Informações:
Sinopse
Wherever you go PadamyarFM will be there with you...
Episódios
-
ဒီနေ့အတွက်စကား
16/06/2020 Duração: 03minဒီနေ့အတွက်စကား Learn how to: Have Fun without Alcohol. Talk without cellphones. Love without conditions. Dreams without drugs. Smile without selfies. ဒီနေ့အတွက်စကား ကျွန်တော်တို့အနေနဲ့ ဒီဘက်ခေတ်ကြီးထဲမှာ နေထိုင်ရင်း အခုပြောပြပေးခဲ့တာတွေကို လုပ်ဆောင်မိကြရဲ့လား။ တချို့တလေ တော့ လုပ်ဆောင်မိကောင်း လုပ်ဆောင်မိပါလိမ့်မယ်။ များသောအားဖြင့်အချက်တွေကိုတော့ ကျွန်တော်တို့ မေ့လျော့သလို မျိုး ဖြစ်နေတတ်ပါတယ်။ အဲဒါတွေကလည်း အမှန်အတိုင်းပြောရရင် ကိုယ့်အနေနဲ့ မလုပ်ဖူးတဲ့ ခဲရာခဲဆစ်လုပ်ယူရမယ့်အ ရာတွေတော့လည်း ဟုတ်မနေပြန်ပါဘူး။ ဘာတွေများလဲ။ တစ်ချက်လောက်စူးစမ်းကြည့်ရအောင်။ အရက်မသောက်ဘဲ ပျော်ကြည့်ပါ။ ဆဲလ်ဖုန်းတွေမသုံးဘဲ ပြောကြည့်ပါ။ အခြေအနေတွေမပါဘဲ မကြည့်ဘဲ ချစ်ကြည့်ပါ။ ဆေးတွေမသုံးဘဲ အိပ်မက်မက်ကြည့်ပါ။ ဆယ်လ်ဖီမဟုတ်ဘဲ ပြုံးကြည့်ပါတဲ့။ Learn how to: Have Fun without Alcohol. Talk without cellphones. Love without conditions. Dreams without drugs. Smile without selfies. ပထမဆုံးအချက်ဖြစ်တဲ့ အရက်မသောက်ဘဲ ပျော်ကြည့်ပါဆိုတဲ့စကားကို အရင်ခွဲခြမ်းလေ့လာရအောင်။ လူတွေကပြောကြ ပါတယ်။ စိတ်ညစ်လို့အရက်သောက်တယ်။ စိတ်ညစ်စရာတွေကို မတွေးမိအောင် အရက်သေ
-
အစိမ်းရောင်ချစ်သူ
15/06/2020 Duração: 10minပတ္တမြား FM ပရိသတ် အားလုံးပဲ မင်္ဂလာပါ...... အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်...... ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် ကိုယ့်ပတ်ဝန်းကျင်သန့်ရှင်းဖို့ အမိူက်ကောက်ခြင်းနှင့်ပတ်သက်ပြီး ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို နားဆင်ရမှာ ဖြစ်ပါတယ်.........
