Informações:
Sinopse
Wherever you go PadamyarFM will be there with you...
Episódios
-
ဒီနေ့အတွက်စကား
23/11/2019 Duração: 03minSometimes you can hurt yourself more than anyone can hurt you by keeping you’re your feelings locked up inside. ဒီနေ့အတွက်စကား စိတ်ခံစားမှုရဲ့အရေးပါတဲ့အကြောင်းဖော်ညွှန်းထားတဲ့ စကားတစ်ခွန်းပါ။ လူ့ အသိုင်းအဝိုင်းအတွင်းမှာ နေထိုင်ရုန်းကန်ရင်းနဲ့ မိတ်ဆွေချစ်သူခင်သူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာဖြစ်သလို ကိုယ့်အပေါ် မလိုတမာစိတ်ထားနဲ့ မကောင်းကြံတဲ့သူ နစ်နာအောင်ဖန်တီးပြုလုပ်ချင်တဲ့သူတွေနဲ့လည်း တွေ့ကြုံရမှာပါပဲ။ အဲဒီလိုလူမျိုးတွေ ကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်မျှော်လင့်ထားတဲ့ ကိုယ့်အပေါ်ကောင်းလိမ့်မယ်လို့ထင်ထားတဲ့သူတွေက အခြေအနေအရပ်ရပ် တစ်ခုခု ကြောင့် ကိုယ့်ကိုအသုံးချသွားတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ထဲမှာ ထိခိုက်နာကျင်သွားရတာမျိုးတွေ ရှိတတ်ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် မျှော်လင့်ချက်နဲ့ အသက်ရှင် တတ်ကြတဲ့ ကျွန်တော်တို့လူသားတွေ ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာတာ၊ တစ်စုံတစ်ယောက်ရဲ့ ပယောဂတစ်ခုခုကြောင့် ဒါမှမဟုတ် အခြေအနေတစ်ခုခုကြောင့် ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးခံ ရသလို ဖြစ်သွားတဲ့အခါမျိုးတွေမှာ စိတ်ထဲမှာ နာကျင်မှုဝေဒနာကို ခံစားရမှာပါ။ အဲဒီလိုမျိုးအခြေအနေမှာဆိုရင် ဘယ်အရာကိုမှ မလုပ်ချင်မကိုင်ချင် အလုပ်ထဲမှာမှာလည်း မပျော်ရွှင
-
ဒီနေ့အတွက်စကား
22/11/2019 Duração: 03minDon’t love what you can’t trust. Don’t hate what you can’t have. Don’t say what you can’t show. Don’t judge what you don’t know. မယုံကြည်ရတဲ့အရာတွေကိုမချစ်ပါနဲ့။ မရနိုင်တဲ့အရာတွေကိုမမုန်းပါနဲ့။ မလုပ်ပြနိုင်တဲ့အရာတွေကိုမပြောပါနဲ့။ မသိတဲ့အရာတွေ အတွက် မဆုံးဖြတ်ပါနဲ့လို့ ဒီနေ့အတွက်စကားရဲ့ ဆိုလိုရင်းကရှိပါတယ်။ ဘယ်လိုကိစ္စရပ်တွေအတွက် မချစ်သင့်တဲ့သူ၊ မမုန်းသင့်တဲ့အရာ၊ မပြောသင့်တဲ့စကား၊ မှတ်ချက်ပေးပြီး မဆုံး ဖြတ်သင့်တဲ့ကိစ္စတွေအကြောင်းပါဝင်တဲ့ စကားတစ်ခွန်းပါ။ ပထမတစ်ခုကတော့ မယုံကြည်ရတဲ့အရာတွေကို မချစ်ပါနဲ့တဲ့။ ဟုတ် ပါတယ်။ မယုံကြည်ရတဲ့အရာတွေမှာ ကိစ္စရပ်တွေလည်း ပါဝင်တယ်။ လူပဂိုလ်တွေလည်းပါဝင်ပါတယ်။ လောကမှာ ယုံကြည်မှု ဆိုတာအရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦးဆက်ဆံရေး မှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်ယုံကြည်မှုကို အခြေခံပါတယ်။ စီးပွားရေး မှာတောင် ယုံကြည်မှုကအခြေခံတဲ့အုတ်မြစ် တစ်ခုလိုအရေးကြီးနေမှတော့ နှလုံးသားရေးရာကိစ္စဆိုရင် ပိုပြီးတော့ အရေးကြီး တယ်ဆိုတာပြောစရာတောင်လိုမယ် မထင်ပါဘူး။ ဒါကြောင့် ကိုယ်မယုံကြည်ရတဲ့သူ ကိုယ့်နောက်ကွယ်မှာ ကိုယ့်ကိုသစ္စာဖောက် နိုင်တဲ့သူ၊ ကိုယ်မကြိုက်တာကို လုပ်မယ့်သူမျိုးကို မချစ်သင့်ပါဘူး။ ချစ်သူဘဝမှာတ
