာနေပါလို့ ဒီစကားရဲ့ ဆိုလိုရင်းကရှိပါတယ်။ အများရဲ့ အလယ်မှာတစ်ဦးတည်းလိုခံစားနေရတဲ့သူမျိုး၊ ပစ်ပယ်ခံရသလိုခံစားနေရတဲ့လူ..................

  • ဒီနေ့အတွက်စကား

    19/03/2020 Duração: 03min

    Use your voice for kindness, your ears for compassion, your hands for charity, your mind for truth, and your heart for love. သင့်ရဲ့အသံကို ကြင်နာမှုအတွက်သုံးပါ။ သင့်နားနှစ်ဖက်ကိုတော့ ကရုဏာအတွက်၊ သင့်လက်တွေကို ကူညီဖို့အတွက်၊ သင့်စိတ် ကိုတော့ အမှန်တရားအတွက်နဲ့ သင့်နှလုံးသားကိုတော့ မေတ္တာတရားအတွက် အသုံးပြုပါတဲ့။သောတရှင်တွေအတွက် တကယ့် ကိုမှအဖိုးထိုက်တန်မယ်လို့ယုံကြည်တဲ့အတွက် ဝေမျှပေးခဲ့တာပါ။ သင့်ရဲ့အသံကို ကြင်နာမှုအတွက်သုံးပါတဲ့။ ဒါကဘာကိုဆို လိုချင်သလဲဆိုတော့ စကားပြောတဲ့အခါ ကြင်နာသနားသောစိတ် ကိုမွေးပြီး ချိုသာပျူငှာတဲ့စကားကိုဆိုဖို့ပါ။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်တပါးသူထိခိုက်နာကျင်သွားတာမျိုးမဖြစ် ရအောင် အထူးသဖြင့် ဆင်ခြင်ပြောဆိုဖို့လိုပါတယ်။ ရည်ရွယ် ပြီးဖြစ်စေ မရည်ရွယ်ဘဲလွတ်ခနဲဖြစ်စေထွက်သွားတဲ့စကားတစ် ခွန်းကြောင့် မိတ်ဆွေတွေကြားမှာ အခင်အမင်ပျက်လို့ ပြဿနာ တွေတက်သွားနိုင်တဲ့အခြေအနေကိုရောက်သွားတာ၊ ကိုယ့်ဘ၀ တက်လမ်းကိုထိခိုက်စေမယ့်အခြေအနေတွေဖြစ်သွားနိုင်တဲ့ အတွက် စကားကိုပြောတော့မယ်ဆိုရင် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့် စကားကို ယဉ်ကျေးချိုသာစွာပြောဆိုတတ်ဖို့လိုပါတယ်။ နောက်ထပ်တစ်ခုကတော့ နားနှစ်ဖက်ကို ကရုဏာအတွက

  • ဒီနေ့အတွက်စကား

    17/03/2020 Duração: 03min

    If you love her, never fills her ears with lies, her mouth with words, her eyes with tears, her mind with confusion and her heart with pain. ချစ်ခြင်းတရားကိုအခြေခံထားတဲ့ဒီစကားက ကိုယ်တကယ်ချစ်ခင်မြတ်နိုးတဲ့လူသားတစ်ယောက်ကို မလုပ်ဆောင်သင့်တဲ့ ရှောင်ရှားရမယ့်အချက်တွေကို သတိပေးပြောကြားထားပါတယ်။ အမျိုးသားကပဲ အမျိုးသမီးကိုချစ်ချစ်၊ အမျိုးသမီးကပဲ အမျိုးသား ကိုချစ်ချစ် ကိုယ်အမှန်တကယ်ချစ်မြတ်နိုးတဲ့သူတွေ ထိခိုက်မနာကျင်စေဖို့အတွက် ကိုယ့်အနေနဲ့ ရှောင်ကြဉ် ထိမ်းသိမ်းရမယ့် အချက်တွေဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီးနုနယ်ပြီး ပိုပြီး ခံစားမှု ပြင်း ထန်တဲ့အတွက် အမျိုးသားတွေအနေနဲ့ဆိုရင် ကိုယ့်ရဲ့ချစ်ရတဲ့သူအတွက် ဒီအပြုအမူတွေကို သတိထားရှောင်ကြဉ် လိုက်နာဖို့ လိုအပ်ပါတယ်။ အရင်ဆုံးအနေနဲ့ ကိုယ်တကယ်ချစ်ချင်မြတ်နိုးတဲ့သူကိုဆိုရင် ဘယ်တော့မှာ လိမ်လည်တာမျိုးမလုပ်ဆောင်ပါနဲ့။

página 30 de 50