-
ဒီနေ့အတွက်စကား
15/06/2020 Duração: 03minဒီနေ့အတွက်စကား Find three hobbies you love: one to make you money, one to keep you in shape, and one to be creative. ဒီစကားထဲမှာဆိုရင်တော့ ဘယ်လိုဝါသနာ၃မျိုးကို ရှာဖွေဖို့လိုအပ်တဲ့ အကြောင်းကိုပြောပြထားပါတယ်။ လူတိုင်းလူတိုင်းမှာ အားလပ်ချိန်မှာပဲဖြစ်ဖြစ် ရရှိတဲ့အချိန်တွေကို အသုံးချဖို့ ဝါသနာတွေရှိ တတ်ကြစမြဲပါ။ အဲဒီဝါသနာတွေမှာ ကိုယ့်အတွက် ဘယ်လိုအကျိုးအမြတ်တွေရှိဖို့လိုအပ်သလဲဆိုတာသိထားဖို့လိုပါတယ်။ ဒါမှ သာ ကိုယ့်အတွက် ကောင်းမွန်တဲ့ဝါသနာကို မွေးမြူထားနိုင်ပြီး ကိုယ့်အတွက် မကောင်းနိုင်တဲ့ ဝါသနာမျိုးကိုတော့ ရှောင်ကြဉ်နိုင် မှာပါ။ ဒီတော့ ဘယ်လိုဝါသနာမျိုးတွေကို မွေးမြူထားသင့်လည်းဆိုတာကို ကြည့်လိုက်ရအောင်။ ပထမတစ်ခုကတော့ ဝင်ငွေရ နိုင်တဲ့ ဝါသနာမျိုးဖြစ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ဝါသနာဟာ ကိုယ့်ဘဝအသက်မွေးဝမ်းကျောင်းခြင်း အတွက် အထောက်အပံ့ဖြစ်တဲ့ ဝါသနာမျိုးဆိုရင် ပိုပြီး ကောင်းမွန်ပါလိမ့်မယ်။ ဝါသနာပါရာအလုပ်ကိုလုပ်နေရင်းနဲ့ ကိုယ့်အတွက် ဝင်ငွေကိုပါရရှိနိုင်ခြင်းက မော ပမ်းမှုမရှိဘဲ လုပ်ဆောင်နိုင်မှာပါ။ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းထပ်တူကျခြင်းဟာ ကိုယ့်အတွက် ပျော်ရွှင်ခြင်းတွေကိုပါ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဒါကြောင့် ဝင်ငွေတွေရှာဖွေ
-
Song For
15/06/2020 Duração: 25minပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။ သောတရှင်မျာအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ Song For အစီအစဉ်ပဲ ဖြစ်ပါတယ်....... ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်...... ဒီတပတ်မှာတော့ မန္တလေးရွှေမြို့တော်မှ ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူ ကိုခန့် မှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော်နားဆင်နိုင်ပါတယ်.........
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
15/06/2020 Duração: 11minပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
-
ဒီနေ့အတွက်စကား
14/06/2020 Duração: 03minThe best thing about the worst time of your life is that you get to see the true colours of everyone. ကျွန်တော် တု့ိနေ့စဉ်ဖြတ်သန်းနေရတဲ့လူ့လောကကြီးထဲမှာကိုယ့်အတွက် မိတ်ဆွေကောင်းမိတ်ဆွေစစ်တွေလည်း ရှိနိုင် သလို ကိုယ့်အနား မှာသူတို့လိုဘအတွက် သူတို့ကောင်းကျိုးအတွက်သာရှိနေမယ့်သူတွေ၊ ကိုယ့်အမှားကိုစောင့်နေမယ့် မိတ်ဆွေ ယောင်ဆောင် အတုအယောင်လူတွေလည်းရှိကြမှာပါ။ အဲဒီလိုအမျိုးမျိုးသောစိတ်အထွေထွေရှိတဲ့လူတွေနဲ့ တွေ့ကြုံဆက်ဆံ ရတဲ့အခါမှာ ဘယ်လိုအချိန်မျိုးမှာသူတို့ရဲ့စိတ်ရင်းအမှန်တွေကိုသိမြင်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာသူတို့ရဲ့အကျိုးကိုလိုလားနေလို့သာကိုယ့်ရဲ့အနားမှာရှိနေနိုင်ပေမယ့် ကိုယ်ကသူတို့အတွက် အသုံးမဝင်တော့ တဲ့ သူတို့အကျိုးတွေ သူတို့ရဲ့ရယူလိုစိတ်တွေကိုအပြည့်အ၀ မဖြည့်စည်းပေးနိုင်တော့တဲ့အခါမှာကိုယ့်ကိုသူတို့ရဲ့ ဆက်ဆံပုံ တွေကပြောင်းလဲသွားနိုင်ပါတယ်။ အရင်အချိန်တုန်းကချိုသာပျုငှာတဲ့ဆက်ဆံမှုမျိုးတွေကိုလည်းရချင်မှရနိုင်တော့မှာပါ။ ပုံစံတွေပြောင်းလဲပြီးအချိုးအကွေ့တစ်ခုလိုမျိုးခံစားမှုတွေကိုကိုယ့်အနေနဲ့ ခံစားလိုက်ရခြင်းဟာသူတို့ရဲ့ စိတ်ရင်းအမှန်ကို ကိုယ်တွေ့သိမြင်လိုက်ရခြင်းပါပဲ။
-
ခေတ်လူငယ်
13/06/2020 Duração: 15minခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . . . . . . . . . . . . .
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
13/06/2020 Duração: 11minပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
-
ဒီနေ့အတွက်စကား
13/06/2020 Duração: 03minဒီနေ့အတွက်စကား Life is too short to worry about stupid things. Have fun. Fall in love. Regret nothing, and don’t let people bring you down. ဒီစကားကတော့ ဘဝဆိုတဲ့ ရခဲလှတဲ့အချင်းအရာတစ်ခုမှာ ပျော်ရွှင်စွာနေထိုင်တတ်ဖို့သာ အဓိကကျ တဲ့ အကြောင်း ပြောပြ ထားတဲ့စကားတစ်ခွန်းပါ။ တစ်ခါတစ်လေမှာ လူတစ်ချို့က ကိုယ်လုပ်လိုက်တဲ့အရာတွေအတွက်ရော ကိုယ်မလုပ်လိုက်ရတဲ့ အရာတွေအတွက်ပါ စိုးရိမ်ပူပန်နေတတ်ကြပါတယ်။ တကယ်တော့ စိုးရိမ်ပူပန်ခြင်းဆိုတာ အလုပ်ဖြစ်တွင်ကျယ် ခြင်းဆီကို မရောက်ဘဲ သောက၊ဗျာပါဒကိုသာ ခံစားစေနိုင်တဲ့ကိစ္စပါ။ မဖြစ်သေးတဲ့ကိစ္စတွေအတွက် စိုးရိမ်နေတာ၊ ဖြစ်ပြီးသား ပြန်ပြင် လို့မရတဲ့ကိစ္စတွေအတွက် နောင်တတွေ တွင်တွင်ရနေခြင်းက တကယ်တော့ ကောင်းမွန်တည့်မတ်တဲ့လမ်းစဉ်ကို ရောက် ရှိဖို့ဝေးပြီး တွေဝေပူလောင်နေခြင်းဆီကိုသာ အရောက်ပို့ပေးနိုင်တာပါ။ ဒါကြောင့် ဖြစ်ပြီးသွားလို့ နောက်ပြန်လှည့်လို့မရတော့ မယ့် ကိစ္စတွေအတွက်လည်း နောင်တတွေရပြီး စိတ်ရှုပ်မခံပါနဲ့။ မဖြစ်သေးတဲ့ ဘာဖြစ်မယ်မှန်းမသိတဲ့အရာတွေအတွက်လည်း ခေါင်းကိုက်ခံပူပန်မနေပါနဲ့။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်သင့်တာတွေက ဖြစ်ကိုဖြစ်သွားမှာပါ။ ဘဝဆိုတာ ညံ့ဖျင်းတဲ့ကိစ္စတွေကို စိုးရိမ်ပူပန်နေဖို့အတွက
-
ဒီနေ့အတွက်စကား
12/06/2020 Duração: 03minHope is being able to see the light despite all the darkness. မျှော်လင့်ခြင်းဆိုတာ အမှောင်တွေကြားထဲရောက်နေရင်တောင်မှ အလင်းရောင်ကို မြင်နေနိုင်ခြင်းပါပဲ တဲ့။ ဒီစကားကိုတော့ တောင်အာဖရိကလူမျိုး လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားသူ ဘုန်းတော်ကြီး Desmond Tutu က ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ကြံစည်လုပ်ဆောင်သမျှတိုင်းမှာ အလုံးစုံအောင်မြင်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးပြည့်စုံခြင်းဆိုတာ မရှိတဲ့အတွက် အမှားအယွင်းတွေလုပ်မိကောင်းလုပ်မိမယ်။ လဲပြိုကျမှုတွေဖြစ်ကောင်း ဖြစ်မယ်။ ဒီလိုနဲ့ အောင်မြင်ခြင်းကနေ ခေတ္တခဏဆိုသလို လွဲချော်မှုတွေလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို လွဲချော်မှု တွေ၊ လဲကျမှုတွေကြားထဲမှာ လူးကာလွန့်ကာနဲ့ အောင်မြင်ခြင်းဆီကိုရောက်အောင်သွားဖို့အတွက် မျှော်လင့်ခြင်းဆိုတဲ့အရာကို ကျွန်တော်တို့တတွေပိုင်ဆိုင်ထားပါတယ်။ အဲဒီမျှော်လင့်ခြင်းတွေကို အမှန်တကယ်ဖြစ်တည်လာအောင် ကိုယ့်ဘက်ကနေ အား စိုက်ထုတ်ကြိုးစားမှုသာ လိုအပ်ပါတယ်။ ဒါကြောင့် စိုက်ထုတ်ကြိုးစားမှုတွေကနေ အမှန်တကယ်ဖြစ်တည်လာဖို့အတွက် ဘယ် လိုအခက်အခဲတွေတွေ့ကြုံနေရပါစေ။ ဘယ်လိုမျိုးတွေ အမိုက်မှောင်တွေမှာပဲကျရောက်နေပါစေ။ မျှော်လင့်ချက်ဆိုတဲ့ အလ
-
Knowledge For All
11/06/2020 Duração: 15minဉာဏ်ကို ဉာဏ်ခြင်းယှဉ် တဲ့ခေတ် New World..... ရင်ဆိုင်ယှဉ် ပြိုင်ဖို့အတွက် Are You Ready? အရာရာတိုင်း အတွက် ခေတ်သစ်ကြယ် knowledge ....... ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ... Fake Education နှင့် ပတ်သက်ပြီး PS Business School မှဆရာဦးမျိုးမင်းမှ ဆွေးနွေးပေးထားပါတယ်.......
-
ဒီနေ့အတွက်စကား
11/06/2020 Duração: 03minဒီနေ့အတွက်စကား You don’t need money to be rich, open up your doors, heart and mind. Invest in people, friendships and relationships and watch how much you gain back. လောကမှာနေထိုင်ရှင်သန်ကြတဲ့ လူသားတွေအနေနဲ့ ချမ်းသာနိုင်ဖို့အတွက် ငွေကြေး တွေကို ပိုင်ဆိုင်ထားမှသာဆိုတဲ့ အတွေးကမှားနေတဲ့အကြောင်းနဲ့ တကယ်တမ်းချမ်းသာဖို့အတွက်ဆိုရင် ဘာတွေကို လုပ် ဆောင် သင့်သလဲဆိုတာကိုပါ ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာ ငွေကြေးဓနဥစ္စာကြွယ်ဝနေရုံနဲ့ ဘဝမှာ ပြီးပြည့်စုံနိုင်တာမဟုတ်ပါဘူး။ လူသားမှန်ရင် တသီးပုဂလရှင်သန်ရပ်တည်နိုင်စွမ်းဆိုတာ မရှိနိုင်ပါဘူး။ အထူးသဖြင့် တစ်ပင် တည်းထီးထီးကြီးရပ်တည်နေတဲ့ သစ်ပင်ဟာ လေပြင်းမုန်တိုင်းရဲ့ဒါဏ်ကို ခံနိုင်ရည်စွမ်းနိမ့်ပါးသလိုပဲ လူသားမှန်ရင် အပေါင်း အသင်း အသိုက်အဝန်းနဲ့ နေထိုင်ရှင်သန်ရပါတယ်။ ဒါကြောင့်လည်း လောကမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ မိတ်ဆွေသင်္ဂဟအ ရေးတွေက အရေးကြီးတဲ့ အချက်တွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ မိတ်ဆွေသင်္ဂဟပေါများခြင်းဆိုတာ တကယ့်ကိုမင်္ဂလာ တစ်ပါးလည်းဖြစ်ပါတယ်။ ကိုယ့်အတွက် လိုအပ်တဲ့နေရာမှာ လိုအပ် သလို ဆောင်ရွက်နိုင်ဖို့အတွက် ကျောထောက်နောက်ခံ ကောင်းကောင်းသာရှိနေမယ်ဆိုရင် လုပ်ဆောင်မှ
-
ဒီနေ့အတွက်စကား