-
ဒီနေ့အတွက်စကား
20/11/2019 Duração: 03minSuccess is nothing more than a few simple disciplines, practiced everyday. အောင်မြင်ဖို့အတွက်အနည်းငယ်သောရိုးရှင်းတဲ့စည်းကမ်းတွေကိုလိုက်နာရုံပါပဲ။ အဲဒါကတော့ နေ့စဉ်နေ့တိုင်းလေ့ကျင့်ဖို့ပါတဲ့။ ဒီစကားကိုပြောကြားခဲ့တဲ့ အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော်မဟာလူသားကတော့ အမေရိကန်လူမျိုး ကနဦးစွန့်ဦးလုပ်ကိုင်သူစီးပွားရေးသမားလည်းဖြစ်၊ စိတ်ဓါတ်မြှင့်တင့်ရေးဆိုင်ရာဟောပြောသူတစ်ယောက် လည်းဖြစ်တဲ့ Jim Rohnပဲဖြစ်ပါတယ်။ အောင်မြင်တဲ့သူတိုင်းရဲ့လှို့ဝှက်ချက်တစ်ခုလို့လည်း ပြောလို့ရတဲ့ဒီစကားကတော့ အမှန်ကန်ဆုံးသော စကားလည်းဖြစ်ပါတယ်ခင်ဗျာ။ အောင်မြင်ခြင်းဆိုတဲ့အဆင့်ကိုရောက်ရှိပြီးလူတကာရဲ့အထင်ကြီးလေးစားစေဖို့အတွက် ကိုယ် ကျင်လည်ရာလုပ်ငန်းခွင်မှာလိုအပ်တဲ့ပညာရပ်တွေကိုနေ့စဉ်နေ့တိုင်းလေ့လာဖို့လိုပါတယ်။
-
-
-
-
ဒီနေ့အတွက်စကား
15/11/2019 Duração: 03minDo right. Do your best. Treat others as you want to be treated. ကောင်းတာတွေကိုလုပ်ဆောင်ပါ။သင့်အနေနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်သမျှလုပ်ဆောင်ပါ။ သင့်အတွက် အနှစ်သက်ဆုံး ဆက်ဆံရေးမျိုးနဲ့ တပါးသူကိုလည်းဆက်ဆံပါ။အမေရိကန်လူမျိုး American Football နည်းပြလည်းဖြစ် နာမည်ကျော်စာရေးဆရာတစ်ဦးလည်းဖြစ်တဲ့ Lou Holtz က ပြောကြားခဲ့တာပါ။ လောကမှာရှင်သန် ရပ်တည်ကြတဲ့ လူသားတွေအနေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ လုပ်ကိုင်ဆောင်ရွက်မှုတွေမှာပြဲဖစ်ဖြစ် ကောင်းမွန်တဲ့ စိတ်နေစိတ်ထားနဲ့လုပ်ဆောင်တတ်စေဖို့ သတိပေးထားတဲ့စကားလည်းဖြစ်ပါတယ်။
-
-
ဒီနေ့အတွက်စကား
11/11/2019 Duração: 03minDid you know? Crying is a very healthy thing to do. It relieves stress, eases pains and cleanses your eyes. So never be afraid to cry. ဒီနေ့အတွက်စကား အမျိုးမျိုးသောခံစားမှုတွေကို ဘဝအသက်ရှင်သန်နေသေးသရွေ့ခံစားနေရမယ့် ပုတုဇဉ်လူသားတွေအတွက် ငိုကြွေးခြင်းဆိုတဲ့ အချင်းအရာကိစ္စနဲ့ပတ်သက်ပြီးပြောပြထားတဲ့စကားတစ်ခွန်းလည်းဖြစ်ပါတယ်။ လူသားမှန်သမျှ ခံစားတတ်တဲ့နှလုံးသားနဲ့ စိတ် အခြေအနေကိုပိုင်ဆိုင်ထားတဲ့အတွက် ပျော်ရွှင်တဲ့အခါမှာ ပြုံးပျော်ရယ်မောမယ်။ ထို့အတူပဲ။ ဝမ်းနည်းစရာ၊ စိတ်ရှုပ်ထွေးစရာ၊ စိတ်ဓါတ်ကျစရာတွေကို ကြုံရင်တော့ ပူဆွေးသောကတွေနဲ့ ငိုကြွေးတတ်ကြပါတယ်။ တစ်ချို့တွေကတော့ လူတောသူတောထဲမှာလည်း ချုံးပွဲချငိုကြွေးတတ်ကြသလိုတစ်ချို့သောသူတွေကျတော့လည်းကိုယ်ပိုင်ဆိုင်ထားတဲ့ ဂုဏ်တွေကိုလိုက်လို့ ငိုချင် တာတောင်မှ ငိုမရတဲ့အခိုက်အတန့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လောကမှာပိုင်ဆိုင်မှုဂုဏ်ဒြပ်တွေရှိနေရင် လည်းလူဆိုတာလူပါပဲ။ ခံစားတတ်ကြတဲ့သူပါပဲ။ ငိုကြွေးခြင်းကိုလူမြင်ရာမှာမလုပ်ဖြစ်အောင်ထိမ်းသိမ်းရင်းနဲ့ စုဆောင်းပါများလာရင် ပိုပြီးတော့ အပူမီးတွေကများပြားလာနိုင်ပါတယ်။ လူသားမှန်ရင် ခံစားချက်ကိုလိုက်လို့ နေထိုင်ကြတတ်တဲ့သူချည်း