10/06/2020 Duração: 03minဒီနေ့အတွက်စကား Success always hugs you in private. But failure always slaps you in public. That’s life. ဒီနေ့အတွက်စကား အောင်မြင်ခြင်း။ လူတိုင်း သည်းခြေကြိုက်နှစ်သက်လိုချင်သောအရာ။ ရှုံးနိမ့်ခြင်း။ ယူမလားလို့မေးတိုင်း လူတိုင်းရဲ့ ခါးခါးတူးတူးအငြင်းခံရမယ့်အရာ။ လောကရဲ့ နိယာမတစ်ခုအကြောင်းကို ဒဿနဆန်ဆန်ပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ အောင်မြင်ခြင်းဆိုတဲ့အရာကို လူသားတိုင်းလိုချင်ကြသလို အဲဒီအောင်မြင်ခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရှုံးနိမ့်ခြင်း ကိုတော့ ဘယ်သူမှ မလိုချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ရှုံးနိမ့်တယ်ဆိုကတည်းက လောကမှာ ဘယ်သူကမှ အထင်ကြီးလေး စားတာမျိုးမရှိနိုင်လို့ပါ။ အထူးသဖြင့် ရှုံးနိမ့်ခြင်းဆိုတာမျိုးက သိုသိုသိပ်သိပ်တိတ်တိတ်ဆိတ်ဆိတ်ဖြစ်တတ်တဲ့ အဖြစ်အပျက်မျိုး မဟုတ်ပါဘူး။ ကိစ္စရပ်တစ်ခုကိုလုပ်ဆောင်တဲ့အခါမှာဆိုရင် အောင်မြင်တာကို လူတွေသိဖို့က ရာခိုင်နှုန်းနည်းပေမယ့် ရှုံးနိမ့်သွား မယ်ဆိုရင်တော့ လူသိများနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက သူတပါးအောင်မြင်ခြင်းဆိုတာထက်ကို ရှုံးနိမ့်ခြင်းဆိုတာကို ပဲ ပိုပြီး အာရုံစိုက်တတ်ကြလို့ပါပဲ။ လူတစ်ယောက်အောင်မြင်သွားမှာကို တခြားသူတစ်ယောက်က မေတ္တာပွားကျေနပ်နေခြင်းဆို တာ လောကမှာရ
-
ဒီနေ့အတွက်စကား
10/06/2020 Duração: 03minဒီနေ့အတွက်စကား You never know how strong you are until being strong is the only option you have left. ဒီနေ့အတွက်စကား ကိုယ့်ရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အရေးကြီးတဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီးသတိပေးထားတဲ့စကားတစ်ခွန်းပါ။ တခါ တလေမှာ ကိုယ့်အနေနဲ့ ရွေးချယ်မှုတွေများပြားနေတဲ့အချိန် အခွင့်အရေးတွေ ကျန်နေတဲ့အချိန်၊ ကျောထောက်နောက်ခံ အားကိုးစရာ ရှိနေတဲ့အချိန်မှာ ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့အချက်နဲ့ ကိုယ့်မှာရှိနေတဲ့ သန်မာမှုအတိုင်းအတာကို မေ့လျော့နေ တတ်ပါ တယ်။ ဒါပေမယ့် အချိန်တိုင်းမှာတော့ ကိုယ့်အနားမှာ ကျောထောက်နောက်ခံအားကိုးစရာဆိုတာ ရှိနေနိုင်မှာမဟုတ်ပါ ဘူး။ နောက်ထပ်အနေနဲ့ကတော့ ကိုယ့်အတွက် ကိုယ်တိုင်ကြိုးစားရုန်းကန်ပြီးမှ ရလာတဲ့ အောင်မြင်မှုမျိုးနဲ့ ကျောထောက် နောက်ခံ ကောင်းကြောင့် ရလာတဲ့ အောင်မြင်မှုနဲ့ဆိုရင်လည်း ခံစားရတဲ့အရသာနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်မှုတွေက တူညီနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်တိုင်က နဖူးကချွေး ခြေမကျတဲ့အထိ ရုန်းကန်လှုပ်ရှားကြိုးစားပြီး အခက်အခဲတွေရင်ဆိုင်ဖြတ်ကျော်အပြီးမှာ ရလာတဲ့ ကိုယ့်လုပ်အားအစစ်အမှန်ရဲ့ ရလာဒ်ကတကယ့်ကိုမှ ပီတိဖြစ်စရာလည်းကောင်းသလို ဘယ်လိုအရာနဲ့မှ အလဲအထပ် မပြုလုပ်နိုင်မယ့် အရာပါပဲ။ အဲဒီခံစားချ
-
ဒီနေ့အတွက်စကား
10/06/2020 Duração: 03minဒီနေ့အတွက်စကား You can’t change yesterday but you can ruin today by worrying about tomorrow. ဒီနေ့အတွက်စကား လောကမှာ အသက်ရှင်နေထိုင်ကြတဲ့ သက်ရှိလူသားတိုင်း နေ့စဉ်နဲ့အမျှ နာရီ၊ မိနစ်၊ စက္ကန့်နဲ့အမျှ အချိန် ကာလသုံးမျိုးနဲ့ နေသား ကျဖြတ်သန်းနေရပါတယ်။ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတဲ့ အချိန်ကာလသုံးပါးထဲမှာ ကိုယ့်အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ရင်း ဖြတ်ကျော်ရမလဲဆိုတာကလည်း အောင်မြင်ချင်တဲ့သူတိုင်းအတွက်တော့ တွေးစရာပဟေဋိတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတိုင်းတွေ့ကြုံဖြတ်သန်းရမယ့် အချိန်ကာလသုံးပါးထဲမှာ ကုန်ဆုံးသွားပြီဖြစ်တဲ့ အတိတ်ဆိုတဲ့ အချိန်ကာလ ကို ကျွန်တော်တို့အနေ နဲ့ ဘယ်နည်းနဲ့မှ ပြန်မရနိုင်ပါဘူး။ အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြန်ပြီး ကိုယ့်ရဲ့စိတ်ကြိုက်ပြင်ဆင် ပိုင်ခွင့် ပြောင်းလဲပစ်နိုင်ခွင့် ဘယ်လူသားမှာမှ မရှိပါဘူး။ တစ်နေ့လောက်အချိန်ကိုမပြောနဲ့။ အတိတ်ကာလက နာရီပိုင်း မိနစ်ပိုင်း စက္ကန့်ပိုင်းလောက်ကို တောင်မှ ကျွန်တော်တို့ ဘယ်နည်းနဲ့ပဲကြိုးစားကြိုးစားပြန်ပြီးရယူနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အတိတ်က အဖြစ်တွေကို အ တိတ်မှာသာ ထားခဲ့လိုက်ပါတော့။ အတိတ်မှာကိုယ်ကမှားခဲ့တယ်ဆိုရင်တော့ အဲဒီ အမှားတွေကို ကိုယ်ကအခု လက်ရှိအချိန်မှာ ဆက
-
ဒီနေ့အတွက်စကား
10/06/2020 Duração: 03minဒီနေ့အတွက်စကား Sometimes our lives have to be completely shaken up, changed, and rearranged to relocate us to the place we are meant to be. ဒီနေ့အတွက်စကား ဘဝနဲ့ဆိုင်တဲ့ ဒဿနဆန်ဆန်စကားတစ်ခွန်းဖြစ်ပါတယ်။ တခါတရံမှာ လူသားတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ဆောင်နေတဲ့ Comfort Zone လို့ခေါ်တဲ့ ရှိရင်းစွဲနေရာတစ်ခုမှာပဲနေထိုင်နေရင်းလုပ်ကိုင်နေရင်း အသားကျနေတတ်ကြပါတယ်။ အဲဒီ နေရာက ကိုယ်နဲ့ သက်ဆိုင်ရဲ့လား။ ဒါမှမဟုတ် ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ အက်စပ်ရဲ့လားဆိုတာကို မစဉ်းစားတော့ဘဲ ဒီအတိုင်းပဲ အလိုက် သင့်မျှော ပါရင်းနဲ့ပဲ ဘဝရဲ့နေ့ရက်တွေကို ဖြတ်သန်းရလေ့ရှိကြပါတယ်။ အဲဒီလိုဖြတ်သန်းနေတော့ရောဘာဖြစ်လည်း အချိန်တန် ဝင်ငွေရပြီး စားဝတ်နေရေးကို ဖြေရှင်းနိုင်ရင်ပြီးတာပဲလို့ လူတစ်ချို့က ဘုကလန့်တွေးကောင်းလည်းတွေးနေနိုင်ပါတယ်။ ဒါပေ မယ့် အဲဒီလူတွေ ကိုယ်စိတ်မပါတဲ့အလုပ်တွေကို ဝတ်ကျေတန်းကျေလုပ်ကိုင်ရင်းနဲ့ တိုးတက်မှုဆိုတာကိုလည်း ရှာဖွေခြင်း မရှိ ၊ စဉ်းစားတွေးခေါ်တဲ့အပိုင်းမှာလည်း အားမထုတ်တဲ့အတွက် အားနည်းလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဝါသနာနဲ့ ဗီဇနဲ့ ကိုယ့်မှာပိုင်ဆိုင်ထားတဲ့ ပင်ကိုယ်အရည်အသွေးတွေကို ပိုပြီးတောက်ပြောင်လာအောင်ပံ့ပိုးပေးနိုင်တဲ့ ကိုယ့်စိတ်ဆ
-
ဒီနေ့အတွက်စကား
10/06/2020 Duração: 03minဒီနေ့အတွက်စကား If they respect you, respect them. If they disrespect you, respect them. Do not lower your integrity for anyone. ဒီနေ့အတွက်စကား ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေအနေနဲ့ သတိထားရမယ့် အချက်တွေပါဝင်နေ တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။လူသားတိုင်းလူသားတိုင်း အသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာ အမျိုးမျိုးသော ပုံစံတွေရှိကြတဲ့ မိတ်ဆွေသင်္ဂဟတွေနဲ့ တွေ့ကြုံရမယ်။ တစ်ချို့ကတော့ အပေါ်ယံသာပေါင်းဖက်သင့်တဲ့သူတွေလည်းပါမယ်။ တစ်ချို့ကတော့ ဘဝတစ်ခုလုံးစာအတွက် အကောင်းမွန်ဆုံးသောအဖော်မွန်တွေလည်းပါကောင်းပါနိုင်ပါတယ်။ တစ်ချို့ကြတော့လည်း ကိုယ့်အပေါ်ကိုနှိမ်ချဆက်ဆံတတ်တဲ့သူတွေလည်းပါမယ်။ မာနတွေထောင်လွှားလို့ ဘာမထင်တဲ့လူတွေလည်း ပါကောင်း ပါနေမှာပါ။ အဲဒီလိုမျိုးစိတ်အခြေခံတွေမတူညီကွဲပြားကြတဲ့လူသားပေါင်းစုံနဲ့ ဘဝတစ်ကွေ့မှာကြုံကြိုက်တွေ့ဆုံရတဲ့အခါမှာ ကျွန် တော်တို့အနေနဲ့ ထားသင့်တဲ့စိတ်နေစိတ်ထားကို ဒီစကားကပြောပြပေးနေပါတယ်။ ဘယ်သူမဆိုကိုယ့်အပေါ်ကိုရိုင်းစိုင်းပြင်းပြစွာ ဆက်ဆံတဲ့သူကို မနှစ်သက်ကြပါဘူး။ အထူးသဖြင့်ကိုယ့်က ကောင်းကောင်းမွန်မွန်ဆက်ဆံပါရက်နဲ့ ကိုယ့်အပေါ်ကို ရိုင်းစိုင်းစွာ နှိမ်ပြီးဆက်ဆံတတ်တဲ့သူတွေနဲ့ တွေ့က
-
ဒီနေ့အတွက်စကား
10/06/2020 Duração: 03minဒီနေ့အတွက်စကား Your enemy will do everything they can to make you believe you are not good enough. They know if you discover the truth, you will be unstoppable. Be unstoppable. ပေါင်းသင်းဆက်ဆံရေးကိုဆက်နွယ်လို့ ဘဝတိုးတက်ရေးအတွက်ကိုပါလမ်းညွှန်ထားတဲ့စကားတစ်ခွန်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ ကျယ်ပြောရှုပ်ထွေးတဲ့နယ်ပယ်ထဲမှာကိုယ့်အတွက် မိတ်ဆွေ စစ်မိတ်ဆွေမှန်တွေနဲ့လည်းတွေ့ကြုံ နိုင်သလိုကိုယ့်အတွက် ရန်သူတွေလည်းဆုံတွေ့ရမှာပါပဲ။ ကိုယ့်ဘက်ကဘယ်လိုပဲကောင်း အောင်နေနေသူတို့ရဲ့ မကောင်း မြင်တတ်တဲ့စိတ်နဲ့ကိုယ့်ကိုမျက်မုန်းကျိုးမုန်းတီးနေမယ့်သူတွေလည်းရှိနေမှာပါပဲ။ မိတ်ဆွေ ကောင်းတွေကတော့ ကိုယ့်အတွက် ကောင်းရာကောင်းကြောင်းတိုးတက်ရာတိုးတက်ကြောင်းကို မြင်တွေ့ချင်ကြပေမယ့် ရန်သူတွေကတော့ မိတ်ဆွေတွေနဲ့ ဆန့် ကျင်ဘက် ကိုယ်ဒုက္ခရောက်တာ၊ ကိုယ်စိတ်ဆင်းရဲတာကိုပဲ မြင်ချင်ကြမှာပါ။ ဒီလိုပဲသူတို့က ကျွန်တော်တို့ရဲ့ စိတ်ထဲမှာဘယ် လိုသောအရာမှာမဆို ကျွန်တော်တို့ဟာမထူးချွန်ဘူး။ ဘောင်မဝင်ဘူးလို့ ကိုယ့်ကိုကိုယ်ထင်ယောင်လာအောင် သူတို့တတ်နိုင် သလောက်ကို ကြိုးစားကြမှာပါပဲ။ ကိုယ့်အနေနဲ့ လုပ်ဆောင်မှုတွေမှာ ယုံကြည်မှုတွ
-
ဒီနေ့အတွက်စကား
10/06/2020 Duração: 03minဒီနေ့အတွက်စကား The past cannot changed, forgotten, edited or erased. It can only be accepted. ဒီနေ့အတွက်စကား အတိတ်၊ ပစ္စုပန် နဲ့ အနာဂတ် ကျွန်တော်တို့ အသက်ရှင်သန်နေထိုင်နေကြတဲ့ လူသားတိုင်းအတွက် အချိန်ကာလကြီး(၃)ပါးနဲ့ ရင်းနှီးကျွမ်းဝင်လို့ ဖြတ်သန်း နေရပါတယ်။ နေ့ရက်တစ်ရက်ချင်းစီ၊ နာရီတစ်နာရီချင်းစီ၊ စက္ကန့်တစ်စက္ကန့်ချင်းစီ၊ တဒင်္ဂချင်းစီတိုင်းဟာသူ့အလိုလို ဆိုသလို ကုန်ဆုံးနေပါ တယ်။ လူ့သားတိုင်း ကြုံတွေ့ဖြတ်သန်းရမယ့် အချိန်ကာလ(၃)ပါးမှာ ကျွန်တော်တို့တွေအနေနဲ့ ဘယ်နည်းနဲ့မှ ထိန်းချုပ်လို့မရနိုင် တာကတော့ကုန်ဆုံးလွန်မြောက်သွားပြီဖြစ်တဲ့ အတိတ်ဆိုတဲ့ ကာလပဲဖြစ်ပါတယ်။ အတိတ်မှာကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေက ကောင်းတာတွေလည်းဖြစ်ချင်ဖြစ်မယ်။ မှားတာတွေလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကိုယ့်ဘဝအတွက် ပြန်ဖျက်လို့အမည်း စက်ကြီးတစ်ခုလိုအမြဲတန်းလိုက်နေမယ့် အဖြစ်အပျက်လည်းဖြစ်ချင်ဖြစ်မယ်။ အတိတ်မှာ မှားခဲ့တဲ့ အမှားတွေ၊ အတွေ့အကြုံတွေ ကို ပြန်တွေးပြီးအားမလိုအားမရဖြစ်ရမှုတွေလည်း ကျွန်တော်တို့ခံစား ရနိုင်ပါသေးတယ်။ ဒါပေမယ့် အတိတ်ကာလဆိုတာဘယ် လိုနည်းလမ်းကိုပဲသုံးသုံး ပြန်ပြောင်းရယူပြင်ဆင်လို့ရတဲ့အရာမဟုတ်တာကို ကျွန်တော် တို့လက်ခံထားဖို့လိုပါတယ်