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
10/11/2019 Duração: 10minပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
-
ဒီနေ့အတွက်စကား
10/11/2019 Duração: 03minဒီနေ့အတွက်စကား Putting your love, trust and understanding to each other little by little, day by day is the perfect recipe for a stronger relationship. တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ နားလည်ပေးမှုတွေကိုနည်းနည်းချင်းစီ၊ တစ်နေ့ထက်တစ်နေ့ ပေးဆပ်ပျော်ဝင်နေစေခြင်းက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက် ပြီးပြည့်စုံတဲ့နည်းလမ်းတစ်ခုပါပဲတဲ့။ ကောင်းမွန်ပြည့်စုံတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက် နိုင်ဖို့ ဘယ်လိုအရာတွေကအဓိကလိုအပ်နေသလဲဆိုတာကိုပြောပြထားပါတယ်။ ဒီအရာတွေကဘာကြောင့်လိုအပ်နေသလဲဆိုတာကို အကျယ်တဝင့်လေ့လာကြည့်လိုက်ရအောင်။
-
ဒီနေ့အတွက်စကား
10/11/2019 Duração: 03minဒီနေ့အတွက်စကား Putting your love, trust and understanding to each other little by little, day by day is the perfect recipe for a stronger relationship. တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ နားလည်ပေးမှုတွေကိုနည်းနည်းချင်းစီ၊ တစ်နေ့ထက်တစ်နေ့ ပေးဆပ်ပျော်ဝင်နေစေခြင်းက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက် ပြီးပြည့်စုံတဲ့နည်းလမ်းတစ်ခုပါပဲတဲ့။ ကောင်းမွန်ပြည့်စုံတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက် နိုင်ဖို့ ဘယ်လိုအရာတွေကအဓိကလိုအပ်နေသလဲဆိုတာကိုပြောပြထားပါတယ်။ ဒီအရာတွေကဘာကြောင့်လိုအပ်နေသလဲဆိုတာကို အကျယ်တဝင့်လေ့လာကြည့်လိုက်ရအောင်။ ပထမဆုံးအနေနဲ့တော့ လူနှစ်ယောက်ကြားမှာဆက်ဆံရေးတစ်ခုတည်တံ့ကောင်းမွန်နေစေဖို့အတွက် တစ်ယောက်ကိုတစ်ယောက်မေတ္တာတရားနဲ့ ချစ်ခြင်းဆိုတာတွေ လိုအပ်ပါတယ်။ လူနှစ်ယောက်ကြားမှာမေတ္တာတရားကိုအရင်းခံပြီးချစ်ခြင်းမေတ္တာတွေ ရှင်သန်နေဖို့လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာချစ်ခြင်းမေတ္တာသာမရှိဘူးဆိုရင် ဆက်ဆံရေးတစ်ခုကလည်းဘယ်နည်းနဲ့မှ ကြာရှည်ရှင်သန်နိုင်မှာမဟုတ် ပါဘူး။ နောက်ထပ်အနေနဲ့ နှစ်ယောက်ကြားမှာတစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုဆိုတာလိုအပ်ပါတယ်။ ယုံကြည်မှုမရှိတဲ့ ဆက်ဆံရေးတစ်ခုဟာခိုင်ခံ့မှုမရှိတဲ့ကြိုး
-
ဒီနေ့အတွက်စကား
09/11/2019 Duração: 03minEach heart has some pain only the way of expression is different. Some hide it in their eyes while some hide it in their smile. လောကမှာရှင်သန်ရပ်တည်နေတြ့ ပုတုဇဉ်လူသားဖြစ်နေသေးသရွေ့ အပူမီးတွေကိုခံစားရမှာပါပဲ။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ်နဲ့အမျှရုန်းကန်လှုပ်ရှားနေရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟတွေ နဲ့ အတူ ပတ်ဝန်းကျင်ကပေးတဲ့ ပူပင်သောကတွေကိုပါ ကျွန်တော်တို့ လူသားတွေအနေနဲ့ အနည်းနဲ့အများဆိုသလိုခံစားတတ်ကြပါတယ်။ အဲဒီလိုခံစားတတ်တဲ့အသည်းနှလုံးရှိနေခြင်းကြောင့်လည်းလူတွေရဲ့ သမိုင်းကြောင်းမှာကောင်းကျိုးတွေ အများကြီးဖြစ်ထွန်းခဲ့သလိုရင်နာစရာရင်နင့်စရာအဖြစ်ဆိုးတွေလည်းအများကြီးဖြစ်ပျက်ခဲ့ကြပါတယ်။ အထူးသဖြင့် ကိုယ့်ရင်ထဲ က နာကျင်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ တခြားသောပယောဂတွေကိုမှတ်တေးပြီးအမုန်းမီးအာဃာတတွေ လောင်ကျွမ်းလို့ ကလဲ့ စားဆိုတဲ့ မဆုံးတဲ့ သံသရာတစ်ခုရဲ့ ပူလောင်ခြင်းတွေကိုစတင်ခဲ့ကြသူတွေကလည်းအများကြီးရှိခဲ့ပါတယ်။ ရန်ကိုရန်ခြင်းတုန့် နှင်းခြင်းနဲ့ စစ်ပွဲတွေလည်းဒီကမ္ဘာမှာများခဲ့ပါပြီ။
-
ဒီနေ့အတွက်စကား
08/11/2019 Duração: 03minဒီနေ့အတွက်စကား Progress is impossible without change, and those who cannot change their minds cannot change anything. ဒီစကားကိုပြောကြားခဲ့တဲ့ ကမ္ဘာကျော် မဟာလူသားကတော့ စာပေဆိုင်ရာနိုဘယ်ဆုရှင်တစ်ဦးလည်းဖြစ်တဲ့ အိုင်ယာလန်လူမျိုး ပြဇာတ်ရေးဆရာ George Bernard Shaw ပဲဖြစ်ပါတယ်။ အားလုံးကြားသိလိုက်ရတဲ့အတိုင်းပါပဲ။ ဒီစကားကတော့ Change ပြောင်းလဲခြင်းဆိုတဲ့အကြောင်းအရာရဲ့ အရေးပါ ပုံကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီစကားက ကျွန်တော့်တို့ လူသားတွေအတွက်တော့ တကယ့်ကိုမှ အရေးပါတဲ့ စကားတစ်ခွန်းပါ။ ကျောက်ခေတ်မှာရှင်သန်ခဲ့ရတဲ့ ဂူတွင်းအောင်းလူသားတွေဘဝကနေ အခုဆိုရင် နောက်ဆုံးပေါ်အကောင်းဆုံးဆိုတဲ့ အဆောင်အယောင်ပစ္စည်းတွေကိုကိုင်တွယ် အသုံးပြုနိုင်တဲ့ တိုးတက်တဲ့ခေတ်ကလူသားတွေဖြစ်လာခဲ့တာကလည်းပြောင်းလဲခြင်းဆိုတဲ့ အရာကိုလူသားတွေလုပ်ဆောင်ခဲ့ လို့ပါပဲ။ ဒါကြောင့် တိုးတက်ဖွံ့ဖြိုးခြင်းဆိုတဲ့စကားလုံးနဲ့ ပြောင်းလဲခြင်းဆိုတဲ့စကားလုံးဟာသိပ်ကိုမှ နီးစပ်ပြီးပတ်သက်နေတဲ့ အရာတွေဖြစ်ပါတယ်။
-
ဒီနေ့အတွက်စကား
08/11/2019 Duração: 03minဒီနေ့အတွက်စကား Some people always smile because they know smiling is easier than explaining why they are sad. ဒီနေ့အတွက်စကား တစ်ချို့သောလူတွေကအမြဲတမ်းပြုံးနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြုံးနေခြင်းဆိုတာသူတို့ဘာကြောင့်ဝမ်းနည်းနေရလဲ ဆိုတာကိုရှင်းပြနေရတာထက်ပိုလွယ်ကူကြောင်းသူတို့နားလည်ထားလို့ပါတဲ့။ အပြုံးတစ်ပွင့် ရဲ့ စွမ်းဆောင်နိုင်စွမ်းကိုရည်ညွှန်းဖော်ပြထားတဲ့စကားတစ်ခွန်းပါ။
-